Heineken Beer
Heineken Beer

သေနတ်ပစ် သင်တန်း တက်ရောက်မယ့် အောင်ရဲလင်း

သေနတ်ပစ် သင်တန်း တက်ရောက်မယ့် အောင်ရဲလင်း
February 22, 2018 AsianFame MediaGroup

မတ်လမှာ တရုတ်ပြည်နယ်စပ်မှာ ရိုက်ကူးမယ့် အက်ရှင်ရိုမန့် ရုပ်ရှင်ဇာတ်ကားကြီးအတွက် အောင်ရဲလင်းက ဖေဖော်ဝါရီလမှာ ဇာတ်ကားရိုက်ကူး မှုတွေ နားပြီး သေနတ်ပစ်သင်တန်းတက်ရောက်တော့မှာဖြစ်ပါတယ်။ ဇာတ် ကားတစ်ကားမရိုက်ကူးခင် ဇာတ်ကားမှာပါဝင်ရမယ့် လိုအပ်ချက်တွေကို အမြဲတမ်း ကြိုတင်ပြင်ဆင်လေ့ရှိတဲ့ အောင်ရဲလင်းက…

”မတ်လမှာ ရိုက်ကူးမယ့် ဇာတ်ကားကို အစ်ကို ဇာတ်လမ်းကို ကြိုက်လို့လက်ခံဖြစ်ခဲ့တာ။ ဒီဇာတ်ကားက အက်ရှင်ဆင်းတွေက story book တွေ သေချာဆွဲပြီးရိုက်ကူးမယ်။ graphic designer တွေလည်း ပါမှာပေါ့။ ဒီဇာတ်ကားအတွက် ပြင်ဆင်မှုအနေနဲ့ အစ်ကို သေနတ်ပစ်သင်ရမယ်။ ဇာတ်ကားထဲမှာ ကော်ပီပြင်ချင် လို့ သေနတ်ပစ်သင်တန်း တက်မယ်။ အခု အဲဒီဟာ ကို အချိန်ပေးမယ်။ အက်ရှင်ကားမျိုး ရိုက်မယ်ဆိုတာက အချိန်ပေးမှကိုရမှာ” လို့ပြောပါတယ်။

အခုနောက်ပိုင်းမှာတော့ ဇာတ်ကားတွေကို အရင်ကထက်ပို စိစစ်ပြီး ရိုက်ကူးဖြစ်နေတဲ့ အောင်ရဲလင်းက လတ်တလောမှာ ဒါရိုက်တာ ကြည်ဖြူသျှင် ရိုက်ကူးတဲ့ ‘နှလုံးသားဆီသို့ လျှို့ဝှက်တံခါး ဗီဒီယို ဇာတ်ကားလေးကို ခင်ဝင့်ဝါ နဲ့အတူ ရိုက်ကူးနေပါတယ်။ ဇာတ်လမ်းရွေးချယ်ဖြစ်ပုံနဲ့ပတ်သက်ပြီး အောင်ရဲ လင်းက”ဇာတ်တွေကို နည်းနည်းမာတဲ့ ကာရိုက်တာကို ပိုပြီးရွေးဖြစ်တယ်။ အဲဒါဆိုရင် ဇာတ်လမ်းလည်း ပြောင်းသွားတယ်။ နောက်ပိုင်းရုပ်ရှင်ကားကြီး တွေဆိုလည်း အစ်ကို ကာရိုက်တာကို သေချာရွေးချယ်ပြီး ရိုက်ကူး မှာဖြစ်တဲ့အတွက် အဲဒီကာရိုက်တာအပေါ်မှာ လိုအပ်တာတွေ သင်ယူမှုတွေ လုပ်သွားမယ်” လို့ပြောပါတယ်။

တွယ်တာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*