Heineken Beer
Heineken Beer

အထူးဆုများလည်း ပေးအပ်သွားမယ့် ယခုနှစ်အကယ်ဒမီဆုပေး

အထူးဆုများလည်း ပေးအပ်သွားမယ့် ယခုနှစ်အကယ်ဒမီဆုပေး
February 22, 2018 AsianFame MediaGroup

 

ယခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ အနုပညာရှင်၊ အတတ် ပညာရှင်များအတွက် အကယ်ဒမီ ၁၁ ဆုအပြင် အထူးဆုများလည်း ပေးအပ် သွားမှာဖြစ်တဲ့အတွက် ဆုများရရှိဖို့ မျှော်လင့်ချက် ပိုရှိနိုင်မယ်လို့ မြန် မာနိုင်ငံအစည်းအရုံး ဒုဥက္ကဌ ဦးအေးကြူလေးက ဆိုပါတယ်။ ”အထူးဆုက မနှစ်ကတည်းကပြောင်းလဲတာပါ။ ဟိုးတုန်းကတော့ကလေး သရုပ်ဆောင် ထူးခြားရင် သူကဇာတ်ပို့ထဲလည်းမပါဘူး။ အဓိက ဇာတ်ဆောင်ထဲလည်းမပါတော့ အထူးဆုပေးတာ။ မနှစ်ကစပြီးတော့ အထူးဆုဆိုတာ တခြားပညာရပ် တွေမှာ ထူးခြားရင်လည်းပေးမယ် ဆိုပြီးဖြစ်လာတာ။ ၁၁ ဆုထဲမှာမပါဘူးပေါ့။ ဥပမာ မိတ်ကပ်မှာထူးခြားရင် မိတ်ကပ်အထူးဆု special effect ပေါ့။ အရင် တုန်းက ကလေးသရုပ်ဆောင်မပါရင် ကျန်တာ မျှော်လင့်ချက်မရှိတော့ဘူး။ အခုက တော့ ဆုရဖို့က မျှော်လင့်ချက်ပိုရှိတာပေါ့” လို့ ပြောပါတယ်။ အရင် နှစ်တွေနဲ့ မတူအပြောင်းအလဲများစွာရှိတဲ့ ယခုနှစ် ပွဲမှာ အကယ်ဒမီအ ကဲဖြတ် အမှတ် ပေးတဲ့ပုံစံလည်းပြောင်းလဲထားတယ်လို့ ဦးအေးကြူလေးက ပြောပါတယ်။

”ဒီနှစ်အမှတ်ပေးတဲ့စနစ်။ မနှစ်ကတုန်းက သရုပ်ဆောင်တွေ ဆိုရင် သရုပ်ဆောင်အကယ်ဒမီ ဘုတ်အဖွဲ့ဝင်အကုန်လုံးက အမှတ် ပေးတာ။ ဒီနှစ်ကျ တော့ သရုပ် ဆောင်အလွှာအတွက် ရွေးထားတဲ့လူ ၅ယောက်က ပဲ ပေးရတယ်။ ဥပမာ ၇ဖွဲ့ရှိတယ်။ ဇာတ်ညွှန်းဆို ဇာတ်ညွှန်းအဖွဲ့ရဲ့ ခေါင်းဆောင် တစ်ယောက်ရှိတယ်။ ဒါရိုက်တာဆို ဒါရိုက်တာ အဖွဲ့ရဲ့ခေါင်းဆောင်တစ် ယောက်ရှိတယ်။ ဓာတ်ပုံဆိုလည်း ဓာတ်ပုံအဖွဲ့ရဲ့ခေါင်းဆောင်တစ်ယောက် ရှိတယ်။ အဲဒီလိုခေါင်းဆောင် ၇ ယောက်ရှိတယ်။ သရုပ်ဆောင်ဆုကို ရွေးမယ် ဆိုရင် သရုပ်ဆောင်တွေရယ် ခေါင်းဆောင် ၇ ယောက်ရယ် ပေးတဲ့မဲပဲ။ ဇာတ်ညွှန်းကိုပေးမယ်ဆိုရင် ဇာတ်ညွှန်းက ၅ယောက်ရှိမယ်ဆိုရင် ခုနက ခေါင်းဆောင် ၇ယောက်ရယ် ပေးတဲ့မဲပဲဆုံးဖြတ်မှာပါ။ မဲအားဖြင့်တော့ပေး မယ့်လူကနည်းသွားတယ်။ ဒါပေမဲ့ ဆုံးဖြတ်ရတာတော့ နည်းနည်းလွယ် တာပေါ့။ ဇာတ်ကားဆုကျတော့ ဘုတ်အဖွဲ့ဝင်တွေ အားလုံးကပေးရမယ်။ အဲဒီလိုပုံစံပြောင်းသွားတယ်” လို့ ဆိုပါတယ်။ ပွဲအခမ်းအနားအတွင်း ကော် ဇောနီလျှောက်လှမ်း တစ်ဖက်တစ်ချက်မှာလည်း ဂန္ထဝင်ရုပ်ရှင် ဇာတ်ကားများကို ပန်းချီရေးဆွဲထားတဲ့ ဘုတ်များထောင် ထားမှာဖြစ်ကြောင်း လည်း သိရပါတယ်။ ဒါ့အပြင် မှတ်တမ်းအနေနဲ့ယူရန်အတွက် ရွှေစာအုပ်၊ ငွေစာအုပ်များကို ထားရှိ သွားမှာဖြစ်ကာ အကယ်ဒမီရရှိပြီးသူများက ရွှေစာအုပ်မှာ လက်မှတ်ထိုး ရမှာဖြစ်ပြီး ကျန်သောအနုပညာရှင်၊ အတတ်ပညာရှင်များက ငွေစာအုပ်မှာ လက်မှတ်ထိုးဖို့အတွက်လည်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*