Heineken Beer
Heineken Beer

သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့အတွက် ဇာတ်ကားရဲ့ ကာရိုက်တာကို အကောင်းဆုံး ကြိုးစား ဖြစ်တယ် ကျော်ကျော်ဗို

သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့အတွက် ဇာတ်ကားရဲ့ ကာရိုက်တာကို အကောင်းဆုံး ကြိုးစား ဖြစ်တယ် ကျော်ကျော်ဗို
February 22, 2018 AsianFame MediaGroup

သရုပ်ဆောင်ကျော်ကျော်ဗိုက ‘ကမ္ဘာကျော်ရွာ’ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ နေတိုးနဲ့အတူ ပါဝင်သရုပ်ဆောင်ထားတာကိုလည်း တွေ့ရပါတယ်။ သူ့အနေနဲ့ နေတိုးနဲ့အတူ ဟာသကာရိုက်တာကို ဖန်တီးရတဲ့ အပေါ်မှာတော့ ကျော်ကျော်ဗိုက…

”ဒီဇာတ်ကားက ကျွန်တော်နဲ့ နေတိုးတို့ ရိုက်ကူးနေတာကြာပြီ။ ၃ နှစ်လောက်တောင်ရှိပြီ။ ဒီဇာတ်ကား ရဲ့ အဓိကရည်ရွယ်ချက်က တစ်ခုခုကို အစွန်းမရောက်ဖို့ ပြောချင်တယ်။ ကျွန်တော်နဲ့နေတိုးက အလုပ်အတူတူ လုပ်နေကျဆိုတော့ အပေးအယူ တည့်ပြီးသားပါ။ တစ်ယောက်နဲ့ တစ်ယောက် တိုင်ပင်ပြီး အမြဲကြိုး စားကြတယ်။ ဒီဇာတ်ကားက ရိုးရိုးဟာသဇာတ်ကားလေးဖြစ်တဲ့အတွက် ပရိသတ်အမြင်မှာ တစ်မျိုးဖြစ်စေနိုင်တာလည်းရှိတယ်။ ကျွန်တော်တို့က ငိုအောင်လည်း ဖျော်ဖြေရသလို ရယ်အောင် လည်း ဖျော်ဖြေရတယ်။ စိတ်လှုပ်ရှားအောင်လည်း ဖျော်ဖြေ ရသလို၊ ကြောက်အောင်လည်း ဖျော်ဖြေပေးရတာရှိတယ်။ ပျော်စရာကိုလည်း ပျော်ပြီးပြီးရောမဟုတ်ဘဲ အကောင်းဆုံး ကြိုးစားထားပါတယ်” လို့ ပြောပါတယ်။ ကျော်ကျော်ဗိုက ဇာတ်ကားတစ်ကားရဲ့ ကာရိုက်တာ အတွက်ဆိုရင် အကောင်း ဆုံးကြိုးစားဖို့ ပြင်ဆင်တယ်ဆိုတဲ့အကြောင်းကိုတော့ …

”အခုကျွန်တော် မဟူရာ ရုပ်ရှင်ဇာတ်ကားရိုက်ကူး နေတယ်။ ကျွန်တော်ရယ်၊ နေတိုး၊ မင်းသွေးရယ် ရိုက်ကူးနေ တယ်။ ကျွန်တော် ကြွက်သားတွေ ရှိတာကိုကြိုက်တယ်။ ဟိုတုန်းကပျင်းလို့မကစားဖြစ်ဘူး။ အခုနောက်ပိုင်း Rose Rider ရိုက်ကူးပြီးတော့ ခန္ဓာကိုယ် ထိန်းသိမ်းဖြစ်တယ်။ ကျွန်တော်ဘယ်လောက်အထိ ပိန်ရမယ်ဆိုပြီးတော့ မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်ဇာတ်ကား ကာရိုက်တာတွေအတွက် အကောင်း ဆုံးကြိုးစားနေတယ်။ ဇာတ်ကားကာရိုက်တာဖက်တီးဇာတ်ရုပ်အ တွက်လုပ်ရမယ်ဆိုလည်း အစားအသောက်တွေပြန်စားပြီးတော့ ဝအောင် ပြန်လုပ်ရမှာပေါ့”လို့ ဆိုပါတယ်။

ချယ်ရီ၊

ဓာတ်ပုံ-ဇော်ဝင်းအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*