ကျူး စာကြည့်တိုက်

ကျူး စာကြည့်တိုက်
February 21, 2018 AsianFame MediaGroup
ကျူး စာကြည့်တိုက်

အလုပ်ပြီးချိန် ညခင်းတွေမှာ မိတ်ဆွေဘာလုပ်သလဲဆိုတာက မိမိရဲ့ အနာဂတ်ကို ဆုံးဖြတ်ပေးပါ လိမ့်မယ်။ အလုပ်ချိန် ညနေ ၆ နာရီ မှာပြီးပြီးတော့ ညသန်းခေါင် ၁၂ နာရီ မှ အိပ်ရာဝင်တယ်ဆိုပါစို့။ ဒီကြားထဲ ၆ နာရီကို မိတ်ဆွေ ဘာတွေလုပ်ပြီး ဘယ်လို အသုံးချပါသလဲ။ ဘီယာ ဆိုင်ထိုင်တာလား၊ လက်ဖက်ရည် ဆိုင်ထိုင်တာလား၊ ဘောလုံးပွဲကြည့် နေတာလား၊ အင်တာနက်ဂိမ်းဆော့ နေတာလား၊ ဖေ့စ်ဘုတ်ခ်သုံးနေသလား၊ စာအုပ်ကိုင်ပြီး စာဖတ်နေသလား၊ ဈေးဝယ်စင်တာတွေ သွားနေတာလား၊ ရုပ်ရှင်ကြည့်နေတာလား၊ တီဗီကြည့် တာလား။ တကယ်တော့ အဲဒီအား လပ်ချိန်ကို အကျိုးရှိအောင် ဘယ်လို အသုံးချတယ်ဆိုတာက ထင်ထား တာထက် ပိုအရေးကြီးပါတယ်။

ကဗျာတွေ ဖတ်စေချင်ပါတယ်။ စာတွေ၊ ဝတ္ထုတွေကို ဖတ်စေချင်ပါ တယ်။ ရသစာပေတွေ ဖတ်စေချင် သလို သုတစာပေတွေကိုလည်း ဖတ် စေချင်ပါတယ်။ စာဖတ်ချင်သူများ အတွက် စာကြည့်တိုက်တွေရှိစေချင် ပါတယ်။ စာကြည့်တိုက်တွေမှာ စာ အုပ်တွေရှိစေချင်ပါတယ်။ စာအုပ် ငှားဖတ်သူတွေလည်းရှိစေချင်ပါတယ်။

စာကြည့်တိုက်ဆိုရင် အမိုးအကာ လုံလုံ ၊ ဘေးအကာလုံလုံနဲ့ စာကြည့် စင်လေးတွေပေါ်မှာ စာအုပ်လေး တွေ အစီအရီစီထားတာကိုပဲ ကျွန် တော်က မျက်လုံးထဲပြေးမြင်မိပါ တယ်။ ဒါပေမဲ့ ကျွန်တော့်အမြင် မှားယွင်းသွားကြောင်း ဟင်္သာတ စာ ပေဟောပြောပွဲကိုသွားတော့မှပဲ သိ ခဲ့ရပါတယ်။ အဲဒါကတော့ ဟင်္သာတ အခမဲ့ရွေ့လျား စာကြည့်တိုက်လေး ကိုတွေ့ရမှ ဒါစာကြည့်တိုက်ပါလား လို့ သိလိုက်ရပါတယ်။ ဟင်္သာတ အခမဲ့ရွေ့လျား စာကြည့်တိုက်လေး ဟာ သစ်ပင်တန်းလေးနားမှာ မြေ ကွက်လပ် မကျဉ်းမကျယ်လေးမှာ အ မိုးလုံ တဲလေးများကို စီတန်းထားပြီး စာအုပ်လေးတွေကို ငှားပေးနေတာ ပါ။ အဲဒီစာကြည့်တိုက်လေးဟာ စာ ကြည့်တိုက်နာယကဆရာတော်အရှင် တေဇိန္ဒမိန့်ကြားသလို ကျုးကျော် စာကြည့်တိုက်လေးပါ။ အဲဒီကျူး ကျော် စာကြည့်တိုက်လေးဟာ ကိုယ့်အားကိုယ်ကိုးပြီး စာအုပ်တွေ ကို အခမဲ့ ငှားပေးလာတာ တစ်နှစ် ပြည့်သွားပါပြီ။စာကြည့်တိုက် တစ် နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စာပေဟောပြောပွဲ ကြီးကိုတော့ ကြီး ကျယ်ခမ်းနားစွာ ကျင်းပနိုင်ခဲ့ပါပြီ။

ဟင်္သာတအခမဲ့ ရွေ့လျားစာကြည့် တိုက်လေးကိုကြည့်ပြီး ကျွန်တော့်ရင်ထဲ နာကျင်ရပေမယ့် ဒီလို ကျုးစာကြည့် တိုက်လေးတွေရှိနေလို့ မြို့နေလူထု စာဖတ်ခွင့်ရ၊ လူငယ်တွေစာဖတ်ခွင့် ရနေလို့လည်း စာကြည့်တိုက်အဖွဲ့ သားတွေကို ကျေးဇူးတင်မိပါတယ်။ ဟင်္သာတအခမဲ့ရွေ့လျား စာကြည့် တိုက်ထူထောင်သူဂုရု( ကိုဝင်းသန့်ဖြိုး လှိုင်)က… ”ကျွန်တော်တို့ မြန်မာလူမျိုးတွေ အလှူအတန်းအရာမှာ လက်မနှေး ပဲ အလွန်ရက်ရောလှတဲ့ လူမျိုးတွေ ပါ။ အင်မတန်ဝမ်းသာပီတိဖြစ်ရပါ တယ်။ အဲဒီလို လှူဒါန်းမှုပြုရာမှာ အလှူရှင်၂ မျိုးကို တွေ့ရပြန်ပါ သေးတယ်။

၁။ ယတိပြတ် အလှူရှင်

၂။ သံယောဇဉ် မပြတ်သည့် အလှူ ရှင် – ဆိုပြီးတွေ့ရပါတယ်။

ကျွန်တော် ကြုံတွေ့ဖူးတာလေး ကို(စာကြည့်တိုက်နဲ့ ပတ်သက်၍) ပြောပြပါမယ် ။

တစ်ခါက အလှူရှင် တစ်ဦးမှ ကျွန်တော်တို့ စာကြည့်တိုက်လေး အတွက်စာအုပ်တွေ လှူဒါန်းဖို့ ဆက် သွယ်လာပါတယ် ။ စာကြည့်တိုက်မှ စာအုပ်တွေကို အခမဲ့ငှားရမ်းတာ မှာ မည်သို့မည်ပုံငှားရမ်းပါသလဲလို့ မေးမြန်းပါတယ်။ ကျွန်တော်လည်း စာကြည့်တိုက်လေးရဲ့အဓိက ရည် ရွယ်ချက်နဲ့ လုပ်ဆောင်ပုံလေးကို ရှင်းပြခဲ့ပါသည်။ ရှင်းပြတယ်ဆိုတာ ကလည်း လွယ်လွယ်လေးပါ။ စာမ ဖတ်တဲ့သူကို စာဖတ်လာစေဖို့နဲ့ စာဖတ်တဲ့သူကို အဆင်ပြေချော့မွေ့ လွယ်ကူစွာ အခမဲ့ ငှားရမ်းလို့ရနိုင် ဖို့ရည်ရွယ်ပြီး စာဖတ်သူတွေလက် ကို စာအုပ်တွေတိုက်ရိုက် ရောက် အောင်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ပါ တယ်။ စာဖတ်သူတွေ အခက်အခဲ မရှိစေဖို့ စာဖတ်သူရဲ့အမည်နဲ့ (နေရပ်လိပ်စာအတိအကျ အစား) လမ်းအမည်လောက်သာ တောင်းယူ ခဲ့ပါတယ်။ ဖုန်းနံပါတ်တောင်း ယူ ခြင်းကိုလည်း ကျွန်တော်မလုပ် ချင်ပါ။ ပြောလွန်းမက ပြောလာတဲ့ အတွက် စာဖတ်သူကိုအားနာစွာနဲ့ ဖုန်းနံပါတ်တောင်းယူခဲ့ရပါတယ်လို့ အလှူရှင်ကို ရှင်းပြတဲ့အခါ အလှူ ရှင်မှ သူတို့လှူတဲ့စာအုပ်တွေ ပျောက်မှာ စိုးရိမ်တယ်။ သူတို့ လှူတဲ့ စာအုပ်တွေကို စာကြည့်တိုက်မှာ အမြဲရှိနေဖို့ ကျွန်တော်တို့က ထိန်း သိမ်းပေးနိုင်မှာလားလို့ မေးမြန်း လာပါတယ်။ ဒီအခါမှာ ကျွန်တော်ရဲ့ ရည်ရွယ်ချက်ကို ထပ်ရှင်းပြရပါ တော့မည်။ ကျွန်တော်အခုလို အခမဲ့ ငှားရမ်းတဲ့အခါမှာလည်း စာအုပ် တွေ ပျောက်ဆုံးမှာကို ကျွန်တော် မနှမြောပါ။ စာဖတ်သူ ဆုံးရှုံးသွား မည်ကိုသာ ကြောက်ရွံ့မိပါတယ်။ စာဖတ်သူ (စာကြည့်တိုက်တွင် စာ အုပ်ငှားရမ်းသူ)များကို ကျွန်တော် ပြောလေ့ရှိသည့်စကားရှိပါသည်။ အစ်ကိုတို့၊ အစ်မတို့ ကျွန်တော်တို့ စာကြည့်တိုက်မှငှားသည့် စာအုပ် တွေ ပျောက်ဆုံးသွားတာ၊ သဘာဝ ဘေးအန္တရာယ်ကြောင့် ပျက်စီးသွား လို့ရှိရင် စိတ်မညစ်ပါနဲ့။ မစိုးရိမ်ပါနဲ့။ အစ်ကိုတို့၊ အစ်မတို့ ငှားသွားတဲ့ စာအုပ်အရေအတွက် (၃) အုပ်ရှိ သော် တစ်အုပ်ပျောက်လျှင် ကျန်(၂)သာလျှင်ပြန်လာအပ်ပါ။ စိတ်မပူကြ ပါနဲ့ ။ ( စာအုပ်ပျောက်ဆုံး ပျက်စီး လို့ပဲဖြစ်ဖြစ် သို့မဟုတ် မိမိတန်ဖိုး ထား၊ မြတ်နိုးလို့ လိုချင်လို့ပဲဖြစ်ဖြစ် တစ်အုပ်တလေယူထားမိရင် ကျန် စာအုပ်များကိုပါ စာကြည့်တိုက်သို့ မအပ်နှံတော့ဘဲ စာကြည့်တိုက်ကို မလာရဲတော့သည့်အဖြစ်မျိုးတွေ ရှိတတ်ပါတယ်။) ကျန်တဲ့ စာအုပ်ကို ပဲ လာရောက်အပ်နှံလဲလှယ် ဆက် လက်ငှားရမ်းပေးပါ။ ကျွန်တော် စာ အုပ်ကိုအဆုံးခံပါ့မယ်။ စာဖတ်သူကို တော့ အဆုံးရှုံးမခံနိုင်ပါဘူးလို့ အမြဲ ရှင်းပြလေ့ရှိပါတယ်။ ဒါက ကျွန် တော်၏ အဓိကရည်ရွယ်ချက်ပါ။

အလှူရှင်များကို ပြောလိုသည် မှာ ကျွန်တော်တို့ စာကြည်တိုက်ဟာ အလှူရှင်များရဲ့ (စာအုပ်၊ အလှူငွေ) လှူဒါန်းမှုများနဲ့ ရပ်တည်ပြီး စာ ကြည့်တိုက်လေးဖြစ်ပေါ်လာရခြင်း ဖြစ်ပါတယ်။ အလှူရှင်များအနေ ဖြင့်လည်း စာကြည့်တိုက်သို့ စာအုပ် များ လှူဒါန်းတဲ့အခါမှာလည်း စာအုပ်ငှားသည့် ပုံစံမျိုးမဟုတ်ဘဲ (စာအုပ်တွေ ပျောက်မှာ စိုးရိမ်သည်။မပျောက်ပျက်အောင် ထိန်းသိမ်းပေး နိုင်မှာလားဆိုတဲ့မေးခွန်းမျိုးဟာ ယ တိပြတ်လှူဒါန်းတဲ့စိတ်မျိုး မဟုတ် ဘဲ ကျွန်တော်တို့ကိုပြန်လည်ငှားရမ်း မယ့်ပုံစံမျိုးဖြစ်နေပါတယ်။)ကျွန်တော် တို့နဲ့ ရည်ရွယ်ချက်တူမှ ယတိပြတ် လှူဒါန်းပေးပါရန် တိုက်တွန်းလိုပါ တယ်။

လူကြီးမင်းတို့ရဲ့ စေတနာကို စော်ကားလိုစိတ်မရှိပါ။ ကျွန်တော်၏ ရည်ရွယ်ချက်မပျောက်ပျက်စေလို ခြင်းဖြစ်ပါတယ်။ ကျွန်တော်၏ အဓိကရည်ရွယ်ချက်မှာ-စာမဖတ်တဲ့ သူကို စာဖတ်လာစေဖို့နဲ့ စာဖတ် တဲ့သူကို အဆင်ပြေချော့မွေ့ လွယ် ကူစွာ အခမဲ့ငှားရမ်းလို့ ရနိုင်ရန် ရည်ရွယ်ပြီးစာဖတ်သူတွေ လက်ကို စာအုပ်တွေတိုက်ရိုက်ရောက် အောင် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ပါသည်။ ကျွန်တော့်အနေနဲ့ စာအုပ်များကို အဆုံးခံမည်။ စာဖတ်သူတွေကိုတော့ အဆုံးရှုံး မခံနိုင်ပါခင်ဗျာ။ အခုလည်း စာအုပ်တွေ တော်တော်လေးလျော့ လာပါတယ်။ ဒါပေမဲ့ ကျွန်တော် ပျော်ပါတယ်။ ထပ်ဖြည့်နိုင်အောင် တော့ကြိုးစားရပါဦးမယ်။ စာအုပ် အလှူရှင်များကိုလည်း ဖိတ် ခေါ်အပ်ပါတယ်ခင်ဗျာ”လို့ ကိုဝင်း သန့်ဖြိုးလှိုင် (ဖုန်း- ဝ၉၄၄၂ဝ၉၄၈၇၇ ဟင်္သာတ အခမဲ့ရွေ့လျားစာကြည့် တိုက်)က ပြောပြပါတယ်။

စာအုပ်များကိုသာ အဆုံးရှုံးခံ ပြီး စာဖတ်သူတွေဆုံးရှုံးမှာကြောက် တဲ့ စာကြည့်တိုက်ထူထောင်သူ ဂုရု လိုလူမျိုး များများပေါ်ပေါက်စေ ချင်ပါတယ်။ ဒါ့အပြင် ယတိပြတ် အလှူရှင်တွေလည်း များများပေါ် စေချင်ပါတယ်။

မြန်မာနိုင်ငံမှာလည်း ဟင်္သာတ အခမဲ့ ရွေ့လျား စာကြည့်တိုက် လို ကျုးစာကြည့်တိုက်တွေ အများကြီး ဖြစ်ပေါ်စေချင်ပါတယ်။ ဒါ့အပြင် မြေနေရာသီးသန့် ရရှိပြီး အမိုးအကာ လုံခြုံစာအုပ်စင်တန်းလေးတွေ စီတန်း ထားတဲ့ ဟင်္သာတအခမဲ့ရွေ့လျား စာ ကြည့်တိုက်ကြီးကိုလည်းကျွန်တော် မြင်ချင်တွေ့ချင်ပါသေးတယ်။

မြန်မာနိုင်ငံ မှာ စာကြည့်တိုက် တွေ အရေအတွက်ဘယ်လောက်များ ရှိနေသလဲ။ စာကြည့်တိုက်အမည်ခံ ဆိုင်းဘုတ်သာတင်ထားပြီး ပိတ်ထား ရတဲ့စာကြည့်တိုက်တွေ ဘယ်လောက် ရှိနေသလဲ။ စာကြည့်တိုက်သာ ဖွင့် ထားပေမယ့် စာလာဖတ်သူမရှိ၊ စာအုပ်လာငှားသူမရှိတဲ့ စာကြည့် တိုက်တွေရော ဘယ်လောက်ရှိ နေသလဲ။

ဒီ…ကျူးစာကြည့်တိုက်လေး ကတော့ ရသစာပေနဲ့ စိတ်အလင်း တံခါးများဖွင့်ပေးလို့ စာဖတ်သူတို့ အသိဥာဏ် ပညာဘဏ်တိုက်ကြီး တစ်ခုအဖြစ် တည်ရှိနေတာမို့ ဂုဏ် ယူခံစားဖွယ် ကောင်းလှပေရဲ့။

အော်…ကျူး စာကြည့်တိုက် …ကျူး စာကြည့်တိုက်။

ညိုသစ်ငယ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*