Heineken Beer
Heineken Beer

ကိုယ်ပိုင် ထုတ်လုပ်ရေးနဲ့ ဇာတ်ကားတွေ ရိုက်ကူး သွားတော့မယ့် ဝါဆိုမိုးဦး

ကိုယ်ပိုင် ထုတ်လုပ်ရေးနဲ့ ဇာတ်ကားတွေ ရိုက်ကူး သွားတော့မယ့် ဝါဆိုမိုးဦး
February 14, 2018 Leanne Win

ကိုယ်ပိုင်ထုတ်လုပ်ရေးလုပ်ပြီး ဗီဒီယိုဇာတ်ကား ၅ကားနဲ့ ရုပ်ရှင် ကားကြီးတစ်ကားရိုက်ကူးဖို့ စီစဉ်နေကြောင်း ဝါဆိုမိုးဦးကပြော ပါတယ်။ ၂ဝ၁၇ခုနှစ်တုန်းက တစ်ကိုယ်တော်အခွေနဲ့ပဲ အချိန်ကုန်နေတဲ့ အတွက် ၂ဝ၁၈ခုနှစ်မှာ ရုပ်ရှင်ဘက်ကို ပြန်ဦးလှည့်တော့မယ့် ဝါဆိုမိုး ဦး က”၂ဝ၁၇ခုနှစ်တုန်းက ဝါဆို ‘မိုက်လားပြောကြည့်’ အခွေလုပ်နေ တဲ့ အချိန်မှာ ဇာတ်ကားလုံးဝမရိုက်ဖြစ်ဘူးဖြစ်နေတယ်။ တချို့ပရိသတ် တွေက ဇာတ်ကားတွေမရိုက်တော့ဘူးလား၊ မရိုက်ရတာလားမေးကြတယ်။ မရိုက်ရတာမဟုတ်ပါဘူး။ မရိုက်တော့တာ။ အဲဒီတစ်နှစ်ကျော်ကျော် လောက်ကို မြူးဇစ်နဲ့ပဲ ဝါဆိုအခြေချဖြစ်တယ်။

၂ဝ၁၇ခုနှစ်မှာ ဝါဆိုရဲ့ ‘မိုက်လားပြောကြည့်’ အခွေ ထွက်တယ်။ အခု ၂ဝ၁၈ခုနှစ် မှာတော့ ဝါဆိုကိုယ်တိုင် ရုပ်ရှင်ထုတ်လုပ်မှုလုပ်မယ်။ အခု ၁၄ရက်နေ့မှာပဲ ဇာတ်ကားတစ်ကားရိုက်ဖို့ရှိတယ်။ အချစ်ဇာတ်ကားပါ။ ကိုဇေရဲ ထက်ရယ်၊ ဝါဆိုရယ်၊ ရွှေကေသရီရယ်၊ ဒါရိုက်တာကတော့ ကို သားညီပါ။ အချစ် ဇာတ်လမ်း လေး တစ်ပုဒ်ရိုက် ထားပါ တယ်။ ဗီဒီယိုဇာတ်ကားလေးပါပဲ။ ဗီဒီယို၅ကားလောက် ရိုက်ပြီးမှ ရုပ်ရှင်ကားကြီးတစ်ကား ရိုက်ဖို့စီစဉ်ထားတာပါ” လို့ ပြောပါတယ်။ကိုယ်ပိုင်ထုတ်လုပ်ရေးလုပ်ပြီး ဗီဒီယိုဇာတ်ကား ၅ကားနဲ့ ရုပ်ရှင် ကားကြီးတစ်ကားရိုက်ကူးဖို့ စီစဉ်နေကြောင်း ဝါဆိုမိုးဦးကပြော ပါတယ်။

၂ဝ၁၇ခုနှစ်တုန်းက တစ်ကိုယ်တော်အခွေနဲ့ပဲ အချိန်ကုန်နေတဲ့ အတွက် ၂ဝ၁၈ခုနှစ်မှာ ရုပ်ရှင်ဘက်ကို ပြန်ဦးလှည့်တော့မယ့် ဝါဆိုမိုး ဦး က”၂ဝ၁၇ခုနှစ်တုန်းက ဝါဆို ‘မိုက်လားပြောကြည့်’ အခွေလုပ်နေ တဲ့ အချိန်မှာ ဇာတ်ကားလုံးဝမရိုက်ဖြစ်ဘူးဖြစ်နေတယ်။ တချို့ပရိသတ် တွေက ဇာတ်ကားတွေမရိုက်တော့ဘူးလား၊ မရိုက်ရတာလားမေးကြတယ်။ မရိုက်ရတာမဟုတ်ပါဘူး။ မရိုက်တော့တာ။ အဲဒီတစ်နှစ်ကျော်ကျော် လောက်ကို မြူးဇစ်နဲ့ပဲ ဝါဆိုအခြေချဖြစ်တယ်။ ၂ဝ၁၇ခုနှစ်မှာ ဝါဆိုရဲ့ ‘မိုက်လားပြောကြည့်’ အခွေ ထွက်တယ်။ အခု ၂ဝ၁၈ခုနှစ် မှာတော့ ဝါဆိုကိုယ်တိုင် ရုပ်ရှင်ထုတ်လုပ်မှုလုပ်မယ်။ အခု ၁၄ရက်နေ့မှာပဲ ဇာတ်ကားတစ်ကားရိုက်ဖို့ရှိတယ်။ အချစ်ဇာတ်ကားပါ။ ကိုဇေရဲ ထက်ရယ်၊ ဝါဆိုရယ်၊ ရွှေကေသရီရယ်၊ ဒါရိုက်တာကတော့ ကို သားညီပါ။ အချစ် ဇာတ်လမ်း လေး တစ်ပုဒ်ရိုက် ထားပါ တယ်။ ဗီဒီယိုဇာတ်ကားလေးပါပဲ။

ဗီဒီယို၅ကားလောက် ရိုက်ပြီးမှ ရုပ်ရှင်ကားကြီးတစ်ကား ရိုက်ဖို့စီစဉ်ထားတာပါ”လို့ ပြောပါတယ်။ ရုပ်ရှင်ထုတ်လုပ်ရေးပိုင်းကို ဝါဆိုတကယ်ပဲသွားတော့မှာ လားလို့ဆိုတော့”အခုလောလောဆယ်ဖြစ်ချင်တာက ကိုယ် ကိုယ် တိုင်ဖန်တီးတဲ့ဇာတ်လမ်းမျိုး၊ ကိုယ်ရိုက်ချင်တဲ့ ဇာတ် လမ်းမျိုး၊ ပရိသတ်ရင်ထဲကို အရင်ဆုံးရောက်အောင် ပို့ချင်တဲ့ ဆန္ဒပဲရှိတယ်။ ထုတ်လုပ်ရေးဆို တာက ဝါဆိုက အခု ကုမ္ပဏီထုတ် လုပ်မှုကိုထောင်ထားတာမဟုတ်ဘူး။ ဝါဆို့အသက်အရွယ်နဲ့လည်း ဘယ်လိုမှမဖြစ်နိုင်သေး ဘူး။ အဲဒီအတွက် စမ်းပြီးတော့ထုတ်ကြည့်မယ်။ ထုတ် ကြည့်တဲ့ကားလေးတွေအကုန်လုံးက အဆင်ပြေတယ်။ ပရိသတ်ရင်ထဲရောက်တယ်။

သဘောကျတယ်ဆိုလို့ရှိ ရင်နောက်ပိုင်းထုတ်လုပ်မှုကြီး တွေကို မိဘတွေနဲ့ တိုင် ပင်ပြီးလုပ်မယ်ပေါ့။ ဝါဆို့အသက်အရွယ်နဲ့က ကုမ္ပဏီ ထောင်ဖို့ဆိုတာ ဘယ်လိုမှမ ဖြစ်နိုင်ဘူး။ ဒါပေမဲ့ အဲဒါကြီးကို စောင့်ပြီးကြာနေမှာလည်း စိုးရိမ်ရတယ်။ အဲဒီအတွက်ကြောင့် လောလောဆယ် ထုတ်လို့ရမယ့်ဟာမျိုးကိုထုတ်ပြီးတော့ အခွေတွေကို တခြားဖြန့်ချိရေးနဲ့ ပူးပေါင်းပြီး ဖြန့်မယ်ပေါ့။ အဲဒီလိုပဲ စဉ်းစားထားပါတယ်။ ဝါဆိုရဲ့ သရုပ်ဆောင်သက် တမ်းက ၁ဝနှစ်ကျော်ပြီဆိုတော့ အတွေ့အကြုံတွေ လည်း အများကြီးရှိ ပါတယ်။ ကိုယ်ရိုက်ဖူးတဲ့ကာရိုက်တာ တွေရှိ သလိုမရိုက်ဖူးတဲ့ကာရိုက် တာတွေလည်းရှိတယ်။ ကိုယ်ရိုက်ချင် တဲ့ ဇာတ်လမ်းတွေကိုလည်း ပရိသတ်ရင်ထဲ ရောက် အောင်ပြချင် တာဖြစ်တဲ့အတွက် ဒီထုတ်လုပ်မှုကိုလုပ်တာပါ” လို့ ဝါဆိုမိုးဦးက ပြောပြခဲ့ပါတယ်။

  မျိုးမောင်

ဓာတ်ပုံ-မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*