Rose Rider ဇာတ်ကားရိုက်ကူးတဲ့အခါ ငိုရတဲ့အခန်းတွေက အခက်အခဲဖြစ်ခဲ့တယ် နှင်းဆီအဖွဲ့ရဲ့ စင်တင်မင်းသမီး ဇွန်လေးဖြူ

Rose Rider ဇာတ်ကားရိုက်ကူးတဲ့အခါ ငိုရတဲ့အခန်းတွေက အခက်အခဲဖြစ်ခဲ့တယ် နှင်းဆီအဖွဲ့ရဲ့ စင်တင်မင်းသမီး ဇွန်လေးဖြူ
February 7, 2018 AsianFame MediaGroup
Rose Rider ဇာတ်ကားရိုက်ကူးတဲ့အခါ ငိုရတဲ့အခန်းတွေက အခက်အခဲဖြစ်ခဲ့တယ် နှင်းဆီအဖွဲ့ရဲ့ စင်တင်မင်းသမီး ဇွန်လေးဖြူ

နှင်းဆီအဖွဲ့ရဲ့ရွေးချယ်စင်တင်လိုက်တဲ့ အမျိုးသမီးသရုပ်ဆောင် ငါးဦးထဲက တစ်ဦးဖြစ်တဲ့ သရုပ်ဆောင် ဇွန်လေး ဖြူကတော့ လတ်တလောမှာ ရခိုင်ဒေသပြန် လည်ဖွံ့ဖြိုးရေး ရန်ပုံငွေအတွက် ကပြဖျော်ဖြေကြတဲ့ ‘နှင်းဆီနယ်နိမိတ်’ အငြိမ့် ပရဟိတကပွဲမှာ သရုပ်ဆောင်ထွန်းထွန်းနဲ့အတူ ‘ပြီးခဲ့သောဒီဇင်ဘာ’ စုံတွဲသီချင်းတစ်ပုဒ် ပါဝင်သီဆိုဖျော်ဖြေ ခဲ့ပါတယ်။ ဒီပွဲမှာ ပါဝင်ဖျော်ဖြေဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး ”ဒီလိုရန်ပုံငွေပွဲမှာ ပါဝင်သီဆိုဖျော်ဖြေရတဲ့အတွက် ကုသိုလ် လည်း ရတယ်ပေါ့နော်။ ဆရာတွေ အစ်ကိုတွေနဲ့ အရင်ကတည်းက ပါဝင်ဖို့စီစဉ်ထားပြီးသားဆိုတော့ ပါဝင်ဖြစ်ခဲ့တာပါ။ ဒီပွဲမှာ ကိုထွန်းထွန်းနဲ့ တွဲပြီးတော့ ‘ပြီးခဲ့ သောဒီဇင်ဘာ’ ဆိုတဲ့ သီချင်းတစ်ပုဒ်နဲ့သီဆိုဖျော်ဖြေခဲ့ပါတယ်” လို့ပြောပြခဲ့ ပါတယ်။ သူမကတော့ နှင်းဆီအဖွဲ့ရဲ့ ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) ရိုက်ကူးတဲ့ Rose Rider ဇာတ်ကားမှာ နေတိုး၊ မင်းမော်ကွန်း၊ ထွန်းထွန်း၊ ကျော်ကျော်ဗို၊ ရဲလေး စတဲ့ နှင်းဆီ မင်းသားငါးယောက်နဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ သူမ အနေနဲ့ဒီဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်ထားမှုနဲ့ပတ်သက်တဲ့ အကြောင်းအရာတချို့ကိုလည်း ခုလို့ပြောပြခဲ့ပါသေးတယ်။

”Rose Rider ဇာတ်ကားမှာ ညီမ ပါဝင်သရုပ်ဆောင်ထားတဲ့ကာရိုက်တာကတော့ ရိုးသားဖြူစင်တဲ့ ကောင်မလေးပေါ့။ တအားလည်း အားငယ်တတ်တယ်။ အခက်အခဲကတော့ ငိုတဲ့အခန်းတွေဆို တော်တော်လေးကြိုးစားပြီး ငိုခဲ့ရတယ်။ သာမန် လူတစ်ယောက်ဆိုတော့ လူတွေအများကြီး ရှေ့မှာမငိုရဲဘူး။ အဲဒီတော့ ငိုချင်စိတ်ဖြစ်လာအောင် ဘေးနားကနေ အားလုံး ဝိုင်းပြီး ငိုချင်စိတ်ဖြစ်လာအောင်ပြောပေးကြတယ်။ သရုပ်ဆောင်အလုပ်က ညီမအတွက် ခုမှ စလုပ်တာဖြစ်တဲ့အတွက် ဒီဇာတ်ကား ရိုက်လိုက်တော့သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး အတွေ့အကြုံတွေ အများကြီး ရခဲ့ပါတယ်။ ညီမကို အားလုံး ကလည်း ဝိုင်းပြီးသင်ပြပေးကြပါတယ်။ ဆရာမောင်မျိုးမင်းဆိုလည်း ငိုရတဲ့အခန်းတွေဆို တော် တော်လေး သင်ပြပေးရတယ်။ ကိုမင်းမော်ကွန်းကတော့ သရုပ်ဆောင်ပိုင်းနဲ့ပတ် သက်တဲ့ ဘယ်လိုသရုပ်ဆောင်ရမယ်၊ ဘယ်လိုလုပ်ရမယ်ဆိုတာ သင်ပေးတယ်။ ကိုနေတိုးကတော့ ညီမသရုပ်မဆောင်တတ်တာတွေဆိုရင် သူအစမ်းသရုပ်ဆောင်ပြ တယ်။ ညီမက အဲ့ဒီအတိုင်းလေးလိုက်လုပ် ကြည့်တယ်။ ကိုရဲလေးဆိုလည်း ဘေးနား က ထိုင်ပြီး ဘယ်လိုတွေလုပ်ရမယ်ဆိုတာသင်ပေးတယ်။ ကိုထွန်းထွန်းကကျတော့ သရုပ် ဆောင်အလုပ်က ခက်ခဲတာတွေရှိပေမယ့် စိတ်ဓာတ်မကျဖို့ အားပေးတယ်။ ကိုကျော်ကျော်ဗိုဆိုလည်း အစစအရာရာ ကူညီပေးပါတယ်။ ဆရာရော၊ အစ်ကိုတွေ အားလုံးရော တကယ်ကျေးဇူးတင်ပါတယ်။ အနုပညာအသိုင်းအဝိုင်းကလည်း မဟုတ်ဘူး၊ ဘာမှလည်း မသိတဲ့ ညီမကို Rose Rider မှာပါဝင်ခွင့်ပေးတဲ့အတွက်ရော၊ နောက်ပြီး စိတ်ရှည်ရှည် ထားပြီး သင်ပေးကြတဲ့အတွက်ပါ တကယ်ကျေးဇူးတင်ပါတယ်။ ရှေ့ လျှောက်ပြီးတော့လည်း နှင်းဆီအစ်ကိုတွေနဲ့ တွဲပြီး အနုပညာအလုပ်တွေဆက်လုပ်သွား မှာပါ” လို့ ပြောပြခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*