နှစ်ကုန် ပိုင်းလောက်မှာ မော်ဒယ်အေဂျင်စီ ဖွင့်လှစ်သွားမယ့် ဥက္ကာမင်းမောင်

နှစ်ကုန် ပိုင်းလောက်မှာ မော်ဒယ်အေဂျင်စီ ဖွင့်လှစ်သွားမယ့် ဥက္ကာမင်းမောင်
February 5, 2018 Leanne Win

မော်ဒယ်သရုပ်ဆောင် ဥက္ကာ မင်းမောင်က ၂ဝ၁၈ နှစ်ကုန်ပိုင်း လောက်တွင် မော်ဒယ်အေဂျင်စီ တစ်ခုဖွင့်လှစ်သွားဖို့ရှိတယ်လို့ သိရပါတယ်။ ဒီလုပ်ငန်းအတွက် သူဘယ်လို အစီစဉ်တွေဆွဲနေလဲ ဆိုတာကို ဥက္ကာမင်းမောင်က….

“ကျွန်တော်လုပ်မှာကတော့ တူတော့မတူဘူး၊ ပုံစံတော့ ကွဲမယ်။ ကျွန်တော်သေချာ Plan ချပြီးမှ ပြောမယ်။ ကျွန်တော်ကြိုမပြောပြ ချင်သေးဘူး။ဘာလို့လဲဆိုတော့ ကျွန်တော့် Plan ကကြီးလို့ပါ။ကျွန်တော် ကြိုပြောပြီးတော့မှ တစ် ခုခု လွဲချော်သွားခဲ့တာရှိခဲ့ရင် မကောင်းဘူးလေ။ အလွဲအချော်လဲ မခံနိုင်ဘူး။

ဘယ်အရာမဆို ကျွန် တော် က အမြဲတမ်းစီစဉ်အကွက်ချ ပြီးမှ လုပ်တတ်တဲ့ လူစား မျိုးဖြစ် တယ်။ ဒါပေမဲ့ ကျွန်တော် လုပ်တဲ့ အလုပ် တိုင်းကိုတော့ စေ့ စပ်သေချာ အောင် လုပ်တတ်ပါ တယ်။ အခုကကျ တော့ ဒီဟာကြီး ကို ကျွန်တော် သေချာ ဏူညေ ချနေတယ်။ ကျွန်တော်တစ် ကမ္ဘာလုံးမှာရှိတဲ့ မော်ဒယ် အေဂျင်စီ တွေ နဲ့ချုပ်ပြီး သွားမှ ဒီ မော်ဒယ်အေဂျင်စီကြီးကိုဖွင့်ပြီဆိုတာ ပြောမယ်” လို့ ပြောပြ ပါတယ်။ ပြည်ပနိုင်ငံများက အေဂျင်စီ တွေနဲ့ ချိတ်ဆက်ပြီးလုပ်သွားမယ့်သူ က မြန်မာနိုင်ငံကအေဂျင်စီတွေအကုန်လုံးကလည်း ကောင်းမွန်ပါ တယ်ပြောပါတယ်။ မော်ဒယ်အေ ဂျင်စီလုပ်ငန်းနဲ့ ပတ်သက်ပြီး သူ လေးစားအားကျတဲ့ သူတစ်ယောက် အကြောင်းကိုလည်း ဥက္ကာမင်း မောင်က…

“မြန်မာပြည်က အေ ဂျင်စီ တွေကလည်း အကုန်ကောင်း ပါတယ်။ကိုဂျွန်လွင်ဆီကနေတစ် ဆင့်ပဲ ကျွန် တော်ဒီအနုပညာလောကထဲရောက်လာခဲ့တာလေ။ သူတို့ ရဲ့နည်းလမ်းတွေလည်း ကျွန်တော် လေ့လာတာပေါ့။ ကိုဂျွန်လွင်တို့ဆို လည်းတအားစည်း စနစ်ကြီး တယ်။ တအားတော်တယ်။တော်လို့လည်း မြန်မာနိုင်ငံမှာ နံပါတ်တစ်ကို။ သူ့လို့ မျိုး တကယ့်ကို မျိုးဆက်သစ်တွေ ကိုမြေ တောင်မြောက်ပေး နေတဲ့ ဒီလိုအေဂျင်စီကြီးတွေ ရှိတာ ကောင်းတယ်။ ကျွန် တော်လည်း သူ့ လိုလူမျိုးဖြစ် ချင်တာလေ။ ဒီမော်ဒယ် လောကမှာဆိုလည်း တကယ့် ကို ဖခင်ကြီးပေါ့။အားကျ တယ်” လို့ ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ-မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*