Heineken Beer
Heineken Beer

သားလေးကို ကျော်မျိုးမြင့် လို့ အမည်ပေးထားတဲ့ သဉ္ဇာနွယ်ဝင်းတို့ ဇနီးမောင်နှံ

သားလေးကို ကျော်မျိုးမြင့် လို့ အမည်ပေးထားတဲ့ သဉ္ဇာနွယ်ဝင်းတို့ ဇနီးမောင်နှံ
February 5, 2018 Leanne Win

ဖေဖော်ဝါရီလ၁ ရက်နေ့ကတော့ သဉ္ဇာနွယ် ဝင်းတို့ဇနီးမောင်နှံရဲ့ မင်္ဂလာနှစ်ပတ်လည် တစ်နှစ်ပြည့်တဲ့ နေ့လေးဖြစ်ပါတယ်။ အဆိုပါနေ့ လေးမှာတော့ အမှတ်တရ အနေနဲ့ မိသားစုနဲ့အတူ ညစားသွားစားခဲ့ပြီး၊ ဒီတစ်နှစ်ပြည့်နေ့လေးက တော့ သူ့အတွက် ပိုပြီးပြည့်စုံတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ခဲ့ ရခြင်းကြောင့် ပိုပြီးပျော်ရွှင်ခဲ့ ရကြောင်း သဉ္ဇာနွယ်ဝင်း ကပြောပါ တယ်။

“သဉ္ဇာတို့ မင်္ဂလာဦး ဆွမ်းကျွေး လုပ်တာက အမေရဲ့မွေးနေ့မှာ လုပ်တာပေါ့။ ဒီနေ့က အမေရဲ့ မွေးနေ့လည်းဖြစ်တယ်။ သဉ္ဇာတို့ရဲ့ မင်္ဂလာ နှစ်ပတ်လည်လည်းဖြစ်တော့ ပိုပြီး အမှတ်တရ ဖြစ်တာပေါ့။ လွန်ခဲ့တစ် နှစ်တုန်းကတော့ အပျို ပေါ့။ အဲတုန်း က ဘာအနှောင်အဖွဲ့မှမရှိဘူး၊ ဘာ တာဝန်မှလည်းမရှိခဲ့ဘူး၊ အခုကျတော့ မိခင် တစ် ယောက်လည်းဖြစ်သွားပြီဆိုတော့ တာဝန်တွေ လည်းများလာတယ်” လို့ ပြောပါ တယ်။ ဖေဖော်ဝါရီ လ၇ရက်နေ့မှာ သုံးလ ပြည့်တော့မယ့် သားလေး ကိုတော့ လောလောဆယ်ကျော်မျိုးမြင့်လို့ အမည် ပေးထားကြောင်း သဉ္ဇာနွယ်ဝင်းက ပြောပါတယ်။သားလေး ၆လ ပြည့်ရင်တော့ နောက် ထပ် ရင်သွေးလေးထပ်ယူဖို့ရှိ ကြောင်းနဲ့ ပတ်သက် ပြီးလည်း”ရင်သွေးလေးထပ်ယူဖို့ရှိတယ်။ သား၆လ ပြည့်ရင် နောက်ထပ် ရင်သွေးလေး တော့ယူချင် တာပေါ့။ ဒါပေမဲ့ နောက်တစ်နှစ်ကတရုတ်လို ဝက် နှစ်ပေါ့၊ အဲကျမှပဲယူရင်ကောင်းမလားဆိုတာ တော့ မပြောတတ်သေးဘူး”လို့ပြောပါတယ်။

တွယ်တာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*