
ရန်ကုန်းတိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အောင်ဇမ္ဗူတောရ ဓမ္မရိပ်သာ ကျောင်းတိုက်၊ ပဓာနနာယကဆရာတော် မဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တ ပဏ္ဏဝံသနှင့် အောင်ဇမ္ဗူသာသနာပြုအဖွဲ့က မန္တလေးမြို့  ၊ လေးပြင်လေးရပ်ရှိ သီလရှင်အပါး ၃၅ဝဝ တို့အား သီလရှင်ဝတ်စုံနှင့် နဝကမ္မလှူဒါန်းပွဲ အခမ်း အနားကို ဇန်နဝါရီ ၂၂ ရက် နေ့လယ် ၁၂ နာရီ က မန္တလေးမြို့၊ မဟာသကျ မာရဇိန်၊ ကျောက်တော်ကြီး ဘုရားဝင်းအတွင်း၌ ကျင်းပခဲ့သည်။
”အောင်ဇမ္ဗူဆရာတော်နှင့် အောင်ဇမ္ဗူသာသနာပြုအဖွဲ့တို့က မြန်မာပြည် နယ်အသီးသီးရှိ သံဃာတော်များအား သင်္ကန်းများဆက်ကပ်လှူဒါန်းခဲ့သည်မှာ ၂၁ နှစ်ရှိပါပြီ။ ၂ဝ၁၆ ခုနှစ် ကစပြီး ရန်ကုန်၊ မုံရွာ၊ စစ်ကိုင်း၊ မော်လမြိုင်တို့မှ သီလရှင်များအား သီလရှင်ဝတ်စုံများလှူဒါန်းခဲ့ပါတယ်။ အခုမန္တလေးမြို့ လေးပြင် လေးရပ်မှာရှိတဲ့ သီလရှင်အပါး၃၅ဝဝအားလာရောက်လှူဒါန်း တာဖြစ်ပါ တယ်။ မဲနှိုက်ပြီး ကံထူးရှင်သီလရှင် ၃ ပါးကိုရွေးချယ်ပြီး ပထမဆု ကျပ်သိန်းနှစ်ဆယ်၊ ဒုတိယဆုကျပ်ဆယ့်ငါးသိန်း၊ တတိယဆုကျပ် ဆယ်သိန်းနှင့် လှူဖွယ်ပစ္စည်းများ ချီးမြှင့်ပေးအပ်ပါတယ်။ ဒီနေ့လှူဒါန်းမှုစုစုပေါင်းက ကျပ်သိန်း သုံးရာခန့်ရှိပါတယ်”ဟု အောင်ဇမ္ဗူသာသနာပြုအဖွဲ့မှ ဒုတိယဥက္ကဋ္ဌဦးဌေးအောင် မိုးက ပြောသည်။
ယင်းလှူဒါန်းပွဲအခမ်းအနားသို့ ကမ္ဘာ့ဗုဒ္ဓဘာသာအဖွဲ့ချုပ်(WAB) အဖွဲ့ဝင် နိုင်ငံ ၁၇ နိုင်ငံမှ သာသနာပြုဆရာတော်ကြီးအပါး၃ဝကြွရောက်ချီးမြှင့် လှူဒါန်း ခဲ့ကြကြောင်း သိရသည်။