မြို့ ကြီး ၅ မြို့ မှာ အသံစစ်ဆေးမှုများစတင်နေပြီဖြစ်တဲ့Myanmar Idol Season 3

မြို့ ကြီး ၅ မြို့ မှာ အသံစစ်ဆေးမှုများစတင်နေပြီဖြစ်တဲ့Myanmar Idol Season 3
January 30, 2018 Leanne Win

မြန်မာတစ်နိုင်ငံလုံးမှ ရွက်ပုန်း သီးဂီတဝါသနာရှင် လူငယ်များရဲ့ ဂီတအိပ်မက်များအတွက် Myanmar Idol Season 3ကို အရင်နှစ်များနဲ့ မတူ တစ်မူထူးခြားတဲ့ အစီအစဉ် သစ်များနဲ့ ကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်းသိရပါတယ်။ လက်ရှိမှာ တော့ Myanmar Idol Season 3 ရဲ့အသံစစ်ဆေးမှုများကို ဇန်နဝါရီလ ၂ဝ ရက်နေ့နဲ့ ၂၁ ရက်နေ့တွေက မန္တလေးမြို့မှာ စတင်ခဲ့ပြီဖြစ်ပြီး ဇန်နဝါရီလ ၂၈ ရက်နေ့နဲ့ ၂၉ ရက် နေ့မှာတောင်ကြီးမြို့၊ ဖေဖော်ဝါရီ ၅ ရက်နေ့နဲ့ ၆ ရက်နေ့မှာ မကွေးမြို့၊ ဖေဖော်ဝါရီ ၅ ရက်နေ့နဲ့ ၆ရက်နေ့ မှာ ပုသိမ်မြို့၊ ဖေဖော်ဝါရီ လ ၂ဝ ရက် နေ့နဲ့ ၂၂ရက်နေ့တွေမှာတော့ ရန်ကုန် မြို့မှာ အသံစစ်ဆေးမှုတွေကို ပြုလုပ် သွားမှာဖြစ်ပါတယ်။

အဆိုပါမြို့ကြီး ၅ မြို့နဲ့နီးစပ်တဲ့ မြို့များဖြစ်တဲ့ မုံရွာ၊ မိုးကုတ်၊ ကလော၊ အင်းလေး၊ ပုဂံ၊ရေနံချောင်း၊ပြည်၊ တောင်ငူ၊ ဘားအံ၊ မော်လမြိုင်၊ ပဲခူးစတဲ့ မြို့၁၁ မြို့ကိုလည်း Mobile Casting အဖွဲ့နဲ့သွားရောက်ပြီး အသံစစ် ဆေး လူရွေးချယ်မှုများ ကျင်းပပြုလုပ်သွား မှာဖြစ်ပါတယ်။

ထို့အပြင် အခုနှစ် များတွင် အစီအစဉ်သစ်တစ်ရပ် အနေဖြင့် မြစ်ကြီးနား၊ ကျိုင်း တုံ၊ လားရှိုး၊စစ်တွေနဲ့ မြိတ်မြို့များကို လည်း Mobile Casting အဖွဲ့ဖြင့် သွားရောက်ကာ အသံစစ်ဆေး လူ ရွေးချယ်မှုများကိုလည်း ကျင်းပပြု လုပ်သွားမှာဖြစ်ပါတယ်။

မြို့ကြီး၅မြို့ မှ ရွေးချယ်ထားတဲ့ လက်ရွေးစင်အဆို ဝါသနာရှင်များကိုတော့ ရန်ကုန်မြို့ မှာ ပြိုင်ပွဲအဆင့်ဆင့်ကို ဆက်လက် ယှဉ်ပြိုင်စေမှာဖြစ်ပြီး Myanmar Idol Season3 ရဲ့Winner ဆုရှင် အဖြစ် အကောင်းဆုံး အဆိုရှင်တစ်ဦး ကိုသာ ရွေးချယ်သွားမှာဖြစ်ပါတယ်။Winner အဖြစ်ရွေးချယ်ခံရသူကိုတော့ တေးစီးရီး Album တစ်ချပ်ထုတ်ပေး မယ့်အပြင် ငွေကျပ်သိန်း၅ဝဝချီးမြှင့် မှာဖြစ်ပါတယ်။

Myanmar Idol Season 3 မှာ မြန်မာပြည်သိန်း တန်၊ ရန်အောင်၊ မျိုးကျော့မြိုင်၊ တင် ဇာမော်တို့က အကဲဖြတ်ဒိုင်များအဖြစ် ဆောင်ရွက်သွားမှာဖြစ်ပြီး အဆိုပါ ဒိုင် ၄ ဦးက မြို့၅မြို့ အသံစစ်ဆေး မှုများမှစပြီး ပြိုင်ပွဲအဆင့်ဆင့်တွင် အသံစစ်ဆေး လူရွေးချယ်မှုကို ပြု လုပ်ပေးသွားမှာဖြစ်ကာ ပြိုင်ပွဲဝင် ကာလတစ်လျှောက်လုံး ပါဝင် ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ Myanmar Idol Season 3 မှာHost အဖြစ် ကျော်ထက်အောင်က ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါ တယ်။ Myanmar Idol Season 3 ကိုတော့ ဧပြီလထဲမှာထုတ်လွှင့်ပြသ သွားမှာဖြစ်ကြောင်းသိရပါတယ်။

P.038

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*