ဇေရဲထက် အပေါ် ရတနာဗို ရဲ့အမြင်

ဇေရဲထက် အပေါ် ရတနာဗို ရဲ့အမြင်
January 30, 2018 AsianFame MediaGroup
ဇေရဲထက် အပေါ် ရတနာဗို ရဲ့အမြင်

သရုပ်ဆောင်ရတနာဗိုက အခုလတ်တလောမှာတော့ ‘လရောင်မျှော်တဲ့ပင်လယ်’ဆိုတဲ့ ဗီဒီယိုဇာတ်ကားကို ဇေရဲထက် နဲ့အတူ ရိုက်ကူးနေပါတယ်။ဒီဇာတ်ကားမှာသူက
ဆိုက်ကိုဆန်ဆန် ကာရိုက်တာလေးနဲ့ပါဝင်သရုပ် ဆောင်ရတယ်လို့သိရပါတယ်။ ဒီဇာတ်ကားကိုဇေရဲထက်နဲ့ ဟန်လင်းသန့်တို့က ဒါရိုက်တာအဖြစ်ရိုက်ကူးပုံဖော်နေတာ ဖြစ်တယ်လို့ရတနာဗိုကပြောပြပါတယ်။ ရိုက်ကူးတဲ့အခါ မှာ လည်းဇေရဲထက်ကအိုက်တင်တွေ၊ ဒိုင်ယာလော့ တွေ နဲ့ပတ်သက်ပြီးလည်း သေသေချာချာလေး သင်ပြ ပေးတယ်လို့ ဆိုပါတယ်။

‘အစ်ကိုကတော့တအား သင်ပေး ပါတယ်။ ဒိုင်ယာလော့ပြောတာ၊ အိုက်တင် လုပ်တာတွေကို အဆင့် ဆင့်သေချာသင်ကြားပေးပါတယ်။အစ်ကို သင်ကြားပေးတာနဲ့အတူ ညီမ လေ့လာသလောက်တော့ ဒီဇာတ်ကား ထဲမှာ ဗီဒီယိုဖြစ်ပေမယ့်လည်း အများ ကြီးကြိုးစားထားပါတယ်။အစ်ကိုက သဘော ကောင်းတယ်။ ပွင့်လင်းတယ်။ မာန် မာနလဲ မရှိဘူး။ အလုပ်လုပ်ရတာလဲ အဆင်ပြေ တယ်။ အပြင်မှာ ပေါင်းသင်းဆက်ဆံရေးမှာ လည်း အဆင် ပြေတယ်။အစ်ကိုပြောပြတာသင်ပြ တာ တွေလည်း အများကြီးရှိပါတယ်။အကိုနဲ့ကရုပ်ရှင် တွေမှာ လည်းကြုံဖူးတယ်။ဗီဒီယိုတွေလည်း အများကြီး ရိုက်ဖူးပါတယ်။ကြုံတုန်းလည်း အကိုကအမြဲတမ်း သင်ပြပေးတယ်။ စိတ်သဘောထား တကယ် ပြည့်ဝ တယ်။ ချောလည်းချောတယ်။ သရုပ် ဆောင်ပိုင်း မှာလည်းသဘောကျတယ်။ ဒရမ်မာ ချိုးတဲ့ဇာတ်ကား လေးတွေဆိုလို့ရှိရင်လည်း ဗီဒီယိုပဲ ဖြစ်ဖြစ် ရုပ်ရှင်ပဲ ဖြစ်ဖြစ် တကယ်အား စိုက်လုပ်တာကို တွေ့ရ ပါတယ်။ အဲဒါလေးတွေကိုလည်းအတုယူပါတယ်”လို့ ဇေရဲထက် အပေါ်သူမရဲ့အမြင်ကိုလည်း ရတနာဗိုက ပြောပြခဲ့တာ -ဖြစ်ပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ- ဇော်ဝင်းအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*