မှင်စာမှတ်တမ်း(၃)

မှင်စာမှတ်တမ်း(၃)
January 24, 2018 AsianFame MediaGroup

ကျန်တော်သည် နာနာဘာဝ၊ ဝိနာ ဘာဝစာရင်းဝင် မှင်စာဘဝမှာ ရောက်နေရသော်လည်း အထက် ပုဂ္ဂိုလ် ဆိုင်ရာပိုင်ရာများက ကျွန် တော့်အား အထူးစွမ်းအင်၊ အထူး အခွင့်အရေးများ ပေးသနား အပ် နှင်းထားကြသဖြင့် ကျွန်တော်သည် (ဝဝ၇)အထူးအေးဂျင့် ဂျိမ်းစ်ဘွန်းကဲ့ သို့ အထူးတာဝန်များ ထမ်းဆောင် ရင်း၊ သွေးနားထင်ရောက်၊ ခြေဖျား ထောက်၊ ဘဝင်မြင့်လျက်ရှိကြောင်း ဝန်ခံလိုပါ၏။ သို့သော် ပြည်သူလူ ထု၏ဆန္ဒမဲဖြင့် ရာထူးရာခံရလာသူ များ၊ ပြည်သူလူထု၏ ရိက္ခာလစာစား ပြီး ဘဝင်လေဟပ်နေကြသောအရာ ရှိ၊ အရာခံပြည်သူ့ဝန်ထမ်း Public Servant တွေကိုတော့ ကျွန်တော်က တစ်စက်ကလေးမျှ ကြည့်မရပါချေ။ ကုန်ကုန်ပြောရသော် ကျွန်တော်သည် ကိုယ်ကျိုးရှာ တစ်ကိုယ်ကောင်းသမား ‘ငို့ဘ’သတ္တဝါများကို မြင်ပြင်းအကပ် ဆုံးဖြစ်ပါ၏။

ယခုအခါ ငို့ဘသတ္တဝါအချို့ သည် ပိန်လိန်ခြောက်ကပ်နေသော လူထုထံမှ အဆီစုပ်ယူစရာ မရှိတော့ သဖြင့် မိမိတို့နှင့် သွေးတူမွေးတူ လုပ်ငန်းရှင်များကို အယုံသွင်းပြီး အချင်းချင်း လည်လှီးကာ ထွက်ပြေး တိမ်းရှောင်နေကြလေသည်။

”ကျပ်ငွေ သိန်းပေါင်းကုဋေ ငါးထောင် လစ်ပြေးသွားပြီ”

”သန်းထောင်ချီလိမ်တဲ့ အမျိုး သမီး ဝရမ်းပြေးဖြစ်နေပြီ”

သတင်းစာ၊ ဂျာနယ် လက်ပွေ့ အော်ဟစ်၍ ရောင်းချသော hawker များ၏အသံကို ကြားရပြီး ကျွန်တော်စိတ်နှလုံး မသာမယာဖြစ် မိပါသည်။ သြော် …ဖိုးတွမ်တီး အကြီးစားတွေ ပေါလာလိုက်တာ။

”ဒီလောကကြီးက နိုင်ရာစား လောကကြီးပါကွာ။ လည်သူစားတမ်း လောကကြီးပါ”ဟု ပြောလာသူမှာ ကျွန်တော်တို့မှင်စာအုပ်စုတွင် သက် တမ်းရင့်ဝါရင့် ပုဂံခေတ်ကတည်းက မှင်စာဖြစ်ခဲ့သော ‘အိုးဆားဗစ်’မှင် စာကြီးဖြစ်သည်။ သူကဆက်ပြော သည်။

”အများပိုင်ဥစ္စာဓနတွေကို ခိုး ပြေးလစ်ပြေးတယ်ဆိုတာလည်း လောဘကြောင့်ပဲ။ ရာဇပလ္လင်ဆိုတဲ့ အာဏာတည်ရာကို လိုချင်တာ လည်း လောဘကြောင့်ပဲ။ ငါတို ပုဂံ ခေတ်တုန်းက အာဏာလောဘ ကြောင့် သားကအဖကိုသတ်၊ ညီက အစ်ကိုကိုသတ်ခဲ့တဲ့ သာဓကသမိုင်း သင်ခန်းစာတွေ တစ်ပုံတစ်ပင်ကြီး ပါ”

”ဒီမယ် …ခင်ဗျားကြီးပဲ သမိုင်းသင်ခန်းစာယူပြီး သံဝေဂစိတ် နဲ့ ငြိမ်ငြိမ်ကလေးထိုင်နေ။ ကျုပ်က တော့ ပြည်သူလူထု အကျိုးစီးပွားကို ကာကွယ်ရမှာမို့ သံဝေဂလည်း မရ နိုင်ဘူး။ သင်ခန်းစာလည်း မယူနိုင် ဘူး။ လူလိမ်လူကောက် လူညစ် လူရှုပ်တွေကို မိုးအဆုံး၊ မြေအနှံ့ ခြေ ဆန့်ရှာဖွေပြီး ခပ်စပ်စပ်ကလေး ဆုံးမပေးရလိမ့်မယ်”

”ပြုသူအသစ်၊ ဖြစ်သူအ ဟောင်းပါ မောင်မှင်စာရယ်”

”တော် တန် တိတ်၊ ခင်ဗျားရဲ့ ရွှေပြည်အေးတရားတွေ၊ သင်ပုန်း ချေစကားတွေ stop stop stop ”

ကျွန်တော်လည်း စိတ်မထိန်း နိုင်တော့ဘဲ ဘဝတူမှင်စာအိုကြီးကို ဒေါနှင့်မောနှင့် အော်ဟစ်ငေါက်ပစ် လိုက်သည်။

”မြင်မြင်သမျှ သင်္ခါရပါ မောင် မှင်စာရယ်”

သူကအပျော့ဆွဲကလေးဖြင့် လေကြောရှည်နေသဖြင့် ကျွန်တော် အရှုံးပေးလိုက်ပါသည်။ ‘ဂွတ်ဘိုင်’ဟု နှုတ်ဆက်ပြီး ထွက်လာခဲ့ပါသည်။

ကျွန်တော်တို့ မှင်စာလောက တွင်လည်း အသက်ကြီးခါမှ သေ ခြင်းဆိုးဖြင့် သေရသော်လည်း တစ္ဆေ ဘဝနဲ့ မကူးပြောင်းဘဲ (ကလေး ကလားဆန်သော စရိုက်ကြောင့်) မှင် စာဘဝမှာနေကြရသူတွေရှိကြပါ သည်။ အထက်အာဏာပိုင်ကြီးများ က ထိုသို့သောမှင်စာတွေကို ‘ဆပ်စ ဖိုင်းချ’ (ရာထူးချထား) ခြင်းဖြစ် သည်ဟု ပြောကြပါသည်။ ဟုတ်၊ မဟုတ်တော့မသိပါ။

ကျွန်တော်က ‘ငို့ဘသမား (ဝါ) လောကဘီဘူး ဇူဇကာတွေကို ဆိုဆုံး မဖို့အတွက် ထွက်လာစဉ် အထက်ပါ မှင်စာကြီးတစ်ကောင်နှင့် လမ်းမှာ ဆုံမိသည်။ ကျွန်တော်က မိမိ၏ အထူးတာဝန်ကို ပြောပြသောအခါ ထိုမှင်စာကြီးက မဲ့ပြုံးပြုံးပြီး

”ဟဲ့ကောင်ကလေး မင်းရဲ့ အ တွေးအခေါ်တွေ တိမ်းစောင်းနေပြီ။ အများအကျိုးမဆောင်ဘဲ ကိုယ့် အိတ်ကပ်ထဲ ကိုယ်ထည့်နေကြတဲ့ လူလည်လူပါးများဟာ ခေတ်အဆက် ဆက်မှာ ရှင်သန်ကြီးပွားခဲ့ကြတာ မင်းနာမလည်ဘူးနဲ့ တူပါရဲ့။ ဂျာမန် တွေးခေါ်ပညာရှင်ကြီး ‘နီချေး’က လည်း လူအချင်းအတူတူသူများထက် ခေါင်းတစ်လုံး ပိုမြင့်တဲ့လူကို မဟာ လူသား(စူပါမင်း)အဖြစ် အမွှမ်း တင်ထားတာကွ၊ အင်္ဂလိပ် ဇီဝဗေဒ ပညာရှင်ကြီး ‘ချားဒါဝင်’ ကလည်း ”တော်သူနေ၊ မတော်သူသေ” survival of the fittest ဝါဒကို မီးမောင်းထိုးပြခဲ့တာပဲ။ အသက်ချင်း တူပေမယ့် ဆင်းရဲသားလေးက အသက်တိုပြီး သူဋ္ဌေးကြီးတွေက အသက် ၉ဝ -၁ဝဝ နေရတာ ဘာ ကြောင့်လဲ။ မင်းနားလည်ရဲ့လား။ မလောက်လေးမလောက်စား မှင် စာလေးရဲ့”

ထိုဖောက်ပြန်လွဲမှားသော မှင် စာကြီးကို ကျွန်တော်စိတ်ပျက်မိပါ သည်။

”နီချေးတွေ၊ ဝါချေးတွေ ကျုပ် နားမလည်ဘူး။ ဒါဝင်တွေ၊ သာဒင် တွေကိုလည်း ကျုပ်မသိဘူး။ ကျုပ်က မတရားမှုကို တိုက်ဖျက်မှာ။ တရား မျှတမှု ဂျပ်စတစ် (Justice) ကို ခိုင် မာအောင် တည်ဆောက်မှာ။ ဘရာ သာတို့လို အသက်ကြီးပြီး အချိန် မစီးတဲ့ဘဝမျိုးမှာတော့ အနစ်မွန်း မခံဘူးဗျ မှတ်ထား”

မှင်စာအိုကြီးကို ပယ်ပယ်နယ် နယ် တွယ်ထည့်ပြီးနောက် ကျွန်တော် ထွက်လာခဲ့ပါသည်။ သူက အော်ဟစ် ကျိန်ဆဲသည်ကိုလည်း ကျွန်တော် မကြားယောင် ပြုလိုက်ပါသည်။

သည်ကနေ့ ကျွန်တော်၏ ‘ပစ်မှတ်’မှာ သစ်တောဆိုင်ရာ အရာ ရှိငယ်ဟောင်း၊ အငြိမ်းစား ဦးစိန် ဗဒင်ဆိုသော အတ္တဘီလူး၊ လူလိမ် လူညစ်ကြီးဖြစ်သည်။ သူက အငြိမ်း စားယူပြီးမှ စာနယ်ဇင်းများတွင် ‘မောင်စိမ်းလန်းရှင်’ဟူသော က လောင်အမည်ဖြင့် သစ်တောဖွံ့ဖြိုး ရေး၊ သစ်တောထိန်းသိမ်းရေး ဆောင်းပါးများကို ခပ်တည်တည်နှင့် (အူလီပါပဲ) ရေးသားလှုံ့ဆော်နေ သည်။

ယခုလည်း စိန်ဗဒင်က သူနေ ထိုင်ရာ မြို့နယ်ရှိ အထက်တန်း ကျောင်းတွင် ‘သစ်တောနှင့် သစ်ပင် ချစ်ခင်တဲ့လူမျိုး’ခေါင်းစဉ်ဖြင့် ဟော ပြောပို့ချနေသည်။

”ကျွန်တော်ဟာ သစ်တောအရာ ရှိငယ်ဘဝနဲ့ နှစ်ပေါင်း ၄ဝ နီးပါး တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သစ်ပင်၊ သစ်တောကို ကျွန်တော် ဘယ်ကလောက်ချစ်ပါသလဲဆိုရင် ကျွန်တော့်အိမ်မှာ ထင်းမီးဖိုလုံးဝ၊ လုံးဝမသုံးပါဘူး။ သစ်သားပရိဘော ဂတွေ လုံးဝ၊ လုံးဝမသုံးပါဘူး။ ကျွန်တော့်အိမ်မှာ ပလတ်စတစ်နဲ့ အလူမီနီယံ ပရိဘောဂတွေချည်း သုံးပါတယ်။ မယုံရင် အိမ်ကိုလာ ကြည့်ပါ။ ကျွန်တော်နေတဲ့ တိုက်အိမ် ကို ကြည့်ဦးမလား။ သစ်တစ်ချောင်း တောင်မှ မသုံးပါဘူး။ အုတ်၊ ဘိလပ် မြေ၊ သဲ၊ ကျောက်နဲ့ သံထည်တွေ ချည်း သုံးထားပါတယ်။ မယုံရင် လာကြည့်ပါခင်ဗျား”

စိန်ဗဒင် ဖြီးဖြန်းညာဝါးနေ သည်ကို စောင့်ကြည့်ရင်း ဘယ်လို တိုက်ခိုက်ရမည်ကို ကျွန်တော်ချိန်ဆ နေသည်။

”ကမ္ဘာ့သစ်ပင်များနေ့တုန်းက ဆိုရင် . . .”

ကျွန်တော်က ပဆုပ်ပနီကောင် ယောင်ဆောင်ပြီး စိန်ဗဒင်၏ ဘောင်းဘီရှည်အောက်နားစတစ် ဖက်အတွင်းထဲသို့ အသာကလေး တိုးဝင်ပြီး သူ၏အမွှေးထူထူနှင့် ခြေသလုံးကြီးတစ်ဖဘက်ကို အစွယ် ဖြင့် ထိုးလိုက်သည်။

”ကျွန်တော်စိုက်ခဲ့တဲ့ သစ်ပင် ပေါင်းတစ်သောင်း အား အမယ်လေး ဗျ”

စိန်ဗဒင် မတ်တတ်ရပ်နေရာမှ ပုံပျက်ပန်းပျက် ခွေခနဲ လဲကျသွား သည်။ မျက်နှာကြီး ရှုံ့မဲ့နေသည်။ ထို အချိန်မှာ ကျွန်တော်က ဘောင်းဘီ ထဲမှထွက်ပြီး အပြင်လေထုထဲမှာ ပျံဝဲ ကခုန်နေသည်။

”ကျ ကျွန်တော် သစ်တောဝန် ထမ်းဘဝတုန်က တောထဲမှာနေခဲ့ တာြေ>ွမအကိုက်မခံခဲ့ရဘဲ အခုမှ မြွေ၊ မြွေလာကိုက်တယ်ခင်ဗျ။ ကျွန် ကျွန်တော့်ကို ဆေး ဆေးရုံပို့ကြပါ”

ပလီပလာမုသားစကားဖြင့် ကျောင်းသားလူငယ်တွေကို ဖြီးလုံး ထုတ်နေသော စိန်ဗဒင်ခမျာ ခုတော့ ပက်လက်ကြီးလဲကာ ကယောင် ကတမ်းဖြစ်နေရရှာလေပြီတည်း။

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*