Heineken Beer
Heineken Beer

အဆို ပြိုင်ပွဲများမှ အောင်မြင်မှု ရရှိခဲ့ကြတဲ့ အဆိုတော် ၇ ယောက်ရဲ့ ဂီတဖျော်ဖြေပွဲ

အဆို ပြိုင်ပွဲများမှ အောင်မြင်မှု ရရှိခဲ့ကြတဲ့ အဆိုတော် ၇ ယောက်ရဲ့ ဂီတဖျော်ဖြေပွဲ
January 22, 2018 AsianFame MediaGroup

အဆိုပြိုင်ပွဲများမှ အောင်မြင် မှုရရှိခဲ့ကြတဲ့ အဆိုတော်၇ယောက်ရဲ့ 7Wave လို့ အမည်ပေးထားတဲ့ ဂီတဖျော်ဖြေပွဲကို ဖေဖော်ဝါရီ ၂ရက်နေ့ ညနေ၆နာရီ THUWU NNA BHUMI Event Park ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီဖျော်ဖြေပွဲ မှာတော့ ဖြိုးပြည့်စုံ၊ အောင်ထက်၊ စောလားထော်ဝါး၊ Mဇော်ရိန် ၊David Sai ၊ နေမင်းအိမ်၊ ထွန်း နောင်ဆင့်တို့က သီဆိုဖျော်ဖြေ တင်ဆက် ကြမှာပဲဖြစ်ပါတယ်။

”အဆိုပြိုင်ပွဲတွေကနေမှ စူပါ စတားဖြစ်လာတဲ့ ညီလေး၇ ယောက် ပေါ့။အဆိုလည်းတအား ကောင်း တယ်။ ပရိသတ်တွေရဲ့ ချစ်ခင်အား ပေးမှုကိုလည်း ရထားတဲ့ ၇ယောက်ရဲ့ ဖျော်ဖြေပွဲပါ” လို့ ရွှေစင် Event Creationမှ ကိုစိုးနိုင် ထွန်းက ပြောပါတယ်။7Wave ပွဲကိုတော့ MERCURY -4 Entertainment မှစီစဉ်တင်ဆက် တာဖြစ်ပြီး DM-4 နဲ့ရွှေစင် Event Creation တို့က ပါဝင်တင်ဆက်ပေး ထားကြပါတယ်။

P-038

ဓါတ်ပုံ- မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*