Heineken Beer
Heineken Beer

လူလိမ်တွေ အကြောင်းကို ရိုက်ကူးနေတဲ့ ဒါရိုက်တာ ရာဇ၀င်ကို

လူလိမ်တွေ အကြောင်းကို ရိုက်ကူးနေတဲ့ ဒါရိုက်တာ ရာဇ၀င်ကို
January 22, 2018 Leanne Win

MS Video Production မှ ထုတ်လုပ်ရိုက်ကူးတဲ့ ‘မြွေ’ ဗီဒီယို ဇာတ်ကားကို ဒါရိုက်တာ ရာဇဝင်ကိုက ဥက္ကာမင်းမောင်၊ တက်နေ၊  အောင်လေး၊ စိုးပြည့်သဇင်၊ မေမြတ်နိုး၊ ရွှေကေသရီတို့နဲ့ ရိုက်ကူး ပုံဖော်နေပါတယ်။ ဒီဇာတ်ကားရဲ့ ဇာတ်လမ်းပုံစံကိုတော့ ဒါရိုက် တာ ရာဇဝင်ကိုက . . .

“ဇာတ်လမ်းပုံစံကတော့ လူလိမ်တွေအကြောင်းပေါ့နော်။မြန်မာနိုင်ငံမှာမရိုက်ဖူးသေးတဲ့ ကာရိုက်တာလေးတွေ ပါမယ်။ ဘာလဲဆိုတော့ မြန်မာနိုင်ငံမှာ အခြောက်ကား တွေ ရိုက်ရင် လုံးဝပြူးတူးတူးပြဲတဲတဲ အခြောက်တွေကို     ရိုက်တယ်ပေါ့နော်။ ဒီဇာတ်ကားလေးကကျတော့ မြန်မာ့ ယဉ်ကျေးမှုနဲ့ စိမ်းသေးတယ်။

အဓိကကတော့ Homo ယောက်ျားလေးတွေ သူတို့ပိုက်ဆံလိုလို့ မိန်းကလေးတွေနဲ့ ရည်းစားထားတယ်။ ပြီးတော့ မိန်းကလေးတွေဆီက ပြန်ချူတယ်။ အဲဒါကို အဓိကပြချင်တာပါ။ အဓိက ကတော့ လူငယ်ပရိသတ်တွေကြားထဲမှာ ရည်းစားထား လို့ရှိရင် သတိထားရမယ်ဆိုတာလေးပါ။ ရုပ်လေးချောရုံ တစ်ခုတည်းကြည့်ပြီး မတွဲဘူးပေါ့နော်။ ကိုယ်နဲ့တွဲ မယ့်သူရဲ့ အရည်အချင်း၊ စိတ်နေစိတ်ထား၊ နောက်ခံ အသိုင်းအဝိုင်း အကုန်လုံးကိုကြည့်သင့်တယ်ဆိုတာ ကိုမက်ဆေ့ခ်ျပေးချင်တာပါ” လို့ပြောပြပါတယ်။

ဒီဇာတ်ကားရိုက်ကူးပြီးရင်တော့ ဇေရဲထက်နဲ့ ဗီဒီယိုဇာတ်ကားတစ်ကား ရိုက်ကူးသွားဦးမှာဖြစ်ပြီး ၂ လပိုင်းထဲမှာ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကား ရိုက်ကူးသွား ဖို့ရှိကြောင်းသိရပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ- မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*