
”ပုံမှန်အချိန်တွေဆိုရင် နှစ်ယောက်စလုံးက အလုပ်ကိုယ်စီ ရှိကြတဲ့ အတွက် ဖုန်းနဲ့စကားပြောတယ်။ ဇာတ်ကားရိုက်ကွင်းတော်တော် များများမှာလည်း အတူတူဆိုတော့သီးသန့်ကြီး အချိန်ပေးရတာမျိုးမရှိပါဘူး။ ရိုက်ကွင်း မှာတွေ့ရတယ်လေ။ တစ်ခါတလေကျတော့လည်း ဇာတ် ကားရိုက်ပြီး လို့ညဘက်တွေဆိုရင်တော့တွေ့ဖြစ်ကြပါတယ်။ နှစ်ယောက်သား အတူတူမုန့်သွားစားတယ်၊ Dinner အတူတူ စားကြတယ်ပေါ့။ ဒီလိုလေးအချိန်ပေးဖြစ်ပါတယ်။ ကျွန်တော်နဲ့ ဆုဆုအတူ တူတွဲသရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေလည်း ၂ဝ၁၈ ခုနှစ်ထဲမှာပရိသတ်တွေစီ ရောက်လာတော့မှာပါ။ အား ပေးကြပါဦးလို့ ပြောချင်ပါ တယ်” လို့ ပြောပြပါတယ်။
သူရိယနဲ့ ဆုအိမ့်စံတို့ချစ်သူနှစ်ဦး ကိုတော့ ပရိသတ်တော်တော်များများက အားပေးကြသလို ဝေဖန်တဲ့ပရိတ်သတ်တွေလည်းရှိပါတယ် လို့ သူရိယက ပွင့်ပွင့်လင်းလင်းပြောပြပါတယ်။ ဝေဖန်မှုတွေအပေါ်မှာ လည်း စိတ်မဆိုးပါဘူးဆိုတဲ့ သူရိယက”ကျွန်တော်တို့နှစ် ယောက်စလုံးကို ပရိသတ်တွေက အားပေးကြပါတယ်။ ကျွန်တော်တို့လည်း တက်လာတဲ့ Comment တွေ ဖတ် ဖြစ်ပါတယ်။ တချို့ပရိသတ်တွေကျတော့လည်း မကြိုက် တဲ့ပုံစံလေးတွေ ရှိတယ်။ ကျွန်တော်နဲ့ ဆုဆုတို့နှစ် ယောက် တွဲတာကို အကောင်းမြင်ကြတဲ့လူတွေရှိသလိုတချို့ကျတော့လည်း Negative ဘက်ကိုသွားတဲ့လူတွေလည်းရှိတယ်။ သူတို့တွေ ပြောကြတာကို သိပ်ပြီးစိတ်ထဲမှာ မထားပါဘူး။ ကောင်းကောင်းမွန်မွန် ပြောတဲ့လူတွေကိုလည်း ကောင်းကောင်းမွန်မွန် ပြန်တုံ့ပြန်တယ်။ မပြောကြ သူတွေကိုလည်း ဂရုတော့မ ထားတော့ဘူးပေါ့။ ဒီလိုတွေရှိပေမယ့်လည်း ကျွန်တော်တို့က အဲဒါတွေကို စိတ်မဆိုးပါဘူး။ ကျွန်တော်တို့လုပ်ရမယ့် အလုပ်ကိုဆက်လုပ်မယ်။ နှစ်ယောက်စလုံးလည်း ဇာတ်ကားတွေဆက်ပြီး ရိုက်သွားမယ်” လို့ပြောပြပါတယ်။
မြတ်မိုးပွင့်၊ အောင်ဇော်မင်း