Heineken Beer
Heineken Beer

ကော်ဖီတစ်ခွက်

ကော်ဖီတစ်ခွက်
January 10, 2018 AsianFame MediaGroup

ပြောပါဦး၊ မင်းနာမည်ဘယ်သူတုံး။
ကျွန်တော့်မှာ နာမည်မရှိဘူး။
သေသေချာချာနားထောင် မင်းနာ မည် ဘယ်သူတုံး။
ကျွန်တော့်မှာ နာမည်မရှိဘူး။
ငါပြောမယ်၊ မင်းနာမည်က ဂျိုးဇက်၊ ဆိုကြည့်စမ်း။
ဂျိုးဇက်
ထပ်ဆိုကြည့်စမ်း။
ဂျိုးဇက်
ကျွန်တော့်နာမည်က ဂျိုးဇက်ပါ၊ ပြောကြည့်စမ်း။
ကျွန်တော့်နာမည်က ဂျိုးဇက် ပါ။
မင်း ဘယ်ကလာသလဲ။
ကျွန်တော်မသိဘူး။
ထပ်မေးမယ်၊ သေသေချာချာ နား ထောင်၊ မင်း ဘယ်ကလာသလဲ။
ကျွန်တော်မသိဘူး။
မင်း ဘရွတ်ကလင်တံတားပေါ်ကနေ လာတာ၊ ပြောကြည့်စမ်း။
ကျွန်တော် ဘရွတ်ကလင် တံ တားပေါ်ကနေ လာတာ။
ထပ်ပြောကြည့်ပါဦး။
ကျွန်တော် ဘရွတ်ကလင် တံ တားပေါ်ကနေ လာတာ။
မင်း ဘာအလုပ်လုပ်သလဲ ဖြေပါ။
ကျွန်တော်ဘာအလုပ်မှ မလုပ် ဘူး။
ထပ်မေးမယ်၊ မင်းဘာအလုပ်လုပ်လဲ။
ကျွန်တော်ဘာအလုပ်မှ မလုပ် ဘူး။
မှားနေတယ်။ ပြန်ပြောပါ။ ကျွန်တော် ပျံကျအလုပ်သမားပါ။ ပြောကြည့်စမ်း။
ကျွန်တော် ပျံကျအလုပ်သမား ပါ။
လိုက်ပြောကြည့်ပါ။ ကျွန်တော် အမှိုက်သိမ်းတယ်။
ကျွန်တော်အမှိုက်သိမ်းတယ်။
ဟုတ်ပြီ။ လိုက်ပြောကြည့်ပါ၊ ကျွန် တော်မြောင်းဆယ်တယ်။
ကျွန်တော်မြောင်းဆယ်တယ်။
ထပ်ပြီး လိုက်ပြောကြည့်ပါ။
ကျွန်တော် ကုန်ထမ်းတယ်။
ကျွန်တော်ကုန်ထမ်းတယ်။
ငါပြောတာတွေ လိုက်ပြောပါ။ ကျွန် တော် အလေးကြီးကို ထမ်းနိုင်တယ်။
ကျွန်တော်အလေးကြီးကို ထမ်း နိုင်တယ်။
ကျွန်တော်နို့နဲ့ ပေါင်မုန့်ကြိုက်တယ်။
ကျွန်တော်နို့နဲ့ ပေါင်မုန့်ကြိုက် တယ်။
ကျွန်တော်တစ်နေ့ကို ၈နာရီ အလုပ်လုပ်တယ်။
ကျွန်တော်တစ်နေ့ကို ၈နာရီ အလုပ် လုပ်တယ်။
ကျွန်တော်တစ်နေ့ကို
အစာ ၃ ကြိမ်စားတယ်။
ဒါကို ကျွန်တော်လိုက်မဆိုနိုင် ဘူး။ ကျွန်တော်ဘာမှမစားရသေးတာ ၃ ရက်ရှိပြီ။
မဟုတ်ဘူး။ လိုက်ဆိုရမယ်။
ကျွန်တော်တစ်နေ့ကို
အစာ ၃ ကြိမ်စားတယ်။
ခင်ဗျားညာနေတာ။ ကျွန်တော် ဘာမှမစားရသေးဘူး။ လိုက်ဆိုပါ။ မင်းကိုနို့နဲ့ ပေါင်မုန့်ကျွေးမယ်။
ကျွန်တော်တစ်နေ့ကို အစာ ၃ ကြိမ်စားတယ်။
ကျွန်တော့်အဖေက ကူလီတစ်ယောက် ပါ။
ကျွန်တော့်အဖေက ကူလီတစ် ယောက်ပါ။
ကျွန်တော့်အဖေက အလေးကြီးတွေ ကို ထမ်းနိုင်တယ်။
ကျွန်တော့်အဖေက အလေးကြီး တွေကို ထမ်းနိုင်တယ်။
ကျွန်တော့်အဖေက နယူးယောက်မှာ။
ခင်ဗျားညာနေတာ။ ကျွန်တော့် မှာ အဖေမရှိဘူး။
ကိစ္စမရှိဘူး။ ဟေ့ကောင်ငါ့မှာလည်း အဖေမရှိဘူး။ မင်းသေသေချာချာ နားထောင်။ နို့နဲ့ပေါင်မုန့်ရတော့ မယ်။
ကျွန်တော့်အဖေက နယူး ယောက်မှာ။
ကျွန်တော်ငယ်ငယ်က ဦးခေါင်းပေါ် ကနေ ဖြတ်ပျံသွားတဲ့ လေယာဉ်ပျံကို မြင်ဖူးတယ်။
အဲဒါ တကယ်လား။
အဲဒါတကယ်ပဲ။ ကျွန်တော်ငယ်ငယ် က ဦးခေါင်းပေါ်ကနေ ဖြတ်ပျံသွား တဲ့ လေယာဉ်ပျံမြင်ဖူးတယ်။
ဟိုမှာမြင်လား၊ ပေါင်မုန့်နဲ့နို့ခွက်။ ဘယ်သူမှ မမြင်အောင်ယူခဲ့။

(၂)

ညဥ့်ကနက်ပြီ။ နာရီကိုကြည့် လိုက်တော့ သန်းခေါင်ယံနားနီးနေ ပြီ။ သူဗိုက်ဆာနေသည်။ ရေးလက် စ စာကိုရပ်ကာ တစ်ခုခုစားဖို့ စဉ်း စားသည်။ သူ့မှာပိုက်ဆံနည်းနည်းရှိ သေးသည်။ မနက်ဖြန်အတွက် ကောင်းကောင်းလုံလောက်သည်။ သူ သိမ်းဆည်းထားသော အသင့်ဖျော် ကောဖီထုပ်ကို သတိရလာသည်။ ရေနွေးတစ်ခွက်ရှိလျှင် ကော်ဖီတစ် ခွက်တော့ ရလိမ့်မည်။ ပေါင်မုန့်က တော့မရှိပါ။ ပေါင်မုန့်က ဈေးကြီး သည်။ ကရားထဲသို့ ရေထည့်ကာ ရေ နွေးတစ်အိုးတည်သည်။ ခဏမျှ ကြာလျှင်ပင် ကရားအိုးက တရွှီရွှီ မြည်လာတော့သည်။

နေမျိုး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*