2017 ခုနှစ်မှာ ကွာရှင်းပြတ်ဆဲ လမ်းခွဲခဲ့ကြတဲ့ Hollywood ဆယ်လီတွေ

2017 ခုနှစ်မှာ ကွာရှင်းပြတ်ဆဲ လမ်းခွဲခဲ့ကြတဲ့ Hollywood ဆယ်လီတွေ
December 28, 2017 Asian Fame
2017 ခုနှစ်မှာ ကွာရှင်းပြတ်ဆဲ လမ်းခွဲခဲ့ကြတဲ့ Hollywood ဆယ်လီတွေ

နာမည်ကြီးစုံတွဲတွေ ကြည့်လိုက်ရင် ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာနဲ့ အားကျစရာပါပဲ၊သူတို့လမ်းမခွဲခင်ထိပေါ့။ ဒီ ၂၀၁၇ အတွင်းမှာ ဘယ်ဆယ်လီတွေ လမ်းခွဲခဲ့ကြလည်းဆိုတာ ကြည့်လိုက်ကြရအောင်လား..

Scarlett Johansson နှင့် Romain Dauriac

နာမည်ကျော် Avanger မင်းသမီးတစ်လက်ဖြစ်တဲ့ Scarlett Johansson (Black Widow သရုပ်ဆောင်) ဟာ Romain Dauriac (ပြင်သစ်သတင်းထောက်ဖြစ်သူ) နဲ့ချစ်သူသက်တမ်း ၄နှစ်ကျော်ခဲ့ပြီး အိမ်ထောင်သက် ၂နှစ်မှာ လမ်းခွဲခဲ့တာဖြစ်ပါတယ်။ သူမဟာ ၂၀၁၇ နှစ်ဦးပိုင်းမှာ လမ်းခွဲခဲ့တာဖြစ်ပြီး Romain Dauriac နဲ့သူမ အတွက်သမီးဦးလေး Rose Dorothy ကိုမွေးဖွားခဲ့ပါတယ်။ သူမဟာ Romain Dauriac ကို Ryan Reynolds နဲ့ ကွာရှင်းပြတ်ဆဲခဲ့ပြီးမှ ချစ်ခဲ့ကြတာဖြစ်ပြီး Romain Dauriac ဟာဖြတ်ထိုးဥာဏ် ကောင်းလွန်းတဲ့အတွက် သူမသဘောကျခဲ့တာပါလို့ ပြောခဲ့ဖူးပါတယ်။

Katy Perry နှင့် Orlando Bloom

ဒီနာမည်ကြီး အဆိုတော်နဲ့ မင်းသားတို့စုံတွဲကတော့ မတ်လလောက်မှာ ချစ်သူတွေအဖြစ်က ရပ်ဆဲလိုက်ကြပေမယ့် မိတ်ဆွေတွေအဖြစ်နဲ့ ဆက်ရှိနေကြဦးမှာပါ။ ချစ်သူသက်တမ်း တနှစ်ကျော်ကျော် ချစ်ခဲ့ကြပြီးမှ အချိန်မပေးနိုင်မှုကြောင့် လမ်းခွဲခဲ့ကြရတာဖြစ်ပါတယ်။ တစ်နေရာထဲမှာ အတူတူရှိနေတာတောင် ချစ်သူအတွက် အချိန်မပေးနိုင်တဲ့အထိ အလုပ်ရှုပ်နေခဲ့တဲ့အတွက် Katy ကိုလမ်းခွဲခဲ့တာဖြစ်နိုင်ကြောင်း သတင်းတွေ ထွက်ခဲ့ပါသေးတယ်။ တကယ်လည်း Katy ဟာ အလုပ်အရမ်းများတဲ့သူ တစ်ယောက်ပါ။ Katy ဟာယခင်က Russell Brand နဲ့လက်ထပ်ခဲ့ဖူးပြီး Orlando ကတော့ Victoria Secret Model ဟောင်း Miranda Kerr နဲ့ချစ်သူဖြစ်ခဲ့ပြီး ၆နှစ်အရွယ် Flynn ဆိုတဲ့သားလေးတစ်ယောက် ရှိသူဖြစ်ပါတယ်။

Mariah Carey နှင့် Bryan Tanaka

ဒီစုံတွဲကတော့ နာမည်ကြီး အဆိုတော်မမ နဲ့ Dancer ကောင်လေးတို့ အချစ်ဇာတ်လမ်းပါ။ Mariah တို့အကြားက အဓိက ပြဿနာကတော့ Mariah နဲ့ သူမခင်ပွန်းဟောင်း Nick Cannon (Rap အဆိုတော်) ကြားက ရင်းနှီးမှုကို Bryan ကအလွန်သဝန်တိုလွန်းတာကြောင့်ပဲ ဖြစ်ပါတယ်။

Mariah ဟာ ခင်ပွန်းဟောင်း Nick နဲ့ Moroccan နှင့် Monroe ဆိုတဲ့ အမွှာကလေးနှစ်ဦးရခဲ့ပြီး ဒီကလေးတွေအတွက် သူမနဲ့ Nick တို့ ၂ဦးကြားမှာ အပြီးပြတ်တောက်ဖို့ဆိုတာ အရမ်းခက်ခဲပါတယ်။ အားလပ်ရက်တွေမှာ မိသားစုအနေနဲ့ သူတို့ဟာ ကလေးတွေနဲ့ အတူအချိန်ပေးလေ့ရှိတာမျိုးဟာ Bryan အတွက် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ပြီး သူ့စိတ်ထဲမှာ Mariah ဟာ Nick နဲ့ တဖြည်းဖြည်း ပိုပြီး နီးစပ်သွားနိုင်တယ်လို့ ထင်ခဲ့ပုံပါပဲ။ ပိုဆိုးသွားတာက Kids’ Choice ဆုပေးပွဲမှာ ပွဲကို Mariah ဟာ Nick ရယ် အမွှာလေးတွေရယ်နဲ့အတူ ပွဲတက်ခဲ့ပြီး အဲ့ပွဲမှာ Bryan တစ်ယောက် ဟန်မဆောင်နိုင်တဲ့အထိ မျက်နှာနီရဲနေတာကို တွေ့ရမှာပါ။ ထိုဆုပေးပွဲမှာ Nick ကိုပွဲမှာကျန်စေခဲ့ပြီး Mariah ကိုသူနဲ့အတူပြန်ဖို့ တောင်းဆိုခဲ့ပါသေးတယ်။ သဝန်တိုခြင်းဟာ Relationship တစ်ခုတည်ဆောက်တဲ့အခါ ဘယ်လောက်ထိ ထိခိုက်နိုင်လဲဆိုတာ Mariah တို့ စုံတွဲကတော့သက်သေပါပဲ။

Anna Faris နှင့် Chris Pratt

Jurassic World, Guardian of the Galaxy, Passenger စတား Chris နဲ့ Anna (Scary Movie, The House Bunny မင်းသမီး) တို့ဟာ ၈နှစ်ကြာ လက်တွဲခဲ့အပြီးမှာ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ လက်ရှိမှာတော့ Anna ဟာ ရုပ်ရှင်ဓာတ်ပုံဆရာတစ်ယောက်ဖြစ်တဲ့ Michael Barrett နဲ့ဒိတ်သည့်အခြေအနေမှာ ရှိနေပြီး သူတို့၂ယောက်စလုံးဟာ သူတို့ ရင်သွေးလေး Jack Pratt ၅နှစ်အရွယ်ရောက်တဲ့အချိန်မှာ လမ်းခွဲခဲ့ကြတာ ဖြစ်ပါတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*