
မြန်မာနိုင်ငံတွင် ရှေးအစဉ်အဆက်ကတည်းက အမဲလိုက်ပစ်ခတ် ခြင်း တောသားဟင်းလျာရောင်းချခြင်း စားသောက်ခြင်းနှင့် အချို့ကိုအိမ်မွေး တိရစ္ဆာန် မွေးမြူခြင်းများရှိခဲ့သည်။ ပြည်ထောင်စုက ထုတ်ပြန်ထားသော တည်ဆဲဥပဒေဖြစ်သည့် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ် ရေးသဘာဝနယ်မြေထိန်းသိမ်းရေး ဥပဒေကို၁၉၉၄ခုနှစ်က ထုတ်ပြန်ခဲ့ပြီး ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များစာရင်းကိုပါ ဥပဒေအရ ထုတ်ပြန် ထားခဲ့ကြောင်းသိရသည်။
”အမဲလိုက်တာနဲ့ ပတ်သက်လို့ အဲဒီဥပဒေရဲ့ အခန်း၅မှာ အမဲလိုက် ခွင့်ပြုခြင်း အမဲလိုက် လိုင်စင်လျှောက်ထားရယူခြင်းတွေပါဝင်ပါတယ်။စည်းမျဉ်းစည်းကမ်းများ အသေးစိတ်ကိုတော့ နည်းဥပဒေများ၂ဝဝ၂ခုနှစ် ထုတ်ပြန်ချိန်မှာ အသေးစိတ်ထည့်ထားတာတွေ့ရပါတယ်။ ဒါပေ့မဲ့ ဒီနေ့ အထိပြည်သူတွေ သိရှိနားလည်တာ လိုက်နာမှုမရှိတာ အားနည်းနေသေးတာကို တွေ့ရပါတယ်။တိရစ္ဆာန်ထွက်ပစ္စည်းတွေ အစိတ်အပိုင်းတွေ ကို အသုံးအဆောင် ပစ္စည်းတွေ ပြုလုပ်တာ အစားအသောက်နဲ့ ရှေးရိုးတိုင်းရင်းဆေးတွေမှာ အသုံး ပြုတာတွေကို ဒီနေ့အထိတွင်တွင်ကျယ်ကျယ်ဆောင်ရွက်နေတုန်းပါ” ဟု ဦးခင် မောင်ဝင်းက ထပ်ဆင့်ရှင်းပြသည်။
လှိုင်ဝင်းကို