Heineken Beer
Heineken Beer

ရန်ကုန်စီဂျေ၏ စွန့်စားခန်းများ -၁၁

ရန်ကုန်စီဂျေ၏ စွန့်စားခန်းများ -၁၁
December 20, 2017 Leanne Win

သတင်းစာဂျာနယ်တွေ၊ ရေဒီယိုရုပ်၊ သံတွေက အိမ်တိုင်းမှာမရှိ။ မိုဘိုင်းဖုန်းတွေက အိမ်တိုင်းမှာသာမကဘဲ လူတိုင်းနီးနီးမှာရှိသမှုတ်လား။ ဖုန်းကလေးတစ်ချက်ပွတ်ကြည့်လိုက်… ။ သတင်းတွေ… သတင်းတွေ…သတင်းတွေတန်းစီလို့ တက်လာကြပါပကော။ ပူပူနွေးနွေးသတင်းတွေ… ရောင်စုံသဘာဝဓာတ်ပုံတွေနှင့်…

“စီဂျေ”ဟု အတိုကောက်ခေါ်ဝေါ် ဂျေ”ဟု အတိုကောက်ခေါ်ဝေါ်  သော လွတ်လပ်သည့် ပြည် သူ့သတင်းသမားတစ်ဦးသည် ပြည် သူတို့ကို နေ့စဉ်နှင့်အမျှ အချိန်မရွေး အကျိုးပြုနေတာကိုတော့ ငြင်းမည့် သူမရှိဟု ရန်ကုန်စီဂျေက ဧကန် မလွဲယုံကြည်သည်။ ကြည့်လေ … ပြည်သူတစ်ဦးသည် လတ်ဆတ်သော သတင်းတစ်ပုဒ်ကို အချိန်နှင့် တစ် ပြေးညီ In Time စားသုံးခွင့်ရ၏။ သတင်းစာဂျာနယ်တွေ၊ ရေဒီယို ရုပ်၊ သံတွေ ရာဇဝင်ထဲမှာ နေရစ်ခဲ့ကြ တော့။ သတင်းစာဂျာနယ်တွေ၊ ရေဒီ ယိုရုပ်၊ သံတွေက အိမ်တိုင်းမှာမရှိ။ မိုဘိုင်းဖုန်းတွေက အိမ်တိုင်းမှာသာ မကဘဲ လူတိုင်းနီးနီးမှာရှိသမှုတ် လား။ ဖုန်းကလေးတစ်ချက် ပွတ် ကြည့်လိုက်… ။

သတင်းတွေ… သတင်းတွေ…သတင်းတွေတန်းစီ လို့ တက်လာကြပါပကော။ ပူပူနွေး နွေးသတင်းတွေ… ရောင်စုံ သ ဘာဝ ဓာတ်ပုံတွေနှင့်…။ “ငါ့ဘဝမှာ လောက်လောက် လားလားဘာမှ မဖြစ်ခဲ့ပေမယ့် အခု တော့ ၂၁ ရာစု လူသားပီသတဲ့ အ မှတ်လက္ခဏာအဖြစ် ပြည်သူ့သတင်း သမား တစ်ယောက်ဖြစ်လာပြီ။ စီဂျေလို့ ဘွဲ့ နာမည်ရတဲ့ Citizen Journalist တစ်ဦးဘဝကိုရခဲ့ပြီ”ဟု စီဂျေက အလည်လာသော သူငယ် ချင်းရှေ့မှာ အာကျယ်အာကျယ်နှင့် ကြွားလုံး ထုတ်သခိုက်…

တစေ့ တစောင်း ချောင်းနားထောင်နေ သော ဖခင်ကြီးက “ဘာစီဂျေလဲကွ၊ ဖေတော့မောင်တော့တွေ တောင်ရေး မြောက်ရေး လျှောက်ရေးတဲ့ စီဂျေ လား။ ငွေတစ်ပြားမှ မဝင်တဲ့အလုပ် လက်မဲ့ ဖွတ်ကြား စီဂျေလား.. .”ဟု လှမ်းအော်လေသည်။

စီဂျေသည် ဇက်ကလေး ပုသွား ပြီးမှ ၂ဝ ရာစုထဲက ထွက်ချင်ပုံ မရ သေးသော ဖခင်ကြီးကို “မရိုမိုးရှင်း” လုပ်ပေးရန် ဖခင်ကြီးဘက်သို့ လှည့် လိုက်သည်။စီဂျေသည် ဇက်ကလေး ပုသွား ပြီးမှ ၂ဝ ရာစုထဲက ထွက်ချင်ပုံ မရ သေးသော ဖခင်ကြီးကို “မရိုမိုးရှင်း”လုပ်ပေးရန် ဖခင်ကြီးဘက်သို့ လှည့် လိုက်သည်။

“ခေတ်ကြီးက ပြောင်းနေပြီ ဒယ်ဒီရဲ့၊ ခေတ်ကြီးပြောင်းသလို သတင်းမီဒီယာတွေလည်း အပြောင်း လဲကြီး ပြောင်းလဲသွားပြီ။ ဟောသည် ခေတ်ကြီးထဲမှာ လက်ကိုင်ဖုန်းကလေး တစ်လုံး ကိုင်နိုင်တဲ့သူမှန်သမျှ သ တင်းသမား ဂျာနယ်လစ်တစ်ယောက် ဖြစ်နိုင်တယ်။ သားတို့လိုပေါ့ ဒယ်ဒီ ရယ်…။ လူထုဟာ သတင်းစာ ဖတ်မှ၊ တီဗီကြည့်မှ သတင်းတွေ သိနိုင်တဲ့ ဘဝက လွတ်သွားပြီ။ လက်ကိုင်ဖုန်း တစ်လုံးရှိရင် သတင်း တွေလည်း သိနိုင်တယ်။ မိမိကိုယ်တိုင် သတင်းတွေကို ဖြန့်ဖြူးနိုင်တယ်…။ ဆန္ဒရှိရင် ဖေဖေကိုယ်တိုင် စီဂျေလို့ ခေါ်တဲ့  လူထုသတင်းထောက် ဖြစ် သွားနိုင်တယ်။ ခေတ်ကြီးက အဟုတ် ကို ပြောင်းလဲနေတာပါ ဒယ်ဒီ ရာ…”

“အေး… ခေတ်ကြီးက ပြောင်းလဲပေမယ့် မင့်ဘဝကတော့ မပြောင်းလဲသေးဘူး။ မိဘအိမ်မှာ ကပ်စားနေတဲ့ ဘွဲ့ရ အလုပ်လက်မဲ့ မျောက်လောင်းက မျောက်လောင်းပဲ။ ဝါသနာကို အသက်မွေးဝမ်းကျောင်း မှု အတတ်ပညာအဖြစ်မပြောင်းလဲ နိုင်ရင် မင်းဘဝဟာ လမ်းပေါ်မှာ မယ်ဒလင်လေးတီးပြီး ပိုက်ဆံလိုက် တောင်းနေတဲ့ မျက်မမြင်သူတောင်း စားတို့ရဲ့  ဘဝလောက်တောင် တန် ဖိုးရှိမှာ မဟုတ်ဘူး”

“အံမယ်လေး။ ရက်စက်လိုက်ပါ ဘိ ဒက်ဒီရယ်…”

“မင်းတို့ အဆင့်က အလုပ်မရှိ အကိုင်မရှိ၊ အရပ်ထဲ အတင်းလည် ပြောနေတဲ့ မုဆိုးမ သာသာပဲ ရှိသ ကွ။ ပိုက်ဆံကလည်း ကုန်သေး…”

ဘူး။ မြန်မာနိုင်ငံမှာလည်း အော တိုက်ပြီး ပြည့်လျှံနေတာ။ နောက်ဆုံး တော့ တယ်လီဖုန်း ကုမ္ပဏီကြီးတွေ ပိုက်ဆံတွေကို ထားစရာ မရှိအောင် ကြီးပွား ချမ်းသာသွားကြတာပဲ။ အကျိုးရှိအောင် အသုံးချမှ အကျိုးရှိ တာကွ။ အကျိုးမရှိရင် ငွေကုန်သံပြာ ပဲ… ထွီ”ဘူး။ မြန်မာနိုင်ငံမှာလည်း အော တိုက်ပြီး ပြည့်လျှံနေတာ။ နောက်ဆုံး တော့ တယ်လီဖုန်း ကုမ္ပဏီကြီးတွေ ပိုက်ဆံတွေကို ထားစရာ မရှိအောင် ကြီးပွား ချမ်းသာသွားကြတာပဲ။ အကျိုးရှိအောင် အသုံးချမှ အကျိုးရှိ တာကွ။ အကျိုးမရှိရင် ငွေကုန်သံပြာ ပဲ… ထွီ”အဘိုးကြီး ဒေါခီးနေစဉ် အိမ် ရှေ့ လမ်းမပေါ်တွင် လူအုပ်ကြီး ညာသံပေး၍ အော်ဟစ်ပြေးလွှား သွားသည်ကို စီဂျေနှင့် သူ၏ သူငယ် ချင်းတို့တွေ မြင်လိုက်ကြ သည်။

“အဲဒါ သတင်းပဲဒယ်ဒီ။ စား သုံးသူ သတင်းပရိသတ်ဟာ ထမင်း မစားရရင်သာနေမယ်၊ သတင်းမစားရ ရင် မနေနိုင်တဲ့ ခေတ်ကို ရောက်နေ ပြီ။ ဟေ့ယောင် သတင်းနောက်ကို လိုက်ကြည့်စို့…

” စီဂျေက ဖခင်ကြီးကို လှမ်းပြော ရင်း သူငယ်ချင်းကို လက်ကုတ် အချက်ပေးလိုက်သည်။ “မင်းလည်း…သတင်းပဲ စား နေပေတော့။ ထမင်း မစားနဲ့ တော့. ..။ သတင်းရှိတဲ့ လမ်းပေါ်မှာပဲ နေပေတော့ ဒါပဲ” ဖခင်ကြီး၏ သံမဏိအမိန့် တော်မြတ်ကိုပင် ဂရုမစိုက်အား တော့ဘဲ စီဂျေတို့နှစ်ယောက် သ တင်းနောက်သို့ အပြေးအလွှား လိုက် သွားကြသည်။ သူတို့ရှေ့မှ ပြေးသွား ခဲ့သော လူအုပ်ကြီးသည် လမ်းဆုံ တစ်နေရာတွင် စုဝေးနေလေသည်။ လမ်းဆုံသို့ ရောက်၍ အကျိုး အကြောင်း စုံစမ်းကြည့်သော အခါ စီဂျေအမောမပြေဘဲ အမောဆို့သွား သည်။ ဖြစ်ပုံကတော့…

နေခင်း ကြောင်တောင် သူခိုးလိုက်ဖမ်းသော လူအုပ်ကြီး လမ်းဆုံသို့  မရောက်မီ လမ်းဆုံမှာ အရပ်ဝတ်နှင့် ရုပ်ဖျက် ထားသော နယ်ထိန်းရဲများက သူခိုး ကို ဖမ်းမိပြီး ရဲစခန်းသို့  ခေါ်ဆောင် သွားခြင်းဖြစ်၏။ “မနွှာလိုက်ရတာ နာသကွာ ”  “မိတာနဲ့ အဲဒီသူခိုးကို လက်သီး တစ်လုံးလောက် ကျွေးမလို့။ ခွေး ကောင် ကံကောင်းသွားတယ်. ..

” သူတို့ကိုယ်တိုင် ခိုး၊ ဆိုး၊ လု၊ နှိုက် ပုံစံပေါက်နေသူနှစ်ဦးက တဗျစ် တောက်တောက်လုပ်နေသည်ကို စီဂျေတွေ့ရသည်။ “မင်းတို့က သူခိုးထင်ပြီး လိုက် တဲ့ ကောင်ကလေးက တကယ်တော့ သူခိုးမဟုတ်ဘူး။ ပန်းရံလုပ်တဲ့ လူကောင်းကလေးပါ။ ကွဲနေတဲ့ မိန်းမကို လာတွေ့တုန်း ယောက္ခမကြီး က သူခိုး…သူခိုး လို့ ဇွတ်အော်တာ နဲ့ ကြောက်အားလန့်အား ထွက်ပြေး ရှာတာ…

” သားသားနားနား ဝတ်ဆင်ထား သည့် အဘိုးကြီး တစ်ယောက်က အဖြစ်မှန်ကို ကြေညာလိုက်သည်။ “အဲသဟာပေါ့ကွာ။ ငှက်မသိ တော့ ဆက်ရက် ချိုးထင်။ အချက် မသိတော့ သမက်သူခိုးထင် ဆိုတာ. ..” ဟု လူတစ်ယောက်က မှတ်ချက် ပေးနေစဉ် စီဂျေတို့ နှစ်ယောက်လည်း သက်ပြင်း ကိုယ်စီမှုတ်ကာ လူအုပ် ကြီး အနီးမှ ထွက်လာခဲ့ကြသည်။ စီဂျေက အိမ်မပြန်ချင်၍ နီးရာ လက် ဖက်ရည်ဆိုင် ထဲသို့ ဝင်ခဲ့ကြသည်။ လက်ဖက်ရည် ဆိုင်ကနေ သတင်း အစအန ကြားရတတ်သည် မဟုတ်ပါ လား။ ဤလက်ဖက်ရည်ဆိုင်တွင် စီ ဂျေမွေးထားသော စီဂျေထံ သ တင်းပေးတတ်သည့် ပလာတာရိုက် သော သတင်းပေးကုလားလေးရှိ သည်။ “ဆရာသာ လာတာနဲ့ အတော် ပဲ။ ဆရာသာ့ကို သတင်းထူးတစ်ခု ပေးစရာရှိတယ်”ဟု နိဒါန်းပျိုးကာ ရပ်ကွက်ထဲ၌ ကိုရီးယားတွေ ရောက် နေကြောင်း၊ တိုက်အိမ်တစ်လုံကို ငှား ၍ ငွေစု ငွေချေး ဘဏ်တစ်ခုဖွင့် ထားကြောင်း ကုလားကလေးက ပြောပြ၏။ အင်း…ကိုရီးယားတွေက တော့ ခွေးလှေးပျား တောအနှံ့ဆို တာလို ဖြစ်နေပြီ။ ကိုရီးယား ဇာတ်လမ်းတွဲက အစ ကိုရီးယားတုတ် ထိုးအလယ်၊ ကိုရီးယား ငွေစုဘဏ် အဆုံးဖြစ်နေပြီ…ဟု စီဂျေက အတွေးနယ်ချဲ့မိသည်။ ကုလားကလေး ပေးလိုက်သော လိပ်စာအတိုင်း စီဂျေတို့ နှစ်ယောက် လာခဲ့ကြသည်။ ကိုရီးယားစာတစ်ဝက် မြန်မာစာတစ်ဝက် ဆိုင်းဘုတ် ချိတ်ထားသည့် တိုက်အိမ်ရှေ့မှာ စီဂျေတို့ရပ်လိုက်ကြသည်။ တိုက်အိမ် ထဲကနေ ဗလကောင်းကောင်း မြန် မာလူကြီးတစ်ယောက် ထွက်လာ သည်။ စီစီတီဗီကင်မရာကလည်း စီဂျေတို့ကို အလွတ်မပေးပါ။ “ဘာကိစ္စလဲ”ဟု လူကြီးက ခပ်မာမာမေးသည်။ “ကျွန်တော်တို့က သတင်း ထောက်တွေပါ..”

“ဒီမှာ ဘာသတင်းမှ မရှိဘူး။ သွားကြတော့။ ပေါက်တယ်နော် …” မြန်မာလူကြီးက ဟောက်သံပါ ပါ ပြောနေစဉ် စီဂျေသည် “သူ့ဆန် စားတော့ ရဲရပေသကိုး…”ဟု နှလုံးသွင်းလိုက်ရလေတော့သည်။

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*