Heineken Beer
Heineken Beer

ဆောင်းအိမ်မက်

ဆောင်းအိမ်မက်
December 13, 2017 Leanne Win

အမြဲတမ်း စစ်ပွဲစတင်တယ်။

အမြဲတမ်း လက်နက်ချတယ်။

အမြဲတမ်း စစ်ပြေငြိမ်းတယ်။

အမြဲတမ်း ချစ်ကြည်ရေးကတိ တွေပေးတယ်။

အမြဲတမ်း စစ်ပွဲပြန်စတယ်။

အမြဲတမ်း လက်နက်ချတယ်။

အမြဲတမ်း … အမြဲတမ်း … သမီးရည်းစားတွေပါ။

မိန်းကလေးတွေက တစ်ခါတ လေ ခက်တယ်။ ဆံပင်ကိုသာစက်နဲ့ ဆွဲပြီးဖြောင့်ပစ်လိုက်လို့ရမယ်။ စိတ် ကိုတော့ ဘယ်ဖြောင့်စက်နဲ့မှ ဆွဲ ဖြောင့်လို့မရဘူး။ သူတို့က ပြောသေး တယ်။

“စိတ်ကောက်တာချစ်လို့”

သူတို့အပြောကလွယ်တယ်။ ယောက်ျားတွေကျမလွယ်ဘူး။ ဘာမှ  မဟုတ်တဲ့ကိစ္စတွေနဲ့ အပြစ်ပြော၊ စိတ်ကောက်ခံရတယ်။ ပြန်ချော့တာ လည်း ပိုက်ဆံကုန်ရတယ်။ နံဘေး နားထားပြီး

“တစ်သက်လုံး မခေါ်တော့ဘူး” က လုပ်သေးတယ်။ အမှန်တော့ ချာလီချက်ပလင်ပြောခဲ့တာ အမှန်ပဲ။ “အသံတိတ်ရုပ်ရှင်ဇာတ်ကားခေတ် ကုန်သွားတာ သိပ်နှမျောဖို့ကောင်း တယ်။ ခင်ဗျားတို့ပဲ စဉ်းစားကြည့် လေ။ မိန်းမတစ်ယောက်ပါးစပ်လှုပ် တယ်။ ဒါပေမဲ့ ဘာအသံမှ မကြားရ ဘူး။ ဘယ်လောက်ကြည်နူးစရာ ကောင်းလဲ။

မှန်တော့မှန်သားနော့။  တကယ်မှာလည်း ပြဿနာအ ရင်းအမြစ်တွေက မိန်းကလေးတွေရဲ့ စကားကနေ စကြတယ်။ မိန်းကလေး တွေသာ စကားမများရင်၊ ဘာပြဿ နာကြီးကြီးမားမားမှရှိလာမှာ မဟုတ်ဘူး

” ဒီကြားထဲမှာ အပျိုကြီးတချို့က ရှိသေး။

“ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်လို့ ဘယ်ယောက်ျားမှ အားမကိုးဘဲ အပျိုကြီးလုပ်နေတာ။ ရှင်းတယ်နော်”

“ယောက်ျားဆိုတာ အပူတွေပါ” ပြောတုန်းမှာမရယ်ဘူး။ ဒါပေမဲ့ သူများ ကလေးချောချောလှလှလေး တွေမြင်ရင် ခိုးချီပြီး “ဟယ် ကလေး လေးကချစ်စရာလေး။ ဒါမျိုး တစ် ယောက်လောက် မွေးချင်လိုက်တာ။” အားမလိုအားမရဖြစ်ပြန်ရော။ ဒီမယ် ပြန်စဉ်းစားကြည့်လေ။

  “ဘယ်ယောက်ျားမှ အားမကိုး ရင် မွေးမလား ဒီလိုကလေးမျိုး” သြော် မိန်းကလေးတွေချည်း ပြောနေလို့မဖြစ်ဘူး။ ခုခေတ် ယောက်ျားလေးတွေကလည်း သိပ် တော့ကောင်းတာမဟုတ်ဘူး။ ချစ်စ ခင်စဆို သိပ်သိသာတာ။ အလုပ်က နေ အိမ်ကိုဘယ်လောက်ဝေးဝေး လမ်းလျှောက်ပြန်တာ။ အိမ်အ ရောက် လိုက်ပို့တာ။  “ဘာလို့ဒီလောက်အဝေးကြီး ဘာလို့လမ်းလျှောက်ပြန်လဲ”ဆိုရင်  “ချစ်သူနဲ့အချိန်အကြာကြီး နေရတာကြည်နူးလို့” အံမယ် လမ်းမှာတွေ့တဲ့ တုတ်ထိုး၊ ကြာဆံ သုပ်၊ အာပူလျှာပူ၊ ဆမူဆာ၊ ပလာ တာ စသည်ဖြင့် ပြုံးပြုံးကြီး လွေးသွား သေးတာ။  “အေးအေး၊ ဟုတ်မှာပေါ့။ ကြည်နူးမှာပေါ့” ဒါပေမဲ့ သိပ်မကြာဘူး။

“လမ်းလျှောက်ရတာ ညောင်း တယ်ကွာ။ ဘတ်စ်ကားစီးပြန်ကြတာ ပေါ့” ဒါလည်း မှန်တော့မှန်ပါတယ်။ နေ့တိုင်းကြီးလည်း လမ်းလျှောက်ပြီး မကြည်နူးနိုင်ဘူးလေ။ ကျန်းမာရေး အတွက်ပါ။ အနည်းငယ်သက်သာတဲ့ ဘတ်စ်ကားစီးသွားကြတာပေါ့။  အံမာ၊ ဘတ်စ်ကားပေါ်မှာ တောင် လူတိုးရင် ကိုယ့်ချစ်သူကို ထိမှာစိုးလို့ ချိုကျိုးနားရွက်ပဲ့နဲ့ ကာ ပေးထားသေးတာ။ လူက လေတိုက် ရင်တောင် လွင့်ချင်ရင်လွင့်မှာ။ ချစ် သူရှေ့မှာတော့ အုတ်တံတိုင်းပဲ။  နည်းနည်းကြာတော့။

“တစ်ယောက်တည်း တက္ကစီ နဲ့သာပြန်လိုက်တော့နော်။ အလုပ် တွေ မပြီးသေးလို့”

အမှန်တော့ ဘာမှမဟုတ်ဘူး။ ဘော်ဒါတွေနဲ့ ဘီယာချဖို့ ချိန်းထား လို့။ ရည်းစားပါလာရင် ကန့်လန့်ကန့် လန့်နဲ့ ကာရာအိုကေသွား၊ မာဆတ် သွားမရဖြစ်နေမှာစိုးလို့။ ဒါကြောင့် အမြန်ပြန်လွှတ်နေတာ။  သီအိုရီ တစ်ခုပြောပြပါ့မယ်။ ဘယ်သူမဆို အချိန်အတိုင်းအတာ တစ်ခုမှာ ကိုယ့်ချစ်တဲ့သူနဲ့အတူရှိ ချင်နေကြတာအမှန်ပါပဲ။ ဒါကြောင့် လည်း ကိုယ့်ချစ်သူနဲ့အတူ နေရဖို့ အသည်းအသန် ကြိုးစားကြပါတယ်။ စိတ်ထဲမှာလည်း “ကိုယ့်ချစ်သူနဲ့ အတူနေရရင် ပြီးပြည့်စုံတဲ့ဘဝတစ်ခု စတင်ပြီ” လို့ ထင်မှတ်ကြပါတယ်။ ဒါပေမဲ့ ကြာလာတဲ့အခါ “ချစ်တဲ့သူနဲ့ အတူနေရဖို့ထက်၊ အတူနေတဲ့သူကို ချစ်နိုင်ဖို့ ပိုပြီးခက်ခက်လာကြတယ် လေ”

   အကြည်တော်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*