Heineken Beer
Heineken Beer

၁ဝနှစ်တာရင်းနှီးခဲ့တဲ့၊ ၄နှစ်လောက်အိမ်ထောင်ပြုခဲ့တဲ့ ယောက်ျားတစ်ယောက်ဆီကနေ ကတိတစ်ခု၊ သစ္စာတစ်ခုကို လိုချင်တယ် ချမ်းချမ်း

၁ဝနှစ်တာရင်းနှီးခဲ့တဲ့၊ ၄နှစ်လောက်အိမ်ထောင်ပြုခဲ့တဲ့ ယောက်ျားတစ်ယောက်ဆီကနေ ကတိတစ်ခု၊ သစ္စာတစ်ခုကို လိုချင်တယ် ချမ်းချမ်း
December 6, 2017 Leanne Win

ချမ်းချမ်းရဲ့ “သို့…ချစ်နေတုန်းပဲ” ဆိုတဲ့ အခွေကိုဒီဇင်ဘာ ဒုတိယ အပတ်မှာ စတင်ဖြန့်ချိတော့မှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ် တစ်ပတ်ကျော် ကာလက စတင်ပြီး သတင်းစာမှာ ကွာရှင်းပြတ်စဲကြောင်း ဖော်ပြခဲ့တာကစလို့ ချမ်းချမ်းရဲ့ အိမ်ထောင်ရေးအကြောင်းကို မီဒီယာ တွေကရော၊ ပရိသတ်တွေကပါ စိတ်ဝင်တစားရှိကြပါတယ်။ သူမရဲ့ အိမ်ထောင်ရေး နဲ့ ပတ်သက်ပြီးလည်း အနည်းငယ် မေးမြန်းဖြစ်တဲ့အခါမှာတော့…

“အစ်မ တို့ မိသားစုအရင်တုန်းက ၃နှစ်တာကာလက တအားပျော်ခဲ့ရ တယ်။ ဒီတစ်နှစ်အတွင်းမှာသာ အစ်မတို့ မိသားစု ဒီလိုပြဿနာတွေဖြစ်ခဲ့တယ်။ အစ်မလည်းညှိခဲ့တယ်။ ဘယ်လောက် ပဲညှိညှိ တစ်ယောက်နဲ့ တစ်ယောက်က ပွင့်လင်းမှု၊ ရိုးသားမှု မရှိဘူးဆိုရင် ညှိတာ အလကားပဲလေ။ သူခံစားနေရ တာတွေကို အခုကျမှ အစ်မသိလာရ တယ်ဆိုကတည်းကိုက တော်တော်လေး စိတ်မကောင်း ဖြစ်ဖို့တော့ ကောင်း တယ်။ သူလိုအပ်နေတာက ဒါပဲလား။ ဒါပဲဆိုလို့ရှိရင်လည်း အစ်မအနေနဲ့ ဘာမှပြုပြင်ဖို့က မခဲယဉ်း ဘူး။ ဒါပေမဲ့ အစ်မအတွက်ကျတော့ အစ်မမလိုချင်တဲ့ အချက်ကို သူက ကျူးလွန်ခဲ့တာလေ။ အဲဒီအချက်ကို တော့ အစ်မဘယ်လိုနည်းနဲ့ ခွင့်လွှတ်နိုင်မလဲဆိုတာ အချိန်ယူရဦးမယ်။ လွယ်လွယ်နဲ့ အိမ်ထောင်တစ်ခုကိုပြန် ပြီးတည်ဆောက် ဖို့ဆိုတာ အစ်မအတွက် မလွယ်ဘူး။ အစ်မခွင့်မလွှတ် ဘူးဆိုတာထက် အစ်မရဲ့ ရပိုင်ခွင့်ပေါ့နော်။ ၁ဝနှစ်တာ ရင်းနှီးခဲ့တဲ့၊ ၄နှစ် လောက် အိမ်ထောင်ပြုခဲ့တဲ့ ယောက်ျား တစ်ယောက်ဆီကနေ အစ်မကတိတစ်ခု၊ သစ္စာတစ်ခုကိုလို ချင်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*