လမ်းမထက် ကပြုတ်​ကျကျန်​ရစ်​သည်​များ
လမ်းမထက် ကပြုတ်​ကျကျန်​ရစ်​သည်​များ
November 29, 2017 Asian Fame
ဘာရယ်​လို့မဟုတ်​၊ အ​ကြောင်း ဘာရယ်​လို့မဟုတ်​၊ အ​ကြောင်း ထူးလည်း မဟုတ်​ပါ​ချေ။ ​နေ့စဉ်​နှင့်​အမျှပင်​ လှုပ်​ရှားသွားလာ ဖြတ်​သန်း နေကြရ​သောလမ်း​တွေ ပေါ်မှာ ​တွေ့မိမြင်​မိတာ​လေး​တွေပါ။ အစပထမ​တော့ မှတ်​မှတ်​ထင်​ထင်​ သတိရယ်​လို့ မထားခဲ့မိပါ​ပေ။ တဖြည်း ဖြည်းနှင့်​ အ​တွေ့ရများလာ​သောအခါ သူတို့​လေး​တွေအ​ကြောင်းကို စိတ်​ဝင်​စားလို့ လာရပါသည်​။
စာရေးသူတို့ အပါအဝင်​ ​လော ကလူသားတို့သည်​ မနက်​မိုးလင်းမှ မိုးချုပ်​သည့်​တိုင်​ မိမိတို့​နေအိမ်​များမှ ဦးတည်​ရာ​နေရာဌာနများသို့ သွား လာကြရသည်​တွင်​ လမ်းများနှင့်​ ​နေ့ တဓူဝမကင်းနိုင်​ကြ​ပေ။ လမ်းဟုဆို ရာတွင်​လည်း လမ်းမများ၊ လမ်းသွယ်​ များ၊ လမ်းကျယ်​များ၊ လမ်းကျဉ်းများ စသည်​ဖြင့်​ အသီးသီးဖြတ်​သန်း သွား လာကြရပါသည်​။
ဤသို့သွားလာရသည်​တွင်​ ​ခြေ လျင်​တစ်​ဖုံ၊ စက်​ဘီးဆိုင်​ကယ်​နှင့်​ တစ်​မျိုး၊ ကားရထားစသည်​ တစ်​လီ အမျိုးမျိုးဖြင့်​ အသုံးပြုကြရသည်​ပင်။ မည်​သို့ မည်​ပုံသွားလာသည်​ဖြစ်​​စေ လမ်းနှင့်​ ၄င်းလမ်းတို့အ​ပေါ် ဖြတ်​သန်းသွားလာ​နေကြသူ သက်​ရှိအ​ပေါင်းက​တော့ ထိစပ်​ပတ်​သက်​​နေ မည်​မှာ အ​သေအချာပင်​။ လမ်းနှင့်​ လမ်းအသုံးပြုသူတို့၏ ​ရှောင်​လွှဲမရ​သော ဓမ္မတာလည်း ဖြစ်​​နေပြန်​ပါ သည်​။ လမ်း​ကောင်း၊ လမ်းညံ့၊ လမ်း​ ဘေးဝဲယာရှိ သစ်​ပင်​၊ ပန်းမန်​မြက်ခင်း၊ အ​ဆောက်​အဦ၊ တံတိုင်းစသည်​တို့က​တော့ ​ယေဘုယျသ​ဘော အခင်းအ ကျင်းများဖြစ်​ပါ၏။ လမ်း၏အနိမ့် အမြင့်​၊ အ​ကွေ့အ​ကောက်​အ​ဖြောင့် တို့ဖြင့်​လည်း ပသာဒကိုဖြစ်​​စေပါ၏။ သဲလမ်း၊ ​မြေလမ်း၊ ကတ္တရာလမ်း၊ ကွန်​ကရစ်​လမ်းတို့ဖြင့်​လည်း အမျိုးစုံ လင်​စွာတွေ့ကြုံရမည်​လည်းဖြစ်​ပါ၏။ လမ်း​ဘေး အရိပ်​ရပင်​များ၊ အလှစိုက်​ပျိုးပင်​များ၊ မြက်​ခင်းများဖြင့်​ တန်​ဆာဆင်​ထားသည်​ကိုလည်း ​တွေ့မြင်​နိုင်​ပါ၏။
မိမိတို့ သွားလာ​နေကျလမ်းဖြစ်​ပါမူ မသိစိတ်​ကပင်​ လမ်းအ​ကြောင်း ကို သိရှိ​နေ​ပေလိမ့်​မည်​။ ဘယ်​​နေ ရာက ချိုင့်​က​လေး၊ ဘယ်​​နေရာကအ​ကွေ့၊ ဘယ်​​နေရာမှာ ဘာအပင်​၊ ဘယ်​အ​ဆောက်​အဦ စသည်​စသည်​ဖြင့်​ အလိုအ​လျောက်​ မှတ်​မိနေသည်​မှာ ထူးဆန်းသလိုလိုပင်​ ဖြစ်​ပါသည်။
အဆိုပါလမ်းများကိုပင်​ အမည်​နာမ အမျိုးမျိုးဖြင့်​ သတ်​မှတ်​​ခေါ် ဆိုကြရ ပါသည်​။ အချို့လမ်းများက နိုင်​ငံ သမိုင်းတွင်​ ထင်​ရှားခဲ့ ကြသည့်​ ပု ဂ္ဂိုလ်​များကို ဂုဏ်​ပြု​ခေါ်ဆိုထားကြပါ သည်​။ အချို့လမ်းများက ​ဒေသ အမှတ်​အသား သရုပ်​သကန်​များကို အစွဲပြုကာ သတ်​မှတ်​ထားကြပါသည်။ အချို့လမ်းများမျာ​တော့ ပန်းနာမည်​ အမျိုးမျိုးဖြင့်​ မှတ်​သား​ခေါ်ဆိုကြ ပါသည်​။ အချို့လမ်းများမှာ ကိန်း ဂဏန်းအစဉ်​ဖြင့်​ မှတ်​တမ်းတင်​ကာ ​ခေါ်ဆိုကြရပါသည်​။ အချို့ လမ်းများ မှာ​တော့ လမ်းနာမည်​ရယ်​လို့မည်​မည်​ရရမရှိသည်​များလည်း ​တွေ့ရ ပါသည်​။
လမ်းဋီကာကို ချဲ့ပြီးသကာလ စာ​ရေးသူ၏ ဘဝင်​ကို အတန်​ငယ် ​လှုပ်​ခတ်​​စေခဲ့သည့်​ အ​ကြောင်းချင်း ရာကို တင်ပြ​ပြောဆို မှာဖြစ်​ပါသည်။ ဤစာစု၏ အစပိုင်းတွင်​ ​ဖော်​ပြခဲ့သ လို ထူးဆန်း​ထွေပြားသည့်​ အကြောင်း အရာတစ်​ခုလည်း မဟုတ်​ပါဟု ကြို တင်​ကာ အသိ​ပေးထားပြီးလည်းဖြစ်​ပါသည်​။ စာရှုသူအ​နေနှင့်​ ရယ်​​သွေး သွမ်းမှာကို​တော့ စဉ်းငယ်​စိုးရိမ်​စိတ်​ အမှန်​ပင်​ ဖြစ်​မိပါသည်။
စာ​ရေးသူမှာ ဟိုနားသည်​နား စသည့်​အနီးအနားဆိုလျှင်​ ​ခြေလျင်​သွားပါသည်​။ ​ဝေး​ဝေးလံလံဆိုရင်​​တော့ စီး​တော်​ယာဉ်​ဆိုင်​ကယ်​နှင့်​ သွားပါသည်​။ များ​သောအားဖြင့်​ ​ခြေလျင်​ထက်​ ဆိုင်​ကယ်​နှင့်​သွားလာ သည်က ပို၍များပါသည်​။
ဤသို့သွားရင်း လာရင်း၊ ဆိုင်​ကယ်​စီးနင်းရင်း လမ်း​ပေါ်သို့မဟုတ်​ လမ်း​ဘေးတွင်​ မကြာခဏဆိုသလိုတွေ့ မြင်​ပါများ​တော့ သတိထားမိလာရပါ သည်​။ ​တွေ့မြင်​ကာစမှာမူ အထူးအ​ထွေ မှတ်​မှတ်​သားသား မရှိ​သေးပါ။ ​နောက်​များတွင်​ တဖြည်းဖြည်း စိတ်​ဝင်​တစားရှိလာရပါသည်​။ ၄င်းအရာ ဝတÄု​လေး​တွေအ​ပေါ်တွင်လည်း စဉ်း စားဆင်​ခြင်​မိကာ အ​တွေးလည်းပွား မိပါသည်​။ ယင်းတို့၏ ​နောက်​​ကြောင်းရာဇဝင်​ကိုလည်း ​စေ့ငုကာ ဆက်​စပ်​ခန့်​မှန်းရ​သော အလုပ်​တစ်​ခုပင်​ ပိုလိုက်​ပါ​သေးသည်။ ထိုအရာ ဝတ္ထု​လေးများကား သက်​ရှိမဟုတ်​၊ သစ်​ပင်​ပန်းမန်​တို့ မ ဟုတ်​၊ လမ်း​ပေါ်ပြုတ်​ကျကျန်​ရစ်​ခဲ့ ကြရရှာ​သော ယာဉ်​ အမျိုးမျိုးမှ မူလီ တိုင်​၊ မူလီ​ခေါင်း​လေး​တွေနှင့်​ ဝါရှာ ပြား​လေး​တွေပင်​ ဖြစ်​ပါ​တော့သည်။ ၄င်းတို့တစ်​​တွေမှာ လမ်း​ပေါ်သို့ မိ ခင်​ယာဉ်​တို့မှ ပုံစံအမျိုးမျိုးဖြင့်​ စွန့်​ ခွာခဲ့ကြကာ လမ်း​ပျော်​များဖြစ်​​နေကြ​လေသည်​။ အချို့မှာ စက်​ဘီးဆိုင်​ကယ်​များမှဖြစ်​သလို အချို့မှာ ကား ​ထော်​လာဂျီ သုံးဘီးဆိုင်​ကယ်​တို့မှ လည်း ဖြစ်​နိုင်​ကြသည်​။ မူလက​တော့ မိမိတို့၏ မိခင်​ယာဉ်​တို့နှင့်​ ကပ်​ကပ်​ချပ်​ချပ်​ ဖြစ်​​နေပါ၏။ ​နောင်​ကြာလာ​သောအခါ ယာဉ်​၏တုန်​ခါမှုနှင့်​ လှုပ်​ရှားမှုတို့​ကြောင့်​ ကြပ်​ရာမှ​ချောင်​၊ ​ချောင်​ရာမှပြုတ်​ထွက်​ကာ လမ်း​ပေါ် သို့ရောက်​ရှိလာကြ​ပေသည်​။ ဆိုခဲ့ပါ မူလီတိုင်​​လေး​တွေ၊ မူလီ​ခေါင်း​လေး​တွေနှင့်​ ဝါရှာပြား​လေး​တွေမှာ လမ်း​ ပေါ်တွင်​ ​နေရာ အနှံ့ပြန့်​ကျဲလို့​နေပါ သည်​။ ​နေ့စဉ်​နှင့်​အမျှ လမ်း​တွေ​ပေါ် တွင်​ ဥဒဟိုဖြတ်​သန်း​နေကြ​သော ယာဉ်​တို့မှမ​တော်​တဆ ပြုတ်ထွက်​ကြရသဖြင့်​လည်း အ​တွေ့ရများခြင်း ပင်​ဖြစ်​ပါလိမ့်​မည်​။ ၄င်းတို့အများစု မှာ ဆိုင်​ကယ်​မျိုးစုံတို့မှ ပြုတ်​ထွက်​ကျတာများဖြစ်​မည်​ဟု စာ​ရေးသူ   ခန့်မှန်းမိပါသည်​။ ယ​နေ့​ ခေတ်​ကာလသည်​ ဆိုင်​ကယ်​အသုံးပြမှု များပြားလာ​နေသည်​ကိုး။ ထို့ပြင်​ ထိုဆိုင်​ကယ်​အ​တော်​များများမှာ လည်း သစ်​သစ်​​ဟောင်း​ဟောင်း ကြံ့ ခိုင်​မှုအားနည်းကာ ​ဈေး​ပေါ​ပေါ   နှင့်​ လူတိုင်းနီးပါး ဝယ်ယူစီးနင်းနိုင်​ကြ​သော အ​နေအထားတွင် ​ရှိသည်​ကလည်း တစ်​​ကြောင်းဖြစ်​ပါသည်​။ စက်​ဘီးများမှ ပြုတ်​ကျ ကျန်​ရစ်​မှုက​တော့ နည်းပါးပါလိမ့်​မည်​။ စက်​ဘီး ဖြင့် သွားလာသူတို့မှာ အရင်​ကလို ​ပေါ​ပေါများများ မ​တွေ့ရ​တော့​ပေ။ ကားများမှ ပြုတ်​ကျကျန်​ခဲ့ဖို့မှာလည်း ရာခိုင်​နှုန်းအားဖြင့်​ မများနိုင်​ပါ​ပေ။ ​ထော်​လာဂျီနှင့်​ သုံးဘီးဆိုင်​ကယ်​တို့မှ ဖြစ်​နိုင်​​ချေက​တော့ အနည်းငယ်​ ရှိနိုင်​​ကောင်းပါသည်​။ ထိုပြုတ်​ကျ ကျန်​ရစ်​ခဲ့သည်​များကို ​တွေ့မြင်​ရ​လေတိုင်း စိတ်​ထဲတွင်​ စိုးရိမ်​စိတ်​က​လေး ဖြစ်​မိပါ​သေးသည်​။ ယာဉ်​ကို အန္တရာယ်​ ဖြစ်​​စေနိုင်​​သော အစိတ်​အပိုင်းမှ ပြုတ်​ကျကျန်​ခဲ့တာ မျိုးမဖြစ်​ပါ​စေနှင့်​ဟုလည်း အခါခါ ဆု​တောင်းရပါသည်​။ သာမန်​ အပရိကအ​ရေးမပါလှ​သော ​နေရာကသာ ဖြစ်​ပါ​စေဟုလည်း အကြိမ်​ကြိမ်​ဆု​တောင်း ရပါသည်​။ ယင်းတို့၏ မူလယာဉ်​နှင့်​ထို ယာဉ်​ပိုင်​ရှင်​တို့အ​ပေါ် ရမ်း​ရော်​ပြီး စိုးရိမ်​စိတ်​က​လေး ဖြစ်​ရပါ​သေးသည်​။ အန္တရာယ် ​ကင်းပါ​စေ​ကြောင်းကို လည်း ​မေတ္တာတရားပွားရပါသေးသည်​။ တစ်ဖန်​ကျန်​ရစ်​ရှာကြ​သော လမ်း​ပေါ်​ရောက်​ မူလီတိုင်​​လေးများကိုလည်း အ​သေအချာရှုကြည့်​ကြပါဦး။ အများစုမှာ အရစ်​​လေး​တွေပြုန်းလို့။ ကျရာ​နေရာမှာ ကျရာတာဝန်​ကို သက်​တမ်းစေ့ထမ်း​ဆောင်​ကြပြီး​ နောက်​ တဖြည်းဖြည်းနှင့်​ အရစ်​များ ပြုန်းလိုက်​လာကြရှာ​တော့သည်​။ သို့နှင့်​ မူလ​နေရာမှ ဖဲကြဉ်​ကာ လမ်း​ ပေါ်သို့ အန္တိမလမ်းဆုံးအ​နေနှင့်​ ​ရောက်ရှိခဲ့ကြခြင်းဖြစ်လေသည်​။ မလို​တော့၍ စွန့်​ပစ်​ခံရခြင်းမျိုး​တော့ မဟုတ်​တန်​ရာ။ ​လောကဓံအထုအ​ထောင်း​ကြောင့်​မခံနိုင်​သည့်​အဆုံးတွင်​ ပျက်​ပြုန်းကာဖြင့်​ ပင်​စင်​ယူလိုက်​ကြ ခြင်းပင်​ မဟုတ်​ပါ​လော။
ထိုနည်းနှင်​နှင်​ပင်​ မူလီ​ခေါင်း​လေး​တွေကလည်း လမ်းမထက်​သို့ သက်​ဆင်းလာကြရရှာကုန်​၏။ နှစ်​ကိုယ်​တူ ကြည်​ဖြူစဉ်​အခါက မူလီ တိုင်​​လေးများနှင့်​ မူလီ​ခေါင်းလေး များမှာ နှစ်​ကိုယ့်​တစ်​စိတ်​၊ အမြဲယှဉ်​ပါ တတွဲတွဲနှင့်​။ အ​ကြောင်း​ကြောင်း​ ကြောင့်​ မူလီ​ခေါင်း​လေးများမှာ အ ကြိမ်​ကြိမ်​အခါခါ တပ်​လိုက်​ ချွတ်လိုက်​ ဖြင့်​ အရစ်​များပြုန်းလာကြရရှာပြီ။ ​ထောင့်​​လေး​တွေမှာလည်း ခွများ၏ နှိပ်​စက်​ကလူပြုမှု​ကြောင့်​ ​ထောင့်​ချိုး​တွေ​ပြေကာ အဝိုင်း သဏ္ဍာန်​နီးနီး ဘဝ​ပြောင်းလို့​နေပါ၏။ ဤသို့ဖြင့်​ အဆုံးတစ်​​နေ့၌ ​အရစ်​​ချောင်​လာ ကြကာ ကျွတ်​ထွက်​ရင်းလမ်းမ​ပေါ် သို့သာ ​ရောက်​လာကြ ပြန်​သည်​တ ကား။ ဝါလျှာပြား​လေးများကလည်း မူလက​တော့ ကပ်​ကပ်​ချပ်​ချပ်​ဖြင့်​ မိခင်​ယာဉ်​၏ခိုင်​ခံ့မှုကို အားဖြည့်​ကာ ထမ်း​ဆောင်​ခဲ့ကြပါသည်​။ မိမိတာဝန်​ကျရာ အစိတ်​အပိုင်းတို့မှာ ချွတ်​ယွင်း ပျက်​စီးလာ​သောအခါ သို့တည်း မဟုတ်​ ပတ်​ဝန်းကျင်​ပ​ယောဂဒဏ်ရာ ဒဏ်​ချက်​တို့​ကြောင့်​ သံ​ချေးလိုက်​ကာ ​ကောင်းမွန်​မှုမရှိ​တော့လျှင်​ စွန့် ပစ်​ခြင်းခံရတော့၏။ ဤသို့ဖြင့်​ လမ်း မထက်​သို့ အ​ပေါင်းအသင်း ​ရောင်း ရင်းတို့နှင့်​အတူ ပြန့်​ကျဲလျက်​စံမြန်း​နေကြလေ​တော့သည်​။ စာ​ရေးသူမှာ လမ်း​တွေ​ပေါ်မှ အဆိုပါပြုတ်​ကျကျန်​ရစ်​ခဲ့ကြ​သော မူလီတိုင်​၊ မူလီ​ခေါင်း နှင့်​ ဝါရှာပြား​လေး များကို ​တွေ့ရှိတိုင်း အမည်​မသိ ခံစားမှုတစ်​ခုကို အမြဲပင်​ရင်​ထဲမှာ ထိခိုက်​​လေ့ရှိပါသည်​။ ၄င်း တို့အ​ပေါ် ထားအပ်​​သောသ​ဘော ထားတစ်​ခုကိုလည်း ပြက်​ပြက်​ထင်​ထင် ​မြင်​မိပြန်​ပါသည်​။ စိတ်​ရှိတိုင်း သာ လိုက်​လံ​ကောက်​ယူသိမ်းဆည်း နိုင်​ခဲ့ပါလျှင်​ ယင်းအပိုင်းအစ​လေး များမှာ အ​ရေအတွက်​​တော်​​တော်​များများ စုမိ​ဆောင်းမိဖြစ်​​နေ​ပေလိမ့် မည်​။ သို့​သော်​ လူအများမြင်​ကွင်း တွင်​ ထိုသို့ပြုမူရန်​မှာလည်း ဝန်​​လေး လျက်​ပင်​ ရှိ​နေပါ​သေးသည်​။ မည်​သည့်​ နည်းနှင့်​မျှ အပြစ်​ဆိုစရာရှိမည်​မ ထင်​​သော ထိုလုပ်​ရပ်​အတွက်​ စာရေး သူမှာ အားအ​တော်​ယူရပါဦးမည်​။ မိမိစိတ်​ကိုလည်း အတိုင်းအတာတစ်​ခု အထိ ရဲစွမ်း​အောင်​လေ့ကျင့်​ယူရ ပါဦးမည်​။
အကယ်​၍ စာ​ရေးသူချစ်​ခင် တွယ်​တာ​သော လမ်းမထက်​က အ ရာ​လေး​တွေကို ​ကောက်​ယူစု​ဆောင်း မိပြီဖြစ်​​သော်​…ယင်းတို့ကို သန့်   စင်​​ဆေး​ကြောကာဖြင့်​…”လမ်း မထက်​က ပြုတ်​ကျကျန်​ရစ်​သည်များ” ဟူ၍အမည်​နာမ​ပေးကာ အများပြည်​သူကြည့်​ရှုခံစားဖို့ရာအတွက်​ ရသတစ်​ခုပေးစွမ်းနိုင်​​သော အင်​စ​တော်​​လေး ရှင်းအတ်​ဟူသည့်​ အနုပညာအစွမ်း ဖြင့်​သူတို့​လေး​တွေ၏ အညတရဂုဏ်​ကို ထုတ်​​ဖော်​ပြသမည်​ဖြစ်​ပါ​ကြောင်း …..။
Comments (0)
Leave a reply
Your email address will not be published. Required fields are marked *
*