သင်းလုံးကျွတ် ညီလာခံမတိုင်မီ အကြိုဆွေးနွေးပွဲများပြုလုပ်

သင်းလုံးကျွတ် ညီလာခံမတိုင်မီ အကြိုဆွေးနွေးပွဲများပြုလုပ်
November 28, 2017 Asian Fame
သင်းလုံးကျွတ် ညီလာခံမတိုင်မီ အကြိုဆွေးနွေးပွဲများပြုလုပ်

ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ပြုလုပ်မည့် သင်းလုံး ကျွတ်ညီလာခံ အတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး တွင် အကြိုဆွေးနွေးပွဲများ ပြုလုပ်နေပါတယ်လို့ သိရပါတယ်။

“အခုလောလောဆယ် ဦးတို့အကြိုဆွေးနွေးပွဲတွေ လုပ်နေတယ်။ ဆွေးနွေးပွဲမှာ အလွှာလိုက် အလွှာလိုက် အကြံပေးချက်တွေကို ဆွေးနွေးရမယ်။ အလွှာ ၁ဝ လွှာရှိတယ်။ ဇာတ်ညွှန်းအလွှာဆို ဇာတ်ညွှန်းအလွှာမှာ ကိုယ့်အချင်းချင်း အကြံပေးတဲ့စာရွက်စာတမ်းတွေ အကုန် လုံးကို ဆွေးနွေးရမယ်။ ဥပမာဆိုပါတော့ တချို့အကြံပေးတဲ့ အချက်တွေဆိုရင် ဒါကပြင်သင့်တယ်။ တူတဲ့အချက်တွေ ပေါင်း၊ မတူတဲ့အချက်တွေပေါင်းပြီးတော့ ဆောင်ရွက်ရ မှာပါ” လို့ ပြောပါတယ်။

သင်းလုံးကျွတ် ညီလာခံ လုပ်ရခြင်းနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုဥက္ကဋ္ဌ ဦးအေးကြူလေးက “သင်းလုံးကျွတ်ညီလာခံမလုပ်တာလည်းကြာပြီ။ လော လောဆယ် ဒီမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ဖွဲ့စည်းပုံ စည်းမျဉ်း၊ စည်းကမ်းတွေ အကုန်လုံးပေါ့။ တချို့ဟာတွေ ဟာလည်း ဟောင်းနွမ်းနေပြီ။ တချို့ဟာတွေက ပြင်သင့် တာတွေရှိတယ်။ ဒါကြောင့် သင်းလုံးကျွတ် ညီလာခံ လုပ်ရခြင်းဖြစ်ပါတယ်”လို့ ပြောပါတယ်။

သင်းလုံးကျွတ်ညီလာခံ ကျင်းပရေးအတွက် ဗဟို ကော်မတီ၊ အကြံပြုလွှာများ လက်ခံရေးနှင့် ပြုစုရေးကော် မတီ၊ ဖိတ်ကြားရေးနှင့်အခမ်းအနား ပြင်ဆင်ရေးကော် မတီ၊ ကြိုဆိုနေရာချထားရေးကော်မတီ၊ ဘဏ္ဍာရေး ကောမတီ၊ ဧည့်ခံကျွေးမွေးရေးကော်မတီ၊ လုံခြုံရေးကော် မတီနှင့် မှတ်တမ်းတင်ရိုက်ကူးရေး အစရှိသဖြင့် ကော် မတီများ ဖွဲ့စည်းပြီး စနစ်တကျ စီမံဆောင်ရွက်လျှက်ရှိ သည်။

သင်းလုံးကျွတ်ညီလာခံကျင်းပရေးဗဟိုကော်မတီ တွင် ဥက္ကဋ္ဌအဖြစ် ဦးစိန်တင်၊ ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုး ထွန်း၊ အတွင်းရေးမှူး ဦးစိုးမိုး၊ တွဲဖက်အတွင်းရေးမှူး ဦးဇင်ဝိုင်း စသဖြင့် ကော်မတီဝင် ၄၁ ဦးဖြင့် ဖွဲ့စည်းပြီး ဆောင်ရွက်နေကြောင်းသိရသည်။

သဲစုလှိုင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*