Heineken Beer
Heineken Beer

တက္ကသိုလ်လို့ ပြောလိုက်တာနဲ့ ရင်ထဲမှာ လွမ်းလွမ်းဆွေးဆွေး ဖီလင်ကတော့ အမြဲတမ်းရပါတယ် ဖြိုးပြည့်စုံ

တက္ကသိုလ်လို့ ပြောလိုက်တာနဲ့ ရင်ထဲမှာ လွမ်းလွမ်းဆွေးဆွေး ဖီလင်ကတော့ အမြဲတမ်းရပါတယ် ဖြိုးပြည့်စုံ
November 28, 2017 Asian Fame

ပရိသတ်တွေသိကြတဲ့အတိုင်း အဆိုတော်ဖြိုးပြည့်စုံရယ်လို့မဖြစ်ခင် ဒေါက်တာ ဖြိုးပြည့်စုံရယ်လို့ ဆေးတက္ကသိုလ်မှာ ပညာသင်ခဲ့စဉ်ကာလက သူ့မှာအမှတ်တရတွေ ရှိခဲ့မှာပါ။ အခုချိန်ခါကာလကလည်း ကျောင်းတွေ ပြန်ဖွင့်တော့မယ့် ဆောင်းဦးပေါက် ကာလဆိုတော့ တက္ကသိုလ်နဲ့ပတ်သက်လို့ လွမ်းချင်တဲ့သူတွေ လွမ်းရအောင် ဖြိုးပြည့်စုံရဲ့ တက္ကသိုလ် အမှတ်တရတွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။

”လူကြီးတွေကို ပြန်မေးရင် တက္ကသိုလ်ဆိုတာ အရမ်းလွမ်းတယ်။ အရမ်းလည်း အမှတ်တရဖြစ်တယ်။ သူတို့အတွက်လည်း ပြန်ပြီးမေ့ဖျောက်လို့ မရတော့တဲ့နေရာတစ် နေရာလို့ ပြန်ကြားတယ်ပေါ့နော်။ ကျွန်တော်တို့ ခေတ်မှာတော့ တက္က သိုလ်ဆိုတာတွေက တစ်ကွဲတစ်ပြားလေးတွေ ဖြစ်နေတာများတယ်။ ကျွန်တော်ဆိုလို့ရှိရင် ဆေးတက္က သိုလ်-၁ ပေါ့နော်။ မြို့ထဲမှာတက်ခွင့်ရတယ်။ အဓိက အနှစ် သာရကတော့ ဘွဲ့ယူတဲ့အချိန်ပေါ့နော်။ ဘွဲ့ယူတဲ့အချိန်မှာတော့ ရန်ကုန်တက္ကသိုလ်ထဲမှာရှိတဲ့ အဓိပတိလမ်းကြီးတွေ၊ သစ်ပုပ်ပင် ဆိုတာကြီးတွေကို တကယ်တွေ့ခွင့်ရခဲ့တာဆိုတော့ ဒီအချိန်မှာ တော့ လူကြီးတွေပြောတဲ့ အနှစ်သာရကို ကျွန်တော်တို့ ပြန်ခံ စားရပါတယ်။ တက္ကသိုလ်ရဲ့အငွေ့အသက်တွေ၊ အနှစ်သာရ တွေက ကျွန်တော်တို့ဘေးနားမှာ၊ ပတ်ဝန်းကျင်မှာ ရှိနေဆဲပဲ။ တက္ကသိုလ်လို့ ပြောလိုက်တာနဲ့ ရင်ထဲမှာ လွမ်းလွမ်းဆွေးဆွေး ဖီလင်ကတော့ အမြဲတမ်းရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြန်မရတော့တဲ့ အမှတ်တရတွေရှိတာကိုး”လို့ ဖြိုးပြည့်စုံက ပြောပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် နိုဝင်ဘာလ ၁၈ရက်နေ့၊ အမျိုးသား ဇာတ်ရုံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ‘ပန်းကံကော် ဒိုင်ယာရီဂီတည’မှာ ဖျော် ဖြေခဲ့တဲ့ ဖြိုးပြည့်စုံကို ကျောင်းသီချင်းလေးတွေဆိုဖြစ်ခဲ့တဲ့ အမှတ်တရ လေးတွေ အကြောင်းလည်း မေးဖြစ်ခဲ့တဲ့အခါ…”ရန်ကုန်တက္က သိုလ်ရဲ့ နှစ်တစ် ရာပြည့် တကယ့်ပွဲကြီးပွဲကောင်းပါပဲ။ ဝါရင့်၊ သမ္ဘာရင့် အနုပညာရှင်ကြီးတွေ ဦးစီးတဲ့ပွဲပေါ့။ ကျွန်တော်တို့ကတော့ မျိုးဆက်သစ် လူငယ်တွေအနေနဲ့ ပါဝင်ဖြစ်တာပေါ့။ ကျွန်တော်တို့ကို အများကြီးတွဲ ခေါ်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ပြီး တော့ ကျွန်တော်တို့က တက္ကသိုလ်အမ်ဘမ်လေးလည်း ထွက်ထား တယ်။ အဲဒီအထဲမှာ တစ်ချိန်တုန်းကတက္ကသိုလ်တို့၊ တို့သတိရ နေမှာပါတို့ ဒီသီချင်းလေးတွေ ဆိုခွင့်ရခဲ့တယ်။ တက္ကသိုလ် သီချင်း လေးတွေ ဆိုခွင့်ရခဲ့တဲ့အတွက်လည်း အရမ်းဝမ်းသာပါတယ်” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်
ဓာတ်ပုံ-အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*