တေးစီးရီးခွေ ၂ခွေပေါင်းပြီး Music Video အနေနဲ့ ပရိသတ်ကို ချပြမယ့် ဂေဂေး

တေးစီးရီးခွေ ၂ခွေပေါင်းပြီး Music Video အနေနဲ့ ပရိသတ်ကို ချပြမယ့် ဂေဂေး
November 24, 2017 Asian Fame
တေးစီးရီးခွေ ၂ခွေပေါင်းပြီး Music Video အနေနဲ့ ပရိသတ်ကို ချပြမယ့် ဂေဂေး

သီချင်းခွေ ၂ခွေကို Audio CD  အနေနဲ့ ထွက်ရှိထားခဲ့ပြီးဖြစ်ပေမယ့် MTV အနေနဲ့ မထွက်ဖြစ်သေး တာကြောင့် ပရိသတ်တွေက ပြော နေကြတာတွေ ရှိကြောင်း အဆိုတော် မလေး ဂေဂေးကပြောပါတယ်။သီချင်းခွေ ၂ခွေကို Audio CD  အနေနဲ့ ထွက်ရှိထားခဲ့ပြီးဖြစ်ပေမယ့် MTV အနေနဲ့ မထွက်ဖြစ်သေး တာကြောင့် ပရိသတ်တွေက ပြော နေကြတာတွေ ရှိကြောင်း အဆိုတော် မလေး ဂေဂေးကပြောပါတယ်။

“ဂေဂေး နင်သာရှိရင် အခွေ က ၂ဝ၁၅ခုနှစ်က ထုတ်တယ်ပေါ့။ “ရင်ခုန်လို့မှ ဟုတ်ရဲ့ လား”အခွေက ၂ဝ၁၇ခုနှစ်မှာထုတ်တယ်။ နင်သာ ရှိရင်ထုတ်ပြီးတော့ ဂေဂေးအမ် တီဗီ မထုတ်ဖြစ်လိုက်ရဘူး။ အဲဒီအခါ ကျတော့ ပရိသတ်တွေက သူတို့ ကာရာအိုကေတို့ ဘာတို့သွားတဲ့ အ ခါကျရင် “မောင့်နောက်လိုက်ခဲ့မယ်” သီချင်းကို ဆိုချင်ကြတယ် ပြော တယ်။ ဒါပေမဲ့ ဂေဂေးဘာမှ မလုပ် ပေးနိုင်ဘူး။ တွေ့တဲ့သူတိုင်းက မေး တယ်။ ဘာကြောင့် အမ်တီဗီ မထုတ်တာလဲပေါ့။ အခုကျ တော့ အခွေက ၂ခွေဖြစ် သွားပြီဆိုတော့ ပထမ အခွေထဲက ဂေဂေး ကြိုက်တဲ့ သီချင်း တွေရယ်၊ ပရိသတ် တွေလည်း ကြိုက် တဲ့ သီချင်းတွေပြန် ရွေးထားတယ်။ ပြီးတော့ ဒုတိယအခွေထဲက ဒုတိယ အခွေထဲက သီချင်းတွေလည်း ပြန် ရွေးမယ်။ နောက်ထပ်အတွဲ ခွေတွေ မှာလည်း ပါပြီးတော့ လူမသိ လိုက် တဲ့ သီချင်းတွေရယ် ပေါင်း ပြီးတော့ အမ်တီဗီထုတ်ဖြစ်ပါမယ်” လို့ သူမက ဆိုပါတယ်။  ၂ခွေပေါင်းပြီး အမ်တီဗီထုတ်ရင် အခွေခေါင်းစဉ်ကိုတော့ “မောင့် နောက် လိုက်ခဲ့မယ်” ဆိုပြီး နာမည် ပေးမှာဖြစ်ကြောင်းလည်း ဂေဂေး က ပြောပါတယ်။

ပရိသတ်အားပေးခဲ့တဲ့ “မောင့် နောက်လိုက်ခဲ့မယ်” သီချင်းရဲ့ အမ် တီဗီကို စရိုက်ဖို့အတွက် သေသေချာ ချာ လေးစီစဉ်နေတဲ့ ဂေဂေးက “မောင့်နောက်လိုက်ခဲ့မယ် သီ ချင်းမှာ ဂေဂေး သရုပ်မဆောင်ဘူး ဆိုရင် ဂေဂေးနဲ့ သီချင်းနဲ့က တွဲမိမှာ မဟုတ်တော့ဘူးဆိုတော့ အဲဒီသီချင်း လေးမှာ ဂေဂေးပါဝင် သရုပ်ဆောင် မယ်။ ပြီးတော့ အဲဒီသီချင်းလေးကို Story ရေးပေးတာက ဂေဂေးရဲ့ သူငယ်ချင်း စာရေးဆရာမ တစ် ယောက်ပါ။ သူကမောင်နဲ့ ပတ် သက်တဲ့ ဇာတ်လမ်းလေးကို ဂေဂေးကိုလာပြတော့ ဂေဂေး ကြိုက်တယ်။ ပရိုဂျူဆာ အစ်မ တွေနဲ့ တိုင်ပင်ပြီးတော့ ရိုက် ကြမယ်ဆိုပြီးတော့ ရိုက်ကြ မှာပါ”လို့ ပြောပြခဲ့ပါတယ်။

 မျိုးမောင်

ဓာတ်ပုံ-အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*