Heineken Beer
Heineken Beer

မိခင်ဖြစ်သူရဲ့ ဂရုတစိုက် စောင့်ရှောက်ပေးမှုတွေကြောင့် ပျော်ရွှင်နေရတဲ့ ရဲရင့်အောင်

မိခင်ဖြစ်သူရဲ့ ဂရုတစိုက် စောင့်ရှောက်ပေးမှုတွေကြောင့် ပျော်ရွှင်နေရတဲ့ ရဲရင့်အောင်
November 22, 2017 Asian Fame

  ရဲရင့်အောင်တို့ ရိုက်ကူးထားတဲ့ “ငါ့ကိုနမ်းတဲ့မုန်တိုင်း” ရုပ်ရှင်ဇာတ် ကားကြီးက မကြာခင်မှာ ရုံတင်ပြသတော့မှာဆိုတော့ အဲဒီဇာတ်ကားနဲ့ ပတ်သက်ပြီး “သြရထူး” ဆိုတဲ့ ဇာတ်ကောင်က နေပါဝင်ပြီး သရုပ်ဆောင် ထားတဲ့ ရဲရင့်အောင် အနေနဲ့ ရင်ခုန် နေပြီလားလို့ မေးတဲ့အခါ…  အချိန်ကာလတောင် နည်းနည်း ကြာသွားပြီဆိုတော့   ကျွန်တော် သရုပ်ဆောင်ထားတဲ့ နေရာမှာ တချို့ လိုအပ်ချက်လေး တွေကို ပရိသတ်တစ်မျိုး မြင်သွားမှာဆိုးတယ်။ ကျွန်တော်လည်း “ငါ့ကိုနမ်းတဲ့ မုန်တိုင်း”ကို အမြန်ဆုံး ထွက်စေချင်နေပါပြီ။ ကျွန်တော်တို့ ရိုက်ကွင်းမှာ ကိုလွှမ်းပိုင်နဲ့ မဖွေးဖွေးနဲ့ တကယ့်ကို ပျော်စရာကောင်းခဲ့ပါတယ်။ ကျွန်တော်တို့ မသိတာတွေလည်း မေးရင်း၊ သင်ရင်းနဲ့ အကောင်းဆုံးကြိုးစားထားကြပါတယ်” လို့ ပြောပါတယ်။  နောက်ထပ် ဇာတ်ကားရိုက်ကူးမှုရှိဦးမလားလို့ ရဲရင့် အောင်ကို မေးတဲ့အခါ… “ကျွန်တော် လောလောဆယ် ဒုတိယ အခွေထွက် ရှိနိုင်အောင်ကြိုး စားနေပါတယ်။ အဲဒါပြီးသွားတော့မှ ပဲ ရိုက်ဖြစ်တော့မှာပါ” လို့ ဆိုပါ တယ်။

ချစ်သူနဲ့ ပတ်သက်ပြီးမေးတဲ့ အခါမှာတော့ သူက…   “အားလုံးလည်း သိပြီးနေပြီ ဖြစ်တဲ့အတွက် ထွေထွေထူးထူး ပြောစရာတော့ မလိုတော့ပါဘူး” လို့ပြောပါတယ်။

ရဲရင့်အောင်ရဲ့ ဒုတိယအခွေမှာတော့ သူငယ်ချင်းတွေဖြစ်တဲ့ ဥာဏ်ထက်တို့၊ ထက်ယံတို့က အသေအချာ ပါဝင်သီဆိုမှာ ဖြစ် တယ်လို့ ရဲရင့်အောင်ကဆိုပါတယ်။ ရဲရင့်အောင်ကို အမြဲတမ်း ရှိုးပွဲတွေ၊ အခမ်းအနားပွဲတွေမှာ အဆင်ပြေချောမွေ့အောင် စီစဉ် လုပ်ကိုင် ပေးဖြစ်နေ သူကတော့ သူ့အမေပါ။ အမေနဲ့ ပတ် သက်ပြီးလည်း ရဲရင့်အောင်က…
အမေကကျွန်တော့်ကို တအားဂရုစိုက် တယ်။ အခုချိန်ထိ အသေးအဖွဲလေး ကအစ စီစဉ်ပေးနေတုန်းပဲ။ ကျွန်တော် သွားတဲ့ပွဲတိုင်း လိုက်ပေးတယ်။ တချို့ကိစ္စတွေမှာဆို ကျွန် တော်ကတောင် အမေ ကျွန်တော် ဒီအရွယ် ပဲရောက်နေပြီ။ ကျွန်တော့် ဘာသာ ကျွန် တော် သွားလို့ရပါတယ် ပြောယူရတယ်” လို့ ရဲရင့်အောင်က ပြောပြခဲ့ပါတယ်။

မျိုးမောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*