စစ်ကိုင်းတောင်ရိုး မဟာဂန္ဓာရုံ ရွှေကျင်ဂိုဏ်း ဝိနည်းစာတော်ပြန် ရာပြည့်ပူဇော်ပွဲကျင်းပ စစ်ကိုင်းတောင်ရိုး မဟာဂန္ဓာရုံ ရွှေကျင်ဂိုဏ်း ဝိနည်းစာတော်ပြန် ရာပြည့်ပူဇော်ပွဲကျင်းပ November 21, 2017 Asian Fame စစ်ကိုင်းတောင်ရိုး မဟာဂန္ဓာရုံ ရွှေကျင်ဂိုဏ်း ဝိနည်းစာတော်ပြန် ရာပြည့်ပူဇော်ပွဲကို နိုဝင်ဘာလ ၁၂ရက်နေ့က စစ်ကိုင်းတောင်ရိုး မဟာဂန္ဓာရုံကျောင်းတိုက် စာတော် ပြန်တိုက်မကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။ ယခုနှစ်စာပြန်ပွဲတွင် တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်မှ ၈ ရက်အထိကျင်းပပြီး သက် တော် ၁ဝ၁ နှစ် သိက္ခာတော် ၈၁ ရှိ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဇမ္ဗုမင်္ဂလာ ဆရာတော်ကြီးကကြီးမှုး ပြီးကျင်းပရာ ဝိနည်းတစ်စောင်မှ ၄ စောင်အထိပြန်ဆိုသောသံဃာနှင့် ရှင်ကျင့်ဝတ်ပြန် သာမဏေ စုစုပေါင်း ၁၃၉၂ ပါး ပြန်ဆိုကြသည်။ ရာပြည့်ပူဇော်ပွဲတွင် အဘိဓဇမဟာ ရဋ္ဌဂုရုတွဲဘက် ရွှေကျင်သာသနာပိုင် သီတဂူဆရာတော် ဘုရားကြီးထံမှ ရှစ်ပါးသီလ ဆောက်တည်ခံယူကြပြီး ရာပြည့်ပွဲဆိုင်ရာ ကထာစကားကို ပထမဂန္ဓာရုံ ဆရာတော်က မိန့်ကြားသည်။ ထို့နောက် စစ်ကိုင်းတိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က သာသနာရေးဆိုင်ရာများအား လျှောက်ထားပြီး ပြည်နယ်နှင့် တိုင်းရွှေကျင်ဂိုဏ်း အသီးသီးမှ ကိုယ်စားလှယ်ဆရာတော်များက ရွှေကျင်ဂိုဏ်း သမိုင်းအကျဉ်းချုပ်ကို လျှောက်ထားကြသည်။ ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တပည့်ဒါယကာ ဒါယိကာမများမှ ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ သီတဂူ ဆရာတော်ဘုရားကြီးက အနုမောဒနာတရားနှင့် ရေစက်ချတရားဟော ကြားချီးမြှင့်သည်။ ရာပြည့်ပူဇော်ပွဲသို့ ရွှေကျင်ဂိုဏ်းသက်တော်ရှည် ဆရာတော်ကြီး (၁၇)ပါး၊ သီးခြားပင့် ဆရာတော်ကြီး(၃၃)ပါး၊ သုဓမ္မာဂိုဏ်း သက်တော် ရှည်ဆရာတော်ကြီး ၁၇ ပါး၊ ဗဟိုကော်မတီဝင် ၂၆ ပါးတိုင်းနှင့် ပြည်နယ်ရွှေကျင်ဝိနည်းပြန် ဋ္ဌာနများမှ ဆရာတော်ကြီး ၇၂ ပါး၊ စစ်ကိုင်းတောင်ရိုးမှ သီလရှင်ဆရာကြီး၊ ဆရာလေးများ ကြွရောက်ကြသည်။ မဟာဂန္ဓာရုံရွှေကျင် ဝိနည်းစာတော်ပြန်ပွဲကြီးကို စစ်ကိုင်း တောင်ရိုး ပထမမဟာဂန္ဓာရုံဆရာတော်ကြီး ဘဒ္ဒန္တဥတ္တရမဟာထေရ်က ၁၂၈ဝ ပြည့်နှစ်မှ စတင်ပူဇော် ကျင်းပခဲ့သည်။ ဝိနည်းစာပြန်တော်ပွဲများတွင် အစောဆုံးကျင်းပခြင်း ဖြစ်သဖြင့် ဝိနည်းစာပြန်အစ စစ်ကိုင်း မဟာဂန္ဓာရုံကဓဟု သာသနာ့သမိုင်းတွင် မှတ်တမ်းဝင်ဖြစ်ခဲ့ကြာင်း သိရှိရသည်။ စစ်ကိုင်းတောင်ရိုး မဟာဂန္ဓာရုံ ရွှေကျင်ဂိုဏ်း ဝိနည်းစာတော်ပြန်ပွဲ အနှစ် (၁ဝဝ)ပြည့် အထိမ်းအမှတ် ဘာသာသုံးမျိုးဖြင့် ရေးထိုးထားသည့် ကျောက်စာတိုင်ကို စစ်ကိုင်းတောင်ရိုး မဟာဂန္ဓာရုံကျောင်းတိုက် စာတော်ပြန်ဋ္ဌာနတွင် စိုက်ထူထားရှိပြီး စကျင်ကျောက်သား ကျောက်စာတိုင်မှာအမြင့် ၈ပေအကျယ်၂ပေရှိပြီး တိုင်ထိပ်တွင် ၁၈ လက်မအရွယ်စက်ဝိုင်တွင် စစ်ကိုင်းတောင်ရိုး၊ မဟာဂန္ဓာရုံ၊ ဝိနည်းပြန်ဋ္ဌာန၊ ရာပြည့်ပူဇော်ပွဲ ၁၂၈ဝ- ၁၃၇၉ဓစာသားရေးထိုးထားသည်။ ကျောက်စာတိုင်တွင် မဟာဂန္ဓာရုံဆရာတော်၏ ဘဝဖြစ်စဉ် အကျဉ်းရေးထိုးထားပြီး ကျန်သုံးမျက်နှာတွင် ‘စစ်ကိုင်းတောင်ရိုး ရွှေကျင်နိကာယ၊ မဟာဂန္ဓာရုံ ဝိနည်းပြန် ရာပြည့်မော်ကွန်း’ ကျောက်စာအား မြန်မာ-အင်္ဂလိပ်၊ သက္ကတဘာသာသုံးမျိုးဖြင့် ရေးထိုးထားကြောင်း သိရသည်။ Share000 0 0 Newer ခန္ဓာကိုယ်မှာ တက်တူး ၃ဝ ကျော်ရှိတဲ့ တိုင်ရွန် Older အနုပညာကို ချစ်လို့ လုပ်နေပေမယ့် ရလဒ်က မသေချာသေးပါဘူး သရုပ်ဆောင် ဇွဲလရောင် Comments (0) Leave a reply Click here to cancel the reply Your email address will not be published. Required fields are marked *CommentName * Email * Website Save my name, email, and website in this browser for the next time I comment. Notify me of follow-up comments by email. Notify me of new posts by email.