Heineken Beer
Heineken Beer

ခန္ဓာကိုယ်မှာ တက်တူး ၃ဝ ကျော်ရှိတဲ့ တိုင်ရွန်

ခန္ဓာကိုယ်မှာ တက်တူး ၃ဝ ကျော်ရှိတဲ့ တိုင်ရွန်
November 21, 2017 Asian Fame

 ဂျစ်ပ်စီဆန်ဆန်ပုံစံနဲ့ ပရိသတ်တွေ မြင်တွေ့နေကျ တိုင်ရွန်ကိုတော့ “ရောင်နီ မျှော်တဲ့နွေဦး” ဇာတ်လမ်းတွဲမှာ ပုံစံအသစ်တစ်မျိုးနဲ့ မြင်တွေ့ရဦးမှာပါ။ ဇာတ်ကားတွေ ရိုက်ကူးတဲ့အခါမှာ ပရိတ်သတ်တွေက တိုင်ရွန်ကို ပုံစံတစ်မျိုးတည်း မမြင် စေချင်ဘူးလို့ လည်း ဆိုပါတယ်။

တိုင်ရွန်က အခုလက်ရှိမှာတော့ ဇာတ်လမ်းတွဲ တော်တော်များများမှာ ပါဝင် သရုပ်ဆောင်ထားပြီး “ရောင်နီမျှော်တဲ့နွေဦး” ဇာတ်လမ်းတွဲအပြင် လိပ်ပြာခေါင်မိုး၊ မနေ့ကဖြစ်သည် Season-2တို့မှာ ပါဝင်သရုပ်ဆောင် ထားတာကို တွေ့ရပါတယ်။ တိုင်ရွန်ကိုတော့ ဖေ့စ် ဘုတ်ခ်ပေါ်က  လူငယ် ပရိသတ် တော်တော်များများက အားပေးကြပြီး တိုင်ရွန်ရဲ့ တက်တူး များကို လည်း သတိထားမိကြပါတယ်။

လူငယ်တစ်ယောက်အနေနဲ့ တက်တူးထိုးရ တာကို ဝါသနာပါတယ်ဆိုတဲ့ တိုင်ရွန်ရဲ့အမြင်က…”ကျွန်တော်က တက်တူးထိုးရတာ ဝါသနာပါတယ်။ ဒါကြောင့်လည်း ထိုးရင်းထိုးရင်း များသွားတာပါ။ တက်တူးက အရေအတွက် နဲ့ဆိုရင် ခန္ဓာကိုယ်တစ်ခုလုံးမှာ သုံးဆယ်ကျော် လောက်ရှိပါတယ်။ ကျောကုန်း ရော၊ ဗိုက်ရော၊ လက်တစ်ချောင်းလုံး မှာရော ရှိပါတယ်။ တက်တူးက သေးသေး လေးတော့ မရှိဘူး။ အားလုံးက နည်းနည်းကြီးတယ်။ လည်ပင်းမှာရှိတဲ့ တက်တူးကတော့ ပရိသတ်တွေ လည်းကြိုက်တယ်။ ကျွန်တော်ကိုယ်တိုင် လည်း သဘောကျတယ်။ နောက်လည်း ဆက်ထိုးသွားဦးမှာပါ”လို့ ပွင့်ပွင့်လင်း လင်း ပြောပြပါတယ်။

မြတ်မိုးပွင့်၊

 ဓာတ်ပုံ-အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*