
ဒီစာအုပ်အပြီးမှာတော့ “တင့်ကားပြဿနာ” ဆိုတဲ့ စာအုပ်ကိုထွက် ရှိဖို့ပြင်ဆင်နေလျက် ရှိပါတယ်။ ဒီစာအုပ်ကလည်း ဂျာနယ်တွေမှာ ရေးထားတဲ့ ဆောင်းပါးတွေကို ပြန် လည်စုစည်းပြီး စာအုပ်အနေ နဲ့ ထွက်ရှိမှာပဲဖြစ်ပါတယ်။ ဒီစာအုပ်ကတော့ သူ့ရဲ့ကိုယ်ပိုင် ထုတ်လုပ်ရေးဖြစ်တဲ့ အာကာဖြူစင် စာအုပ်တိုက်ကနေထွက်ရှိမှာ ဖြစ်ပါတယ်။
ကိုနိုင်ဇော် အနေနဲ့ စာပေရေးသားမှုကိုတော့ ၂ဝဝ၈ခုနှစ်ကနေ စတင် ရေးသားခဲ့တာဖြစ်ပြီး စာရေး သက် ၉နှစ်အတွင်းမှာ စာအုပ်အနေနဲ့ ဂီတ နဲ့ ပတ်သက်တာ ၈အုပ်၊ ဆောင်းပါးစုစည်းမှုအနေနဲ့ ထွက်ရှိ ထားတဲ့ စာအုပ်၉အုပ် ထွက်ရှိထား ပြီးပြီ ဖြစ်ပါတယ်။ သူ့အနေနဲ့ ဂီတသမားဖြစ်ပေမယ့်လည်း စာပေကို ချစ်မြတ်နိုးတဲ့စိတ်တွေနဲ့ အခုလိုစာ ရေး သားမှုကို တစ်စိုက်စိုက်မတ်မတ် ရေးသားခဲ့တာပဲ ဖြစ် ပါတယ်။ ဒါ့အပြင်သူဟာမဂ္ဂဇင်းနဲ့အပတ်စဉ်ဂျာနယ် တွေမှာလည်း ဆောင်းပါးများကို အပတ်စဉ်ရေး သားလျက် ရှိနေပါ တယ်။ “အစ်ကိုကတော့ အစ်ကို့ စာပေ တိုက်ကနေ သုံးလကို တစ်အုပ်ပုံမှန် ထွက်ရှိမှာပါ။ တောက် လျှောက်လည်းရေးဖြစ်နေပါတယ်” လို့ ကိုနိုင်ဇော်က ပြောပြပါတယ်။
ဒီဇင်ဘာလထဲမှာ ကျင်းပပြုလုပ်တော့မယ့် စာပေညီလာခံ နဲ့ပတ်သက်လို့လည်း သူ့ကိုလို အပ်ရင် လည်း ပါဝင်ကူညီပေးသွားမှာ ဖြစ်ပြီး သူလည်းသွား ရောက်ဖို့ ရှိပါတယ်လို့ ကိုနိုင်ဇော်က ပြောပြခဲ့ပါ သေး တယ်။
လင်းအက္ခရာ