
၁၈ အယ်လ်ဘမ် အခွေ ထွက်ရှိတာ တစ်နှစ်ပြည့်သွားပေမယ့် VCD အဖြစ် ထွက်ရှိလာဖို့တော့ အချိန် အနည်းငယ် ကြာ မြင့်နေဦးမယ်လို့ ဥက္ကာမင်းမောင် က ပြောပြ ခဲ့ပါတယ်။ “VCD ကတော့ ဖြည်းဖြည်းချင်း ရိုက်သွားပါမယ်။ အခွေတော့ ကြား ဦးမယ်။ အားလုံးတော့ မရိုက်ဘူး။ ၇ပုဒ်၊ ၈ ပုဒ် လောက် တော့ ရိုက်မယ် လို့ ထင်တယ်။ အသစ်နဲ့ အ ဟောင်းရော ထုတ်ဖို့စဉ်း စားနေတယ်။ အခု လောလော ဆယ်တော့ VCD က ရိုက်ကို မရိုက် ရသေးတာ။ ရိုက်ဖြစ်တဲ့ အခါကျရင် ဒီအခွေထဲမှာ ပရိသတ်တွေပါပါမယ်။ အိမ်မှာ ပရိသတ်တွေနဲ့ ဟင်း ချက်ကျွေးတာလေးတွေကို ကျွန် တော်ရိုက်ကူးထားတာ လေးတွေ ရှိ တယ်။ အမှတ်တရ အနေနဲ့ အဲဒါ လေးတွေ ပါပါမယ်” လို့ ပြောပြခဲ့တာ ဖြစ်ပါတယ်။
ဇင်မာနွယ်
ဓာတ်ပုံ-အောင်ဇော်မင်း