
အခုလို အနုပညာရှင်တစ် ယောက်ဖြစ် လာတဲ့ အခါမှာ အရင်ကနဲ့ ဘာတွေ ကွာခြားသွား ပြီ လဲလို့ဆိုတော့… “တအားကွာခြားပါတယ်။ အရင်တုန်းက ဆိုရင် ကိုယ်သွားချင်တဲ့ နေရာသွားတယ်။ ကိုယ် လုပ်ချင်တာ လုပ်တယ်။ ဘယ်သူမှ ဘာမှ မသိဘူး ပေါ့နော်။ အခုချိန်မှာ တော်တော်များ များကသိ ကြတယ်။ ဟယ်…ပိုးမီတော့။ ပြိုင်ပွဲတုန်းက ဘယ်လို အားပေးခဲ့ရတာ ဆိုပြီး ပြောကြတော့ စိတ်ထဲမှာ တအားလည်း ကြည်နူးတယ်။ သူတို့ တောင် ငါ့ကို ဒီလောက် အားပေးတာ။ ငါဘာလို့ မကြိုးစားနိုင် ရမှာလဲဆိုတာကို စိတ်ထဲမှာ အမြဲ တမ်းထည့်ထားတယ်”လို့ ပိုးမီကပြော ပါတယ်။ အသက် ၂၉နှစ်ပြည့် မွေးနေ့က နေ ပရိသတ်ကို ပိုးမီပြောချင်တဲ့စကား က… “တအား ငြိမ်းချမ်းပြီးတော့ အလွန်ကျေနပ်နေမိ တယ်။ ဘဝမှာ ဘာမှ ထပ်မလိုတော့ဘူး။ ကိုယ့်ကိုချစ်တဲ့ သူတွေရှိတယ်။ အတူတူ သူတို့နဲ့ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်နိုင်တယ် ဆိုတဲ့ စိတ်ကလေးက ဘာနဲ့မှ မလဲနိုင်ပါ ဘူး။ ပိုးမီအသက် ၂၉နှစ်ပြည့် မွေးနေ့လေးမှာ အလှူနဲ့ထပ် တူ ပရိသတ်ကြီး အားလုံးလည်း ကုသိုလ်တွေရကြပါစေ။ အားလုံး ဂီတနဲ့ငြိမ်းချမ်းကြပါစေ”လို့ ပြောပြခဲ့ပါတယ်။
မျိုးမောင်၊
ဓာတ်ပုံ-မင်းမင်းထွန်း