
ဒုတိယ ကိုယ်ဝန်ကိုလည်း ဝိတိုရိယ ဆေးရုံမှာပဲ ဆရာမ ဒေါ်ခင်လေးကြွယ်နဲ့ မွေးဖွားသွားမယ်လို့ သိရပါတယ်။ ချောရတနာက အိမ်ထောင်ပြုပြီး နောက်ပိုင်းမှာ သရုပ်ဆောင်အလုပ်တွေ တော်တော်ကျဲပါးသွားတာ တွေ့ရပါတယ်။ အခွင့်ရရင် အနုပညာအလုပ်တွေ ပြန်လုပ်ဦးမယ်ဆိုတဲ့ ချောရတနာက…
”အစ်မက အနုပညာသမား ဆိုတော့ အနုပညာအလုပ်ကို တအားလုပ်ချင်တယ်။ ဝါသနာလည်းပါတယ်။ ကလေးမွေးပြီးသွားတော့ မိသားစုကို ဦးစားပေးရတာမျိုးတွေ ရှိတယ်။ သားလေးကို အစ်မက လာကြည့်ပေး တာမျိုးတွေ ရှိတယ်။ ဒါပေမဲ့ သန္တာဗိုနောက် လိုက်ပေးတာမျိုးရှိတော့ မအားဘူး။ ဒါကြောင့် အစ်မက ကလေးကို တစ်ယောက်တည်း ပြုစုစောင့်ရှောက် ပေးနေရတယ်။ သားသား ကြီးလာတော့လည်း ရုပ်ရှင်ရိုက်ဖို့ သူငယ်ချင်းတွေကရော လာကမ်းလှမ်း တာမျိုးတွေ ရှိတယ်။ ဒါပေမဲ့ အခု ဒုတိယကိုယ်ဝန်ရသွားတယ်။ မိသားစု အတွက်ပဲ အချိန်ပိုပေးနေရတယ်။ အရင်ကလို အနုပညာအလုပ်တွေ အများကြီး မလုပ်နိုင်တော့ပေမယ့် ကိုယ်လုပ်နိုင်သလောက်တော့ ကြိုးစားသွားပါဦးမယ်” လို့ ချောရတနာက ပြောပါတယ်။
မြတ်မိုးပွင့်
ဓာတ်ပုံ- ဇော်ဝင်းအောင်