
”ပရိသတ် ဝေဖန်မူတွေကတော့ အများကြီးရှိပါတယ်။ ပရိသတ် ဝေဖန် မှုတွေက ညီမရဲ့ အနု ပညာကို မထိခိုက်ပါဘူး။ ညီမကို ဝေဖန်တာပဲဖြစ်ဖြစ် အားပေးတာပဲ ဖြစ်ဖြစ် အရာအားလုံးကို ညီမရဲ့ လိုအပ်ချက်နဲ့ အားသာမှုတွေကို ထောက်ပြတာ ဖြစ်တယ်။ အဲဒါတွေကို ညီမ မသိဘူးဆိုရင်ကိုယ့်ကိုယ်ကိုယ် ဘယ်ဟာလိုတယ်၊ဘယ်ဟာပိုတယ်ဆိုတာကို မသိဘဲနဲ့ လုပ်ချင်ရာလုပ် နေမိမှာပါ။ ညီမကို ဝေဖန်ပေးမှလည်း ညီမဘယ်ဟာကို လိုတိုးပိုလျှော့ လုပ်ရမယ်ဆိုတာ သိမှာလေ။ အဲဒါကြောင့်လည်း ညီမကို ဝေဖန်ပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။ အခုချိန်ကစပြီး ညီမပရိသတ် ဖြစ်စေချင်တဲ့ ရွှေမှုံရတီဖြစ် အောင် အကောင်းဆုံး ကြိုးစားနေပါတယ်” လို့ ပြောပြခဲ့ပါတယ်။
ပရိသတ် ဝေဖန်မှုများထဲက တစ်ခုဖြစ်ပါတယ်။ ငယ်ငယ်လေးက တည်း က စပြီးရေကူးတာပါလို့ပြောလာတဲ့ရွှေမူံရတီက . . .
” ညီမကငယ်ငယ်လေးကတည်းက ရေကူးဖြစ်ပါတယ်။ အဲ့ဒါကြောင့် လည်း ဒီလောက် အရပ်ရှည်တာပေါ့နော်။ အားကစား တစ်ခု အနေနဲ့ငယ်ငယ်လေးကတည်းက တစ် စိုက်မတ်မတ် လုပ်ဖြစ်တယ်။ နောက် ပိုင်းတော့ မင်းသမီးဖြစ်လာတဲ့အခါ ဓာတ်ပုံလေးတွတင်ဖြစ်တော့ နည်း နည်းလူသိပြီး ခေတ်စားသွား တယ်ဆိုတဲ့ သဘောလောက်ပါ ပဲ။ ညီမက အခုချိန်မှာ သာမန်လူ တစ်ယောက်ဖြစ်ပြီး ရေကူးကန် မှာ ရေကူးဝတ်စုံနဲ့ တင်မယ်ဆိုရင် လည်းဘာမှထူးခြားမှာမဟုတ် ပါဘူး။ သာမန် မိန်ကလေးတွေ လည်း ရေကူးကန် မှာ ရေကူးဝတ်စုံနဲ့ အလှဓာတ်ပုံ ရိုက်ကြတာပဲ။ တစ်ချို့ ဆိုရင် ယောက်ျားလေးတွေတောင် ရိုက်ကြပါတယ်”လို့ ပြောပြခဲ့ပါတယ်။
ဇော်ဝင်းအောင်