Heineken Beer
Heineken Beer

ရွှေထူးနဲ့ မိုးစက်ဝိုင် ပရိသတ်တွေ စိတ်ကျေနပ်မှု အပြည့်အဝရလိမ့်မယ်လို့ အာမခံလိုက်တဲ့ သားညီ

ရွှေထူးနဲ့ မိုးစက်ဝိုင် ပရိသတ်တွေ စိတ်ကျေနပ်မှု အပြည့်အဝရလိမ့်မယ်လို့ အာမခံလိုက်တဲ့ သားညီ
November 14, 2017 Asian Fame

‘ပက်ပက်စက်စက်ညှို့’ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးပုံဖော်ထားတဲ့ ဒါရိုက်တာသားညီက ဒီဇာတ်ကားက သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကို နယ်ပယ်သုံးခုက မတူတဲ့လူသုံးယောက်နဲ့ ပုံစံပြောင်းလဲပြီး ရိုက်ကူးပုံဖော် ထားကြောင်း ပြောပါတယ်။ ”အဓိကတော့ မိုးစက်ကို challenge ခေါ်ပြီး ရိုက်ကူးရတာပေါ့။ မိုးစက်ကို ပရိသတ် မြင်ဖူးနေကျ မဟုတ်တဲ့ပုံစံနဲ့ ရိုက်ကူးရတာပေါ့။ ဇာတ်ကားပြီးသွားတဲ့အချိန်မှာလည်း ကျေနပ်အားရမှုရှိပါတယ်။ မိုးစက် ပရိသတ်တွေလည်း ကြိုက်မယ်လို့ထင်ပါတယ်။ အစပိုင်း ၄၊ ၅ ရက်လောက်က တော်တော်ခက်ခက်ခဲခဲ သင်ရတယ်။ ကြိုးစားပေမယ့် ကျွန်တော်တို့လိုချင်တဲ့ Limit တစ်ခုကို ရောက်မလာဘူး။ အဲဒီ တစ်ဆင်းဆို ကျွန်တော်တို့ ၂ရက်ရိုက်လိုက်ရတယ်။ သူတစ်ရက်မှာ ဘယ်လိုမှဆက်ပြီး ငိုလို့မရတော့ဘူး။ နောက်တစ်ရက်ချိန်းပြီး ရိုက်လိုက်ရတယ်။ ဒါပေမဲ့ ဇာတ်ကားရဲ့ တစ်ဝက်ကျော်ကျော်လောက် ပြီးတဲ့အချိန်မှာ သူတအားအဆင်ပြေသွားတယ်။ သူအမှုအရာလုပ်ရတာ သဘောပေါက်သွားတယ်။ နောက်ပိုင်းရက်တွေက ပျော်စရာကြီးပဲ။ ရွှေထူးလည်းမိုက်တယ်။ မိုးစက်လည်း မိုက်တယ်။ ကိုနေတိုးကတော့ ပြောစရာမလိုဘူးပေါ့။ ရွှေထူးနဲ့ မိုးစက်ဝိုင်ပရိသတ်တွေ စိတ်ကျေနပ်မှု အပြည့်အဝရလိမ့်မယ်လို့ အာမခံပါတယ်” လို့ ပြောပါတယ်။

ဒီဇာတ်ကားကို ဖိုင်နယ်ပြန်ကြည့်တဲ့အချိန်မှာ တချို့အရာတွေကို ပြန်လည်ရိုက်ကူးရ တာမျိုးတွေလည်း ဖြစ်ပေါ်ကြောင်းကို သားညီက…

”အဲဒီတုန်းက ကျွန်တော်လည်း  တတ်သလောက်မှတ်သလောက် အ ကုန်လုပ်လိုက်တာပဲ။ အခုပြန်ကြည့် တဲ့အချိန်မှာ တချို့လိုအပ်တာလေးတွေလည်းရှိပါတယ်။ အဲဒီတုန်းကတော့ အသစ်နှစ်ယောက်ကို သင်ရတဲ့ဇောနဲ့ တချို့အရာတွေ မေ့သွားတာလေးတွေရှိတယ်။ ကျွန်တော်တို့ ဖိုင်နယ်ပြန်ကြည့်တော့ တချို့အရာလေးတွေ ပြန်ရိုက်ချင်တာလေးတွေရှိတယ်။ ပြန်ရိုက်ချင်တာ သူတို့ကို ပြန်ရိုက်ချင်တာတော့ မဟုတ်ပါဘူး။ ကိုယ့်ဘာသာကိုယ် စိတ်တိုင်းမ ကျတာလေးတွေပါ” လို့ ပြောပါတယ်။

လတ်တလောမှာ သားညီက ‘လိပ်ပြာခေါင်မိုး’ Mini Series ကို ဒါရိုက်တာအနေနဲ့ ရိုက်ကူးနေပြီး ဒီဇင်ဘာလမှာတော့ ပိုင်ဖြိုးသု ထုတ်လုပ်ရေးက ရိုက်ကူးမယ့် ‘မီ’ ရုပ်ရှင် ဇာတ်ကားမှာ သရုပ်ဆောင်အနေနဲ့ ပါဝင်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။ ဒီဇာတ်ကားမှာ  ကြေးစားလူ သတ်သမားအဖြစ် သရုပ်ဆောင်ရမှာ ဖြစ်ပြီး ဒီဇာတ်ရုပ်အတွက် ပေါင် ၁၉ဝရှိ တဲ့ သူ့ရဲ့ ခန္ဓာကိုယ်အလေးချိန်ကို ပေါင် ၁၃ဝလောက်ထိ ဝိတ်ချသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ- ရဲလင်းအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*