အခက်အခဲများစွာကြားက ရုန်းကန်ခဲ့ရတဲ့ တိုင်ရွန် ရဲ့ အနုပညာဘဝအစ

အခက်အခဲများစွာကြားက ရုန်းကန်ခဲ့ရတဲ့ တိုင်ရွန် ရဲ့ အနုပညာဘဝအစ
November 8, 2017 Leanne Win

အွန်လိုင်းပေါ်က မိန်းကလေး တွေကြားမှာ အဝင်း .. အဝင်းနဲ့ ရေပန်းစားနေတဲ့ တိုင်ရွန်က လက်ရှိ အချိန်မှာ သရုပ်ဆောင်အလုပ်တွေ လည်း ခပ်စိပ်စိပ် လုပ်ကိုင်လာတာ ကို တွေ့ရပါတယ်။ ဒါရိုက်တာ သားညီရိုက်ကူးမယ့် ‘လိပ်ပြာခေါင် မိုး’ အွန်လိုင်းဇာတ်လမ်းတွဲမှာလည်း ခပ်ဆိုးဆိုးကောင်လေးနေရာက ပါ ဝင်ထားတယ်လို့ တိုင်ရွန်ကဆိုပါ တယ်။ တိုင်ရွန်ရဲ့ ဆက်တိုက်ထွက် ပေါ်လာမယ့် အနုပညာလှုပ်ရှားမှု အသစ်တွေနဲ့ပတ်သက်ပြီး ပြောပြ တာကတော့ အွန်လိုင်းပေါ်က မိန်းကလေး တွေကြားမှာ အဝင်း .. အဝင်းနဲ့ ရေပန်းစားနေတဲ့ တိုင်ရွန်က လက်ရှိ အချိန်မှာ သရုပ်ဆောင်အလုပ်တွေ လည်း ခပ်စိပ်စိပ် လုပ်ကိုင်လာတာ ကို တွေ့ရပါတယ်။

“ကျွန်တော်သရုပ်ဆောင်အနေ နဲ့ စဝင်လာတာ ၅လလောက်ပဲ ရှိပါ သေးတယ်။ ဒီအချိန်အတွင်းမှာလည်း ဇာတ်ကားလေးတွေ တောက်လျှောက် ရိုက်ကူးလာတယ်။ ရန်ကုန်မြို့ပြတို့၊ တစ်ခုလတ်တို့လို ဇာတ်ကားကြီးတွေ မှာ ပါဝင်ထားတယ်။ ရောင်နီမျှော် တဲ့နွေဦးဆိုတဲ့ ဇာတ်လမ်းတွဲမှာလည်း ကျောင်းဆရာနေရာကပါ။ ပုံမှန်ဆို ကျွန်တော့်ကာရိုက်တာဝင်တဲ့ ဂျစ်ပဆီ ဆန်ဆန်၊ လူငယ်ခပ်ဆိုးဆိုးပုံစံနဲ့သွား တယ်။ ကျွန်တော်က ဒီပုံစံနဲ့ပဲ မသွား ဘူး။ အတတ်နိုင်ဆုံး ပရိသတ်တွေက တိုင်ရွန်ကို ပုံသေတစ်ပုံစံတည်း မမြင်စေချင်ပါဘူး။ ပရိသတ်တွေက လည်း ကျွန်တော့်ကို နားလည်ပေး တယ်။

ကျွန်တော်လည်း အတတ်နိုင် ဆုံး သဘာဝကျအောင် ပြင်ဆင်ပါ တယ်။ ၂ဝ၁၈ ခုနှစ်မှာထွက်ရှိလာမယ့် ဇာတ်ကားတွေထဲကလည်း ပရိသတ် တွေရဲ့ ဝေဖန်သံကို နားထောင်ရ မှာပါ”လို့ ပြောပြပါတယ်။  လက်ရှိအွန်လိုင်းမှာ Follower များစွာ ရရှိနေပြီဖြစ်တဲ့ တိုင်ရွန်က သူဒီလို ပရိသတ်တွေသိလာ၊ လက်ခံ လာတာဟာ ဖေ့စ်ဘုတ်ကြောင့်လို့ ဆိုပါတယ်။ မော်ဒယ်လ်လောကထဲ ကို အစိမ်းသက်သက် ဝင်လာတဲ့ တိုင်ရွန်အတွက် ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေက  “ကျွန်တော်မော်ဒယ်လ်လုပ် တာ ၃နှစ်ရှိပါပြီ။ အခက်အခဲတွေ လည်း အများကြီးပဲ။ အသိအကျွမ်း ဒီလောကထဲမှာ မရှိတဲ့အတွက် ကြောင့် ဒီလောကထဲကို အစိမ်းသက် သက် ဝင်လာရတယ်။ ရန်ကုန်က မဟုတ်ဘဲ နယ်ကဖြစ်တဲ့အတွက် ကြောင့် ဒီအလုပ်အတွက် မျက်စိစုံ စိတ်ဝင်ခဲ့တယ်။ ငွေရေးကြေးရေး ပိုင်း၊ အဆက်အသွယ်ပိုင်း အခက်အ ခဲတွေကြားက ရုန်းကန်ခဲ့တယ်။ ရန်ကုန်စရောက်တဲ့ အချိန်တုန်းက လည်း မော်ဒယ်လ်အလုပ်က ဟိတ် ကြီးဟန်ကြီးများတဲ့အတွက် မျက်နှာ ငယ်ခဲ့ရတယ်။ ဥပမာ – ရှုတင်သွား တဲ့အခါ ကားမရှိတာတို့၊ သူများထက် အဝတ်အစားအများကြီး လိုက်မဝတ်နိုင်တဲ့ အခက်အခဲတွေရှိခဲ့တယ်။ ဒီ အခက်အခဲတွေက နောင်တစ်ချိန်မှာ ရယ်စရာအဖြစ် ပြောင်းလဲနိုင်ဖို့ မျှော်လင့်တယ်။ ပြောင်းလဲနိုင်အောင် လည်း ကြိုးစားနေပါတယ်”လို့ တိုင်ရွန်က ပြောပါတယ်။

 မြတ်မိုးပွင့်

ဓာတ်ပုံ – ဇော်ဝင်းအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*