အခွင့်အရေး ရရင်သရုပ်ဆောင် လုပ်ချင်သေးတယ်ဆိုတဲ့ အကယ်ဒမီ ဖိုးကျော်

အခွင့်အရေး ရရင်သရုပ်ဆောင် လုပ်ချင်သေးတယ်ဆိုတဲ့ အကယ်ဒမီ ဖိုးကျော်
November 7, 2017 Asian Fame
အခွင့်အရေး ရရင်သရုပ်ဆောင် လုပ်ချင်သေးတယ်ဆိုတဲ့ အကယ်ဒမီ ဖိုးကျော်

”အခုအချိန်မှာ ကျွန်တော်ရိုက်ချင်နေတာက ဒရမ်မာအက်ရှင်လိုဟာမျိုး၊ အက်ရှင်လိုဟာမျိုးလုပ်ချင်တယ်။ ဒရမ်မာကြီးသီးသန့်ဆိုရင်လည်း ဒရမ်မာကြီး သီးသန့်ပေါ့။ တစ်အားကြီးကွဲထွက်တာမျိုးကို ကျွန်တော်လုပ်ချင်တယ်။ အဲဒီ့အတွက်လည်း အချိန်ယူပြီးတော့လည်း လုပ်စေချင်သလို ကိုယ်ကိုယ်တိုင်လည်း အချိန်ယူချင်တယ်။ သေချာမွေးမြူပြီးတော့ အဲဒီ့စိတ်နဲ့ နေချင်တယ်။ တချို့ကားတွေ အတွက် ကျွန်တော်အဲဒီလိုနေခဲ့တယ်။ အပြင်မှာပါ ကျွန်တော့်ကို ဂေါက်သွားပြီ လားလို့ ထင်ရလောက်အောင်ကို ကျွန်တော်နေခဲ့တယ်။ ကျွန်တော့်ကိုယ် ကျွန်တော်အားထုတ်ခဲ့တယ်။

ကျွန်တော့် နေပုံထိုင်ပုံက မှန်ရင်လည်း မှန်မယ်။ မှားရင်လည်း မှားမယ်။ ဒါပေမဲ့ ကျွန်တော်အဲဒီလို လုပ်မှရမယ်လို့ အဲဒီ့တုန်းက ယုံကြည်လို့ အဲဒီလို လုပ်ခဲ့တယ်”လို့ လက်ရှိမှာ သူရိုက်ကူးချင်တဲ့ ဇာတ်ကားပုံစံမျိုးနဲ့ ဇာတ်ရုပ်ပီပြင် အောင်သူ့ရဲ့ကြိုးပမ်းအားထုတ်ခဲ့မှုတွေကို အကယ်ဒမီဖိုးကျော်က အခုလို ပြော ပြခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ သူ့အနေနဲ့ မြန်မာဇာတ်ကားတွေကို သိပ်မကြည့်ဖြစ်ဘဲ နိုင်ငံခြားကားတွေကိုတော့ တော်တော်များများ ကြည့်ဖြစ် နေတယ်လို့ သူကပြောပါတယ်။

နောက်ပိုင်းမှာ သူကိုယ်တိုင် ထုတ်လုပ်ရိုက်ကူးဖြစ်လာမယ့် ရုပ်ရှင်ဇာတ် ကားမျိုးတွေရှိလာနိုင်မလားဆိုတာကိုတော့ အကယ်ဒမီဖိုးကျော်က…

”ကျွန်တော်မထုတ်လုပ်နိုင်တာတော့ သေချာတယ်။ ရိုက်ကူးဖို့ အတွက်ကတော့ နည်းနည်းစဉ်းစားရမယ်။ အခုအချိန်မှာ တတ်နိုင်တဲ့လူက ကျွန် တော့်ကို ပိုက်ဆံထုတ်ပေးမယ်။ ရိုက်ပါဆိုရင်တောင် ကျွန်တော်မရိုက်သေးဘူး။ကျွန်တော် Actor လုပ်ချင်သေးတယ်။ အခွင့်အရေးများရရင် ကျွန်တော် Actor လုပ်ဦးမယ်။ မင်းဒါရိုက်တာပဲလုပ်ရမယ် Actor လုပ်ခွင့်မရဘူး ဆိုရင်တောင်မှ ဒါရိုက်တာလုပ်ဖို့ကို နည်းနည်းစဉ်းစားပြီးမှ ကျွန်တော်လုပ်မယ်။ လုပ်ဖြစ်ချင်မှလည်း ကျွန်တော်လုပ်ဖြစ်လိမ့်မယ်။ လုပ်ဖြစ်ရင်လည်း လုပ်ဖြစ်မယ်ပေါ့။ သိပ်တော့ မသေချာဘူးပေါ့။ အဲဒီ့အချိန်ကာလမှာ ဖြစ်သွားမယ့်ကျွန်တော့်ရဲ့ စိတ်အရပေါ့။ ဒါပေမဲ့ သေချာတာတစ်ခုက ကျွန်တော့်မှာရှိတဲ့ အနုပညာဆိုတဲ့အရာကို ကျွန်တော့်ကို လက်ခံတဲ့သူတွေ နောင်လာနောင်သား ဘယ်သူပဲဖြစ်ဖြစ် ကျွန်တော့်ဆီမှာလာတောင်းရင် ကျွန်တော်ဘာမှမချန်ဘူး။ အကုန်ပေးတယ်။ အဲဒီလိုတော့ ကျွန်တော်ပေးမယ်လို့ စိတ်ကူးထားပါတယ်။ပေးလည်းပေးခဲ့ပါတယ်”လို့ ပြောပါတယ်။

ဇာတ်ကားတွေ သိပ်မရိုက်ဖြစ်တဲ့ အကယ်ဒမီဖိုးကျော်က သူ့အနေနဲ့ သူနဲ့သဟဇတဖြစ်မယ့် ဇာတ်ကားမျိုး ကောင်းလည်းကောင်းမယ်ဆိုတဲ့ ဇာတ်ကားမျိုးဆိုရင် ရိုက်ကူးသွားမှာဖြစ်ပြီး ပရိသတ်ကို အမြဲတမ်းအသစ်တွေ ပေးချင်ပေမယ့် သူ့အနေနဲ့ တစ်ယောက်တည်းဖြစ်နေကြောင်း ပြောပြပါတယ်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*