
ဒီပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့်မရခဲ့တဲ့ အလှမယ် ရွှေအိမ် စည် အတွက်လည်း စိတ်မကောင်းဖြစ်မိပြီး ပြိုင်ပွဲယှဉ်ပြိုင်နေစဉ် အ တွင်းမှာ အတိုက် အခိုက်များစွာ ကြုံတွေ့ရတဲ့ အပေါ် အေးချမ်း မိုးက “ကိုယ့်ကိုယ် တိုက်ခိုက်ကြတဲ့လူတွေ အများကြီးရှိပါတယ်။ ဒါက လည်း ဖြစ်လေ့ဖြစ်ထ ရှိတဲ့ အရာတစ်ခုပါ။ ညီမအနေနဲ့လည်း နား လည်ပါတယ်။ ပြိုင်ပွဲအချိန် နီးကပ်မှ ညီမလေး ရွှေအိမ်စည်အနေနဲ့ သွား ရောက်မယှဉ်ပြိုင်ရဘူးဆိုတော့ သူ့ကိုလည်း စိတ်ထဲမှာ စိတ် မကောင်း ဖြစ်မိပါတယ်။ တချို့တွေ ကလည်း ညီမကို ပြောနေကြတာ ညီမကသူ့ကို အားနာတဲ့စိတ်မဖြစ်ဘူး ဆိုပြီး ပြော ကြတယ်။ ညီမဒီကြားထဲမှာ မေးခွန်းတွေမမေး လို့သာ မပြော ဖြစ်တာပါ။ ညီမ စိတ်ထဲမှာတော့ စိတ်မကောင်းပါဘူး။ သူ့အနေနဲ့လည်း အလား အလာ အများကြီးရှိတဲ့ လူတစ်ယောက်ပါ။ သူ ကိုယ်တိုင်သွားရောက် ယှဉ်ပြိုင်မယ် ဆိုရင်လည်း နေ ရာကောင်းရမယ့် လူတစ်ယောက်ပါ။ ညီမအနေနဲ့အ ကောင်းဆုံးကြိုးစားပေမယ့် Top 20 လည်း မဝင်ခဲ့ဘူး။ trainer တွေဘက်ကရော Organization ဘက်ကရော ညီမကို ကြိုးစားမှုရှိတယ်။ တော်တယ်ဆို ပြီးတော့လည်း အသိအမှတ် ပြုခံရပါတယ်”လို့ပြောပါတယ်။
ခိုင်ဝေလွင်၊
ဓာတ်ပုံ-မင်းမင်းထွန်း