Heineken Beer
Heineken Beer

နာဂ တိုင်းရင်းသား တန်ဆောင်တိုင်ပွဲ

နာဂ တိုင်းရင်းသား တန်ဆောင်တိုင်ပွဲ
October 31, 2017 Leanne Win

နာဂ လူမျိုးတို့က မြန်မာနိုင်ငံ အတွင်း အခေါင်ဆုံးဒေသ ရှိ တောင်တန်းပျော်များ ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံရဲ့ အနောက် မြောက်ဘက်အစွန် အိန္ဒိယ၊ မြန်မာ နယ်စပ်ပတ်ကွိုင်တောင်တန်းနဲ့ ချင်း တွင်း မြစ်ဖျားအနောက်ဘက်မြစ်ဝှမ်း ဒေသအတွင်း တောတောင်စိမ့်စမ်း ဂနိုင်တို့ ထူထပ်စွာရှိတဲ့နေရာတွေက နာဂလူမျိုးတို့ ကျင်လည်ကျက်စားရာ ဒေသပဲ ဖြစ်တယ်ပေါ့ဗျာ။

တောင်စောင်း၊ တောင်ခါးပန်း တို့မှာ လယ်ယာတို့ကို ပင်ပင်ပန်းပန်း၊ ခက်ခက်ခဲခဲ ထွန်ယက်စိုက်ပျိုးလုပ် ကိုင်ကြပြီး၊ ဆောင်းအကုန် နွေဦး ပေါက်ချိန်များမှ နားခွင့်ရကြရှာတဲ့ လူမျိုးတွေပ။ ရှေးအခါက ကမ္ဘာပေါ် ရှိ လူအပေါင်းတို့က တော၊ တောင်၊ ရေ၊ မြေ၊ မီး စတာတွေကို ကိုးကွယ် လေ့ရှိကြနည်းတူ နာဂလူမျိုးတို့တစ် တွေလည်း တော၊ တောင်၊ ရေ၊ မြေ စောင့်တဲ့ နတ်တို့ကို ကိုးကွယ်ပူဇော် လေ့ရှိကြပါတယ်ဗျ။ မိုးကြီးလေကြီး ကျတာတို့၊ ပိုးကောင်တွေ ကိုက်ဖြတ် ဖျက်ဆီးလို့ပဲဖြစ်ဖြစ်၊ လယ်ယာတွေ ပျက်စီးတဲ့အခါမှာ နတ်များ အလိုမ ကျလို့ နှောင့်ယှက်ဖျက်ဆီးတာဖြစ် တယ်လို့ ယူဆထားကြတော့ ဒီနေ့ တိုင် နာဂလူမျိုးတွေက နတ်တို့ကို ယုံ ကြည်စွာနဲ့ ပူဇော်ပသလေ့ရှိကြတယ်။ နာဂအမျိုးသားတို့က နတ်တို့ကို ပူဇော် ပသမှု အကြောင်းပြုလို့ ကခုန်သီဆို တဲ့ ပွဲမှလွဲလို့ တခြားပျော်ပွဲရွှင်ပွဲရယ် လို့ သီးခြားမရှိဘူးပေါ့။

နတ်ပွဲများကိုသာ အဓိကထား ကျင်းပကြပြီး တစ်နှစ်၎ကြိမ်ထက် မနည်း ကျင်းပလေ့ရှိတယ်လို့ သက် ကြီးဆိုစကား ကြားခဲ့ဖူးပါတယ်။ မိုးဦးကျလို့ ကောက်ပင်တွေ စတင် စိုက်ပျိုးတဲ့အခါမှာ ကောက်ပင်တွေ ဖွံ့ဖြိုးသန်စွမ်းဖို့အတွက် ၁ကြိမ်၊ ကောက်ပင်တို့ အနှံထွက်လာတဲ့အခါ မှာ ၁ကြိမ်၊ ကောက်ပဲသီးနှံတွေ မှည့်စ ပြုတဲ့ သီတင်းကျွတ်၊ တန်ဆောင်မုန်း လမှာ ၁ ကြိမ်၊ အဲကောက်ပင်တွေ ရိတ်သိမ်းရတဲ့ ပြာသို၊ တပို့တွဲလမှာ ၁ ကြိမ်၊ အောင်ပွဲခံတဲ့အနေနဲ့ ကောက် ရိတ်ပွဲ၊ ကောက်သိမ်းပွဲတွေ ကျင်းပလို့ နတ် အပေါင်းတို့ကို ကျွဲ၊ နွား၊ ကြက်၊ ဝက်၊ ဘဲ၊ အရက်စတာတို့နဲ့ ပွဲပေးကာ ပူဇော်ပသပါတယ်ဗျာ။

နတ်ပွဲတွေ ကျင်းပချိန်များမှ နာဂအမျိုးသမီးတွေလည်း ပျော်ကြ ပါးကြရတာပါ။ အပန်းဖြေကြရတာ လို့ ပြောရမှာပေါ့နော်။ နာဂစော် ဘွားတွေအဖို့ အဲဒီနတ်ပွဲမျိုးကို တစ် သက်မှာ အနည်းဆုံးနှစ်ကြိမ် ကျင်းပ နိုင်ပါမှ ဂုဏ်ရှိတယ်လို့ ယူဆထား ကြပါတယ်။ သူတို့နတ်ကန်တော့ ပွဲဆို တာမှာလည်း ကချင်မနောပွဲနဲ့ ဆင် ဆင်တူတယ်လို့ ပြောရမယ်ဗျ။ နတ်ပွဲတွေ ကျင်းပချိန်များမှ နာဂအမျိုးသမီးတွေလည်း ပျော်ကြ ပါးကြရတာပါ။ အပန်းဖြေကြရတာ လို့ ပြောရမှာပေါ့နော်။ နာဂစော် ဘွားတွေအဖို့ အဲဒီနတ်ပွဲမျိုးကို တစ် သက်မှာ အနည်းဆုံးနှစ်ကြိမ် ကျင်းပ နိုင်ပါမှ ဂုဏ်ရှိတယ်လို့ ယူဆထား ကြပါတယ်။ သူတို့နတ်ကန်တော့ ပွဲဆို တာမှာလည်း ကချင်မနောပွဲနဲ့ ဆင် ဆင်တူတယ်လို့ ပြောရမယ်ဗျ။  နာဂအကကို ချင်းလူမျိုးတို့လို ဝိုင်းဖွဲ့လည်း ကကြတယ်။ ခုန်ပေါက် လို့လည်း ကကြတယ်။ ခုန်ပျံလို့လည်း ကကြတယ်။ လက်တစ်ဖက်မှာ ‘ဓား၊ လှံ’ တစ်ခုခုကို ကိုင်ပြီး၊ ကျန်တစ် ဖက်က ‘ဒိုင်း’ကို ကိုင်လို့ ကကြတယ် ဆိုတာ မြင်ဖူးကြမှာပေါ့နော။ အများအားဖြင့်တော့ စစ်တိုက် တဲ့ အကမျိုးကိုသာ ကပြလေ့ရှိကြ တယ်ဗျ။ အဲ နာဂလူမျိုးတွေက တော ကျွမ်းတယ်။ တောနက်ထဲမှာ သားရဲ တိရစ္ဆာန်များနဲ့ ထိပ်တိုက်ရင်ဆိုင် တွေ့ရှိကြတဲ့အခါ လက်တစ်ဖက်က လက်နက်ကိုကိုင်ပြီး၊ ကျန်လက်တစ် ဖက်က ‘ဒိုင်း’ကိုကိုင်လို့ သတ်ပုတ် ကြတယ်လေ။ အဲဒီအတွေ့အကြုံ တွေကိုယူပြီး ကပြတယ်လို့လည်း ကြားဖူးပါတယ်။

ကခုန်ဟန်က ထိုးဟန်၊ ခုတ် ဟန်များသာဖြစ်တယ်။ အထူးသဖြင့် ခြေကများနဲ့ တန်ဆာဆင်ထားတာကို မိတ်ဆွေ တွေ့မြင်ရမှာပါ။ ခြေက များလို့ဆိုရအောင်လည်း အမျိုးမျိုး ခုန်ပေါက် ပြတာရတာမို့ သက်သာ လှတဲ့ အကမျိုးတော့ မဟုတ်ဘူးဗျ။ နာဂပြည်နယ် တောင်ပေါ်ဒေသဖြစ် တော့ ချမ်းအေးလှတယ်ပေါ့နော။ အဲဒီအအေးဒဏ်ကို ခံနိုင်အောင်လို့ အခုန်၊ အပျံ၊ အလွှားတွေနဲ့ ကကြိုး အဖြစ် ကပြကြရတယ်။ တကယ်တော့ နာဂအကဆိုတဲ့ အခုန်၊ အပျံ၊ အလွှာ တွေဟာ သဘာဝရဲ့ တိုက်တွန်းချက်၊ ဖန်တီးချက်ပါပဲဆိုတာ အလွန်ပဲ ခိုင်လုံပါတယ်။ ကခုန်ဟန်က ထိုးဟန်၊ ခုတ် ဟန်များသာဖြစ်တယ်။ အထူးသဖြင့် ခြေကများနဲ့ တန်ဆာဆင်ထားတာကို မိတ်ဆွေ တွေ့မြင်ရမှာပါ။ ခြေက များလို့ဆိုရအောင်လည်း အမျိုးမျိုး ခုန်ပေါက် ပြတာရတာမို့ သက်သာ လှတဲ့ အကမျိုးတော့ မဟုတ်ဘူးဗျ။ နာဂပြည်နယ် တောင်ပေါ်ဒေသဖြစ် တော့ ချမ်းအေးလှတယ်ပေါ့နော။ အဲဒီအအေးဒဏ်ကို ခံနိုင်အောင်လို့ အခုန်၊ အပျံ၊ အလွှားတွေနဲ့ ကကြိုး အဖြစ် ကပြကြရတယ်။ တကယ်တော့ နာဂအကဆိုတဲ့ အခုန်၊ အပျံ၊ အလွှာ တွေဟာ သဘာဝရဲ့ တိုက်တွန်းချက်၊ ဖန်တီးချက်ပါပဲဆိုတာ အလွန်ပဲ ခိုင်လုံပါတယ်။

 (၃) နတ်ပွဲကျင်းပတဲ့အခါ အနီးအ နား ရွာသူရွာသားအားလုံးနဲ့ တခြား မျိုးမတူတဲ့ နာဂများကိုပါ ဖိတ်ကြား လေ့ရှိပြီး ၇ ရက်တိတိ ဧည့်ခံကျွေး မွေးလို့ ကခုန်ကျင်းပတယ်လို့ သိရ ပါတယ်။ ဧည့်သည်များကလည်း ဓား၊ လှံ၊ ဒိုင်း၊ မောင်းနဲ့ ကျွဲ၊ နွား၊ ဘိန်းစတာတွေ ယူဆောင်လာရတဲ့ ထုံးစံရှိတယ်ပေါ့နော်။ စုပေါင်းကပြ ရာမှာ ယောက်ျား၊ မိန်းမတစ်ယောက် ခြားစီ လက်ချင်းချိတ်ပြီး အရွယ်အစား အမျိုးမျိုးကို အချက်ကျကျ တီးခတ် နေတဲ့ မောင်းသံအလိုက် ဝိုင်းကြီး ပတ်လည်လှည့်လို့ ခပ်ညက်ညက်က လေး ကခုန်ကြရတယ်။ အဲဒီလို ကခုန်နေတုန်း နာဂလူမျိုးတို့ ဘာသာ ဘာဝ တေးသီချင်းတွေကို သီဆိုငြီး ကြတယ်ပေါ့။  နာဂတေးသီချင်းရဲ့ ရှေးဦးအစ က ဆွဲဆွဲငင်ငင်နဲ့ သီဆိုကြပြီး နောက် ပိုင်းရောက်မှသာ တဖြည်းဖြည်း မြန် လို့လာတော့တယ်။ ချင်း လူမျိုးတို့ရဲ့ အစနှေး၊ နောက်ပိုင်း မြန်တဲ့စနစ်မျိုး ဖြစ်တယ်။ နာဂတို့ရဲ့ တေးသွားတွေ လည်း အစနှေး၊ နောက်ပိုင်းမြန်ပေ မယ့် သီချင်းက ခပ်တိုတိုပဲ ဖြစ်ပါ တယ်။ သီချင်းဆုံးတိုင်း၊ ဆုံးတိုင်း အစက ပြန်ပြန်သီဆို နေတာကို နား ထောင်ရင်း သိသာပါတယ်ဗျ။ မြန်မာ သီချင်းဂျာအေးချာ ချာလည်သီချင်း မျိုးနဲ့ တေးသွားနဲ့ တူတယ်ပေါ့နော်။ အဲဒီသီချင်းတိုကလေးနဲ့ပဲ နှေးလိုက်၊ မြန်လိုက်နဲ့ ကပြနေတာပေါ့။

 (၄) “နာဂတန်ဆောင်တိုင်” နာဂလူမျိုးတို့ ကောက်ရင်ပေါ် ချိန်၊ ကောက်သစ်ပေါ်ချိန်တွေမှာ ကောက်ပဲသီးနှံစောင့်နတ်များကို ပူဇော်ပသတဲ့ပွဲတွေ ကျင်းပလေ့ရှိကြ ပါတယ်နော။ အဲဒီအချိန်မှာ ပြည်မ မှာ တန်ဆောင်တိုင်ပွဲတော်တွေ ကျင်းပ ချိန်နဲ့ ကိုက်ညီနေတယ်ပေါ့။ နာဂတို့ ပွဲတွေ မကျင်းပမီ တောင်ယာက ထွက် တဲ့ ကောက်သစ်တွေနဲ့ ခေါင်ရည်လုပ် ထားပြီး ခြံမှာမွေးမြူထားတဲ့ ကျွဲ၊ နွား၊ ကြက်၊ ဝက်နဲ့ နွားနောက်တို့ကို ခေါင် ရည်နဲ့အတူ နတ်တို့ကို တင်မြှောက် ပသ ကြတယ်လေ။  ပွဲနေ့မှာ မနက်စောစောပိုင်းက စပြီး ရွာရှိလူကုန်၊ ပျိုအို၊ ကျားမ မရွေး အားလုံးလုပ်ငန်းရပ်နားပြီး ပြင် ဆင်မွမ်းမံကြတယ်။ ပွဲနေ့ညနေပိုင်း မှာ မီးပုံကပွဲစပြီလေ။ မီးပုံကပွဲမှာ မီး ပုံကြီးကြီးတစ်ခုကို ကွင်းအလယ်ခေါင် မှာ ဖိုထားပြီး၊ ယောက်ျားတစ်ဝိုင်း၊ မိန်းမတစ်ဝိုင်း ခွဲခြားလို့ တောင်ယာ ကောက်ပဲသီးနှံစောင့်နတ်တွေကို ချီး ကျူးဂုဏ်ပြုတဲ့ တေးသီချင်းတွေ သီ ဆိုလို့ ညလုံးပေါက် ကခုန်ကြတာပေါ့ နော်။ လဆန်း ၁၄ ရက်နေ့ညမှာ စတင်ကျင်းပလေ့ရှိကြတယ်။

အဲဒီပွဲ ကို ‘နာဂတန် ဆောင်တိုင်ပွဲ’ လို့ ခေါ် ဆိုကြတယ်ပေါ့။  ၁၅ ရက်နေ့ညတစ်ချီ၊ စုပေါင်း ချက်စားလို့ မီးပုံကြီးကို ပတ်ချာဝိုင်း ပြီး ကခုန်ကြပြန်တယ်။ အချင်းချင်း လက်တွဲကခုန်လိုက်၊ ခေါင်ရည် သောက်၊ နွားနောက်သား စားလိုက် နဲ့ အာရင်း၊ သောက်ရင်း၊ စားလိုက် ရင်း အရုဏ်တက်ချိန်ရောက်မှ ကပွဲ ကို ရပ်နားပြီး လူစုခွဲကြတော့တာပေါ့ နော။

(၅) မြန်မာနဲ့ အာသံနယ်စပ်အကြား တောင်တန်းတစ်လျှောက်နေတဲ့ နာဂ လူမျိုးတွေဟာ တောအတွင်း ‘ယဇ် ကျောက်’ (ယဇ်နတ်ပူဇော်ပသရာ ကျောက်တုံး)ရှိရာကိုသွားပြီး တော ကောင်တို့ရဲ့ သွေးတွေနဲ့ ယဇ်ပူဇော် ပသလေ့ရှိကြတယ်။ အဲဒီကျောက်တုံး ကြီးကို သွေးတွေနဲ့ပက်ပြီး ခေါင်ရည် တွေနဲ့ ဆေးကြောလို့ “ငါတို့လယ်ယာ အောင်မြင်ပါစေ၊ ဘေးကင်းကြပါစေ” လို့ ဆုတောင်းကြတယ်။ သူတို့ယဇ် ပူဇော်ပွဲ အောင်မြင်တဲ့အနေနဲ့ ဝမ်း မြောက်ရွှင်လန်းပျော်ရွှင်စွာ ကကြ၊ ခုန်ကြတယ်ပေါ့။  နာဂလူမျိုးတို့မှာ တောင်ကုန်း များပေါ် သစ်တပ်၊ ဝါးတပ်တွေ ကာ ရံလို့ အိမ်ဆောက်နေထိုင်ကြပြီး၊ မကြာခဏ တိုက်ခိုက်လေ့ရှိကြတယ်။

မြေပြန့်နဲ့နီးတဲ့အရပ်တွေမှာ အချင်း ချင်း သတ်ဖြတ်တာတွေ လျော့ပါးလာ ခဲ့ပေမယ့် နဂိုဗီဇက သူ့ရဲ့စိတ်ဓာတ်နဲ့ တိုက်ခိုက်ထိုးခုတ်လေ့ရှိတဲ့ အဆက် အနွယ်တွေက ဆင်းသက်လာခဲ့ကြ တော့ နာဂအမျိုးသားတို့ ကခုန်ကစား ရာမှာလည်း ဓား၊ လှံ၊ ဒိုင်း၊ ကာစတာ တွေ ကိုင်ဆောင်လို့ စစ်ချီဟန်၊ စစ် တက် ဟန်၊ ဓားရေး၊ လှံရေးပြေဟန်၊ ကာကစားဟန်၊ ကဟန်တွေ ပါဝင် တာကို တွေ့ မြင်ရမှာပေါ့နော်။ ဓား၊ လှံ လက်နက်မပါဘဲ အချင်း ချင်း စုပေါင်းကခုန်တဲ့အခါ မှာလည်း များသောအားဖြင့် ညာသံပေးလို့ စိတ်ဓာတ်တက်ကြွ အော်ဟစ် ရွှင်မြူး စွာနဲ့ ခုန်ပေါက်ကပြလေ့ရှိကြပါတယ်။ စစ်ရေး၊ စစ်ရာနဲ့ ပတ်သက်တဲ့ အက မျိုးကို နာဂလူမျိုးတို့ရဲ့ ‘လှံအက’နဲ့ ‘ဓားအက’ တွေမှာ တွေ့မြင်လေ့လာ နိုင်ပါတယ် ခင်ဗျား။ကျန်းမာချမ်းသာကြပါစေ

သော်တာအောင် (ကျောက်တောင်)

 

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*