Heineken Beer
Heineken Beer

ရန်ကုန်စီဂျေ၏ စွန့်စားခန်းများ – ၂

ရန်ကုန်စီဂျေ၏ စွန့်စားခန်းများ – ၂
October 20, 2017 Asian Fame

“Citizen Journalist  ဟူသည်စင်စစ်အားဖြင့် ကိုယ့်ထမင်း ကိုယ်စားပြီး ကြီးဒေါ်နွားကျောင်း နေသူသာ ဖြစ်သည်။ သို့သော်…သူ့မှာ အဖိုးတန် အမျိုးမှန်သော နိုင်ငံသားတစ်ယောက် တာဝန် သိ စိတ် အပြည့်ရှိ၏။ လက်လှမ်းမီရာ နိုင်ငံသားတို့၏ နေ့စဉ်ဘဝထဲမှ အများဘက်မူတရာများကို အများ အကျိုးအတွက် စီဂျေက ရေးသား ဖြန့်ဝေပေး “ရှဲ” Share ပေးရခြင်းမှာ စီဂျေဘဝ၏ အနှစ်သာရဟု ဆိုရပေ တော့မည်။”Citizen Journalist  ဟူသည်စင်စစ်အားဖြင့် ကိုယ့်ထမင်း ကိုယ်စားပြီး ကြီးဒေါ်နွားကျောင်း နေသူသာ ဖြစ်သည်။ သို့သော်…သူ့မှာ အဖိုးတန် အမျိုးမှန်သော နိုင်ငံသားတစ်ယောက် တာဝန် သိ စိတ် အပြည့်ရှိ၏။ လက်လှမ်းမီရာ နိုင်ငံသားတို့၏ နေ့စဉ်ဘဝထဲမှ အများဘက်မူတရာများကို အများ အကျိုးအတွက် စီဂျေက ရေးသား ဖြန့်ဝေပေး “ရှဲ” Share ပေးရခြင်းမှာ စီဂျေဘဝ၏ အနှစ်သာရဟု ဆိုရပေ တော့မည်။

စီဂျေတို့ ရပ်ကွက်ထဲတွင် “တစ် လုံးနှစ်လုံး” စာစီကုံးကြသူတွေ “နှစ် လုံးသုံးလုံး” ဖြုန်းကြ သုံးကြသူတွေ များစွာရှိကြရာ သူတို့သည် တရား ဥပဒေကို ချိုးဖောက်ထိပါး နေကြသူ များမှန်း စီဂျေကောင်းစွာ နားလည် သည်။ သူတို့ကို သက်ဆိုင်ရာမှ အရေးယူပါရန် လျှို့ဝှက်  Account  တစ်ခုဖြင့် ရေးသားဖော်ထုတ်သည်။ သို့သော်…ဘာမှဖြစ်မလာသော အခါ စီဂျေဒေါမနဿပွားရလေ သည်။ “ဘုန်းကြီးရူးနဲ့ လှေလူးတွေ့ နေကြပြီ။ သူ့အရပ်နဲ့ သူ့ဇာတ် ဖြစ်ကုန်ပြီ။ ဗွီအိုင်ပီတွေ နှာစေးရော ဂါရကုန်ကြပြီ။ မလုပ်မရှုပ် မပြုတ် ဝါဒ ခေတ်စားလာပြန်ပြီ”ဟု စီဂျေ က ညည်းသောအခါ မိတ်ဆွေတစ်ဦး က ဂန္တဝင်သြဝါဒ တစ်ရပ်ပေးလာ၏။ “ဒီမှာ သယ်ရင်း။ သူများမိုးခါး ရေသောက်ရင် ကိုယ်လည်းသောက် ရမှာပေါ့ကွာ။ မင်း…မသောက်ရင် တော့ မင်း အရူးဖြစ်မှာပဲ” “အမှန်တော့ (အိုင်တီ) ခေတ် ကြီးပေါ်ထွန်းလာလို့သာ မီးခဲပြာဖုံး ဖြစ်နေကြတဲ့ ငါတို့ စီဂျေ တွေပေါ် လွင်လာကြတာပါ။ ပေါ်လွင်လာကြ ပေမယ့် တရားဝင် သတင်းဌာနကြီး တွေက တရားဝင် သတင်းထောက် တွေလောက် မျက်နှာကောင်း မရကြ ပါဘူး။ မျက်နှာကောင်း မရတဲ့အပြင် ငါတို့ကို ထိန်းချုပ် ကန့်သတ်ထားတဲ့ ဆက်သွယ်ရေး ပုဒ်မကြီးတွေကလည်း ငါတို့စီဂျေတွေကို အမြဲတမ်း ဖြဲ ခြောက်နေကြတဲ့ တစ္ဆေကြီး တွေပေါ့ကွာ” ဟု ရန်ကုန် စီဂျေက ခြူသံပါအောင် ညည်းလိုက်ပြန်သည်။ “အကွပ်မဲ့ကြမ်း ပရမ်း ပတာဆိုတဲ့ မြန်မာဆိုရိုး စကား ရှိပြီးသားပါ သယ် ရင်း။ ဥပဒေဆိုတာ အထိမ်း အကွပ်ပါပဲ။ ဥပဒေ သာ မရှိရင် ဆိုရှယ်မီဒီယာ တွေမှာ တစ်ယောက်ကို တစ်ယောက်၊ တစ်ဖွဲ့ကို တစ်ဖွဲ့ အပြန်အလှန် ချိုး ဖဲ့ဝေဖန် ကလော် တုတ် နေကြတာနဲ့ ငါတို့ နိုင်ငံ သားတွေတစ်ခြားအကျိုး ရှိတဲ့ အလုပ်တွေ လုပ် ချိန်ရတော့မှာ မဟုတ် ဘူး။ အမှန်ကတော့ မီဒီယာဆိုတာ သုံး တတ်ရင်ဆေး မသုံးတတ်ရင်တော့ ဘေးပေါ့ကွာ”  ” ကဲ…သယ်ရင်း စကားပြော လို့ကောင်းပေမယ့် ငါ့အလုပ် လုပ်ရ ဦးမယ်။ ခွင့်ပြုဦးကွာ…” ဆိုကာ ရန်ကုန်စီဂျေသည် ယနေ့ ရေးသား လွှင့်တင်ရန် သတင်းအချက်အလက် အဟောင်းများကို စဉ်းစားရင်း လမ်း လျှောက်လာသည်။ သူ့မှာရှိသော သတင်းအချက်အလက်ဟောင်းများ က “အကောင်း” နည်းပြီး “အဆိုး” များလှသည်။ မိမိကို သတင်း ပရိသတ်ကကိုယ့်ဘဝကိုယ် မကျေ နပ်သော အဆိုးမြင်ဝါဒီ ဟု ထင်သွား နိုင်သည်။ အကောင်းရှာဦးမှ…။

အကောင်းမျှော်ဝါဒဖြင့် အကောင်းမြင်။ မြင်ပြီး အကောင်းရှာ ဖွေရန် ကြံစည် စိတ်ကူးနေဆဲတွင် စီဂျေသည် သတင်းဆန်းတစ်ခု ရ သည်။ ရပ်ကွက်ထဲရှိ မြန်မာအမျိုး  သား လူအိုကြီး ဦးဖိုးလူ၊ တရုတ် အမျိုးသား အဘိုးကြီး ဦးကြင်ဝှက်နှင့် အိန္ဒိယမျိုးနွယ် မာမူကြီး ဦးအီဆာတို့ သုံးယောက်သည် သူရဲကောင်း သုံး ယောက်ကဲ့သို့ အတွဲမိမိ၊ တရင်းတနှီး ပေါင်းသင်းဆက်ဆံ နေကြသည်ဟူ သောသတင်းတောင်း။ နံနက်စော စော လမ်းလျှောက်ထွက်ကြ လည်း အတူတူ။ လက်ဖက်ရည် ဆိုင်မှာ ထိုင်တော့လည်း အတူ တူ။ ညနေစောင်း လမ်းလျှောက် ကြပြန်တော့လည်း တုတ်ကောက် ကိုယ်စီနှင့် လက်တွဲညီညီ…။ သုံးယောက် စလုံး အသက် (၇ဝ) စွန်းစ၊ ခေါင်းမွေးဖြူ အဘိုးကြီး တွေ…။ “အင်း..ဒါဟာ ဘာသာပေါင်း စုံ ချစ်ကြည်ရေး လက္ခဏာပဲ။ မြန် မာနိုင်ငံမှာ လူမျိုးစုံ၊ ဘာသာ စုံ၊ အသားအရောင်းစုံ နေထိုင် ကြတဲ့အတွက် အားလုံးချစ်ကြည် ခင်မင်ကြရလိမ့်မယ်။ လူမျိုးချင်း မတည့်လို့ ပြဿနာပေါ်ရင် ဘေး က မဆီမဆိုင် နိုင်ငံတွေက ထ ထအော်တတ်ကြတယ်။ အသံ ကြောင့် ဖားကသေတယ် ဆိုတာ ဒင်း(သင်း) တို့လို ပါးစပ် သရမ်း တဲ့ သတ္တဝါတွေပဲ” ဟု တွေးမိ ကာ သူရရှိသောသတင်းကောင်း ကို ကမ္ဘာသိကြေငြာရန် ဆုံးဖြတ် ချက် ချလိုက်လေသည်။ “သတင်းကောင်းဆိုပြီး ဖြီးလို့ မရဘူး။ အထောက်အထား အချက် အလက် ခိုင်လုံမှ ဖြစ်မယ်” ဟု စဉ်းစားကာ စီဂျေသည် အဘိုး ကြီး သုံးယောက်ကို မသိမသာ လေ့လာအကဲခတ်တော့သည်။

စီဂျေ စိတ်ကူးက ဘာသာမတူ ၊ လူမျိုးကွဲ အဘိုးကြီးသုံးယောက် ချစ်ကြည်ရင်းနှီးမှုကို “စံပြ” အဖြစ် ကမ္ဘာက သိသွားအောင် ပုံဖော်လိုခြင်း ဖြစ်သည်။ ခက်နေ သည်မှာ အဘိုးကြီး သုံးယောက် က အေးအေးဆေးဆေး နေတတ် ကြပြီး “အင်တာဗျူး” တောင်း လျှင် ငြင်းဆန်ကြမှာ သေချာ သည်။ “အဲ့… အဘိုးကြီး သုံး ယောက်က ငယ်သူငယ်ချင်း။ ငယ် ပေါင်းအစစ်တွေတဲ့ဗျ။ သူတို့သုံး ယောက်ပဲ ရင်းရင်းနှီးနှီး ဆက်ဆံ တတ်တယ်။ တခြား အဘိုးကြီးတွေနဲ့ မပေါင်းဘူး။ ပြီးတော့.. သူတို့က စီးပွားရေး အသင့်အတင့် ပြေလည် တဲ့ မိသားစု နောက်ခံ ရှိကြတယ်။ ဦးကြင်ဝှက်ကတော့ အချမ်းသာဆုံး။ ဦးအီဆာက ဒုတိယ။ ဦးဖိုးလူကတော့ စားနိုင်သောက်နိုင်ရုံပါပဲ။ စားနိုင် သောက်နိုင်ဆို သူ့မှာပါးစပ် ပါတာ ကိုး အစ်ကိုစီဂျေရဲ့”ဟု ရန်ကုန် စီဂျေတပည့် လူလည် လူရှုပ်ကလေးက ပြောပြသည်။ အဘိုးကြီး သုံးယောက် ဓလေ့စရိုက်ကို သိနိုင်ရန် စီဂျေက တပည့်ကလေးကို လက်ဖက်ရည် တိုက်၊ ဘီယာတိုက်ပြီး စည်းရုံးတာဝန် ပေးထားသည်။

သည်ကနေ့ ညနေပိုင်း မှာတော့ စီဂျေသည် အဘိုးကြီး သုံးယောက် ထိုင်လေ့ရှိသော လက်ဖက်ရည်ဆိုင် သို့ သွားကာ လက်ဖက်ရည်သောက် ရင်း အဘိုးကြီးတွေကို အကဲခတ် သည်။ အဘိုးကြီးမှာ အင်္ကျီ၊ ပုဆိုးအဆင်နုနု၊ အရောင်လွင်လွင် ကလေးများ ဝတ်ဆင်လျှက် ဆံပင်  တွေကိုလည်း ဆီလိမ်း၍ ပိပိပြားပြား ဖြီးသင်ထားကြသည်။ တခြားအဘိုး ကြီးတွေလို ဆေးတံတွေ၊ ဆေးပြင်း လိပ်တွေ မခဲကြဘဲ၊ စီးကရက်ကလေး တွေ တဖွာဖွာနှင့် ဖြစ်ကြသည်။ “အင်း.. စိတ်ပျိုကိုယ်နုဆိုတာ ဒါပဲ။ ငါလည်း အသက်ကြီးရင် သူ တို့စတိုင်မျိုးနဲ့ နေနိုင်အောင် ကြိုးစားရမယ်” ဟု စီဂျေသည် အဘိုးကြီးတွေကို တစေ့တစောင်း ငေးရင်း အနာဂတ် စီမံကိန်းတစ်ခုကို ချမှတ်၊ ရင်ခုန်နေမိသည်။
ည ၈ နာရီလောက်တွင် အဘိုးကြီးသုံးယောက် လက်ဖက်ရည် ဆိုင်ထဲမှ အတူတကွ ထွက်ခွာသွား ကြသည်။ သူတို့နောက်ကနေ စီဂျေ က နောက်ယောင်ခံ လိုက်သွားသည်။ လမ်းမကြီး အတိုင်း သွားနေ ကြရာက လမ်းမကြီး တစ်ခုထဲသို့ ချိုးဝင်သွား ကြသည်။ လမ်းသွယ်ထဲရှိ KTV  ဆိုင်း ဘုတ်ရှိရာ နှစ်ထပ်တိုက်သို့ အရောက် တွင် အဘိုးကြီးတွေက အပေါ်ထပ်သို့ တက်သွားကြသည်။
“ထွီ… ဖွတ်ထွက်မှ တောင်ပို့ မှန်းသိတော့သကွာ။ သေကာနီးကြီး တွေက မာဆက်ကို လာကြတာကိုး …”
ရန်ကုန်စီဂျေသည် တံတွေး တ ဗျစ်ဗျစ်ထွေးရင်း တဖွဖွ ရေရွတ် မေတ္တာပို့ နေလေတော့သတည်း။

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*