မြန်မာ့ရုပ်ရှင်နှစ်၁ဝဝ ပြည့်ဆီသို့ ….စုစည်းညီညွတ်မှု၏ ခြေလှမ်းအစ

မြန်မာ့ရုပ်ရှင်နှစ်၁ဝဝ ပြည့်ဆီသို့ ….စုစည်းညီညွတ်မှု၏ ခြေလှမ်းအစ
October 17, 2017 Asian Fame
မြန်မာ့ရုပ်ရှင်နှစ်၁ဝဝ ပြည့်ဆီသို့ ….စုစည်းညီညွတ်မှု၏ ခြေလှမ်းအစ

 နှစ်စဉ်နှစ်တိုင်း အောက်တို ဘာလ ၁၃ရက်နေ့ရောက်ပြီဆိုလျှင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ကျင်းပ ပြုလုပ်သည့် မြန်မာ့ရုပ်ရှင်နေ့ အခမ်းအနားနှင့် ရုပ်ရှင်သက်ကြီး ပူဇော်ပွဲကို ယခုနှစ်တွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ နှင်းဆီကုန်းဘိုး ဘွားရိပ်သာတွင် ရုပ်ရှင်အနုပညာ ရှင်၊ အတတ်ပညာရှင်များ စုံစုံ လင်လင်ဖြင့် ကျင်းပပြုလုပ်ခဲ့ကြ သည်။ ယခုနှစ်တွင် အပူဇော်ခံ သက်ကြီး ၁၆၂ဦးရှိခဲ့ပြီး သက်ကြီး တစ်ဦးလျှင် ငွေကျပ် နှစ်သိန်း နှစ်သောင်း၊ ဆေးဝါးများနှင့် အသုံးအဆောင် ပစ္စည်းများပါဝင်ခဲ့ကြောင်း သိရသည်။ ရုပ်ရှင်မင်းသား၊ မင်း သမီးများနှင့် အလှူရှင်များ လှူဒါန်း ကြသည့် နိဗ္ဗာန်ဈေးပွဲတော်တွင် ယခုနှစ်၌ ဆိုင်ခန်းပေါင်း ၆ဝ ကျော် ရှိခဲ့ပြီး စားသောက်ဖွယ်ရာ စုံလင်စွာ စတုဒီသာ အလှူဒါနပြုခဲ့ကြ သည်။  “ရုပ်ရှင်လောကသားတွေရဲ့ အနုပညာစွမ်းအားကို ဆက်လက် တိုးတက်အောင် ပြသဖို့လိုတယ်လို့ ကျွန်တော်က ပြောချင်ပါတယ်။ အားလုံး ကြိုးစားကြပါ။ ဝိုင်းဝန်း ကြပါ။ ကူညီကြပါလို့လည်းတောင်း ပန်ချင်ပါတယ်” ဟု ၉၇နှစ်ပြည့် မြန်မာ့ရုပ်ရှင်နေ့နှင့် ပတ်သက်ပြီး ဘဘ ဗိုလ်ကလေးတင့်အောင်က အ မှတ်တရ စကားပြောပြခဲ့ခြင်းဖြစ် သည်။

ယခုနှစ် မြန်မာ့ရုပ်ရှင်နေ့ အခမ်း အနားနှင့် ရုပ်ရှင်သက်ကြီး ပူဇော်ပွဲကို မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌဦးဇင်ဝိုင်း ဦးဆောင်သည့် အမှုဆောင်သစ်များမှ တာဝန်ယူ ကျင်းပခဲ့ခြင်းဖြစ်ပြီး ရုပ်ရှင်လောက သားများ စုံစုံညီညီနှင့် ခမ်းခမ်းနားနား ကျင်းပနိုင်ခဲ့ခြင်း အပေါ် ဦးဇင်ဝိုင်းက “ဒီကနေ့ ဒီအခမ်းအနားကို ကျင်းပနိုင်ခြင်းဟာ ကျွန်တော်တို့ အနုပညာရှင်၊ အတတ်ပညာရှင်၊ ငွေရှင်၊ ရုံရှင် စသည်ဖြင့် ခွဲခြားခြင်း မရှိဘဲ အားလုံးရဲ့ ညီညွတ်မှုစွမ်းအားနဲ့ ဒီနေ့၊ ဒီလိုမျိုး ခမ်းခမ်းနားနားနဲ့ ကျင်းပနိုင်ခြင်းဖြစ်ပါတယ်။ အနာ ဂတ်မြန်မာ့ရုပ်ရှင်လောကကို ဒီ့ထက် ပိုမို အဆင့်အတန်းမြင့်မား အောင် ထူထောင်ရာမှာလည်းပဲ ဒီကနေ့ ကျွန်တော်တို့ တွေ့ရှိရတဲ့ ဂါရဝတရား၊ စေတနာတရား၊ မေတ္တာတရား၊ စုစည်းမှုအားတွေနဲ့ ထူထောင် သွားရမှာဖြစ်ပါတယ်။ အဲဒီ အတွက် ဒီနေ့မှသည် နောင် အနာဂတ်ရုပ်ရှင် လောကဆီအထိ ကျွန်တော်တို့ရဲ့ ချစ်ခြင်းတရားများနဲ့ စည်းလုံးမှုခွန် အားများနဲ့ ဆက်လက် ချီတက်ကြပါ စို့လို့မေတ္တာရပ်ခံ အပ်ပါတယ်”ဟုဆို သည်။

ဆက်လက်ပြီး သူက ယခုလို အခမ်းအနားကျင်းပ ရခြင်းကိုလည်း “ဒီမြန်မာ့ရုပ်ရှင်နေ့ အခမ်း အနားဆိုတာ ၁၉၂ဝခုနှစ် မြန်မာ့ ရုပ်ရှင်ပေါ်ခါစ၊ ပေါ်ဦးစမှသည် ဒီကနေ့အထိကို နှစ်စဉ်မပြတ် ကျွန်တော်တို့ရဲ့ မိဘ၊ ဘိုးဘွားများက အစဉ်အဆက်ကျင်းပလာခဲ့တဲ့ အခမ်း အနားဖြစ်ပါတယ်။ ဒါနဲ့ တစ်ပြိုင် နက်တည်း၊ တစ်လက်စ တည်းမှာပဲ သက်ကြီးပူဇော်ပွဲဆိုတာ ကိုလည်း ကျွန်တော်တို့ ဗုဒ္ဓဘာသာ၊ မြန်မာ လူမျိုးများပီပီ ကျင်းပခဲ့တာ အခုချိန် ထိပဲဖြစ်ပါတယ်။ ဒီကောင်း မြတ်တဲ့ အစဉ်အလာကို ကျွန်တော်တို့ လက်ရှိ အနုပညာရှင်၊ အတတ်ပညာ ရှင် လောကသားများက ဆက်လက် ပြီး သယ်ပိုးထမ်းရွက်နေကြခြင်းပဲ ဖြစ်ပါ တယ်။ ဒီအစဉ်အလာကို နောင်လာ မယ့်မျိုးဆက်များကလည်း ဆက်လက် ပြီးတော့ သယ်ဆောင်သွားကြ လိမ့် မယ်လို့လေးလေး နက်နက်ကို ယုံကြည်ပါတယ်” ဟု ရှင်းပြသည်။
ယခင်နှစ်များက အခမ်းအနား ကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး တွင်ကျင်းပခဲ့သော်လည်း ယခုနှစ် တွင်နှင်းဆီကုန်းဘိုးဘွား ရိပ်သာ တွင်ကျင်းပဖြစ်ခြင်းအကြောင်းကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုဥက္ကဋ္ဌဖြစ်သူ ဦးအေးကြူလေးက “အခုလောလောဆယ် အောက် က ခန်းမကြီးက ရုပ်ရှင်ရုံလုပ်လိုက် တယ်လေ။ ရုပ်ရှင်ရုံလုပ်လိုက်တဲ့အခါ ကျတော့ နေရာက မရှိဘူး။ တကယ် လို့ ရုပ်ရှင်အစည်းအရုံးမှာ လုပ်လို့ရှိ ရင် ထိုင်ခုံတွေ အကုန်လုံးကို ဖြုတ်ရ မယ်။ နည်းနည်းလက်ဝင်တာပေါ့။ ထိခိုက်မှုလည်းရှိမှာ။ ရုပ်ရှင်ရုံပိတ် ကားတွေလည်းရှိတော့ ထိခိုက်မှုတွေ လည်းရှိမှာစိုးလို့ပါ။ အဲဒါကြောင့်မို့လို့ နှင်းဆီကုန်းဘိုးဘွားရိပ်သာမှာ လုပ် ဖြစ်တာပါ” ဟု ပြောသည်။ သက် တမ်းအားဖြင့် တစ်လဝန်းကျင်မပြည့် သေးသော ရုပ်ရှင်အမှုဆောင်သစ် များအနေဖြင့် ယခင်အမှုဆောင် ဟောင်းများ၏ အကူအညီများလည်း ရယူခဲ့ရကြောင်းလည်း သိရသည်။ နိဂုံးချုပ်အားဖြင့် ပြောရမည်ဆိုလျှင် အဆိုပါ အခမ်းအနားမှနေ၍ ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက သက်ကြီးအနုပညာရှင် များအနေဖြင့် နားခိုနိုင်ရန်ဆည်း ဆာရိပ်ဘိုးဘွားရိပ်သာ၌လည်း အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း ယခုလို ပြောပြခဲ့သည်။ “ဆရာမဒေါ်သန်းမြင့်အောင် ဦးစီးပြီးတော့မှ စာပေ၊ သဘင်၊ ရုပ် ရှင်၊ ဂီတအစည်းအရုံးများနဲ့ ပူးပေါင်း မှုနဲ့ ပုလဲမြို့သစ်မှာ တည်ထောင် ထားတဲ့ အနုပညာဆည်းဆာရိပ်ဘိုးဘွားရိပ်သာမှာလည်း ကျွန်တော်တို့ ရုပ်ရှင်၊ သဘင်၊ စာပေ၊ ဂီတလောက အသီးသီးက သက်ကြီးအနုပညာရှင် များအနေနဲ့ လာရောက် ပြီးတော့မှ နားခိုမယ်ဆိုလို့ရှိရင်လည်း နားခိုလို့ရ အောင် အဆင်သင့်ပြုလုပ် ထားပြီး ဖြစ်ကြောင်းကို သတင်း စကားပါး အပ်ပါတယ်” ဟု ဦးဇင်ဝိုင်းထံမှ သိရှိခဲ့ရပါသည်။ ယခုနှစ် ကျင်းပပြုလုပ်သည့် မြန်မာ့ရုပ်ရှင်နေ့နှင့် ရုပ်ရှင်သက်ကြီး ပူဇော်ပွဲ အခမ်းအနားသည် ယခင် နှစ်များနှင့်မတူဘဲ မြန်မာ့ရုပ်ရှင်လောက မှ အသိပညာရှင်၊ အတတ်ပညာရှင် များ၊ မင်းသား၊ မင်းသမီး၊ သရုပ် ဆောင်များ၊ ဇာတ်ပို့၊ ဇာတ်ရံ သရုပ် ဆောင်များ အပါအဝင် အောက်ခြေ မှ အထက်ထိ ရုပ်ရှင်လောကသား အားလုံး စုစည်းညီညွတ်စွာ ဂါရဝပြု တက်ရောက်ကြခြင်းဖြစ်သည်။ ထို သို့သော မြန်မာ့ရုပ်ရှင်အစည်းအရုံး အမှုဆောင်အသစ် လက်ထပ် ပွဲဦး ထွက် ခြေလှမ်းအဖြစ် မြန်မာ့ရုပ်ရှင် လောကသား အားလုံး၏ စုစည်း ညီညွတ်မှု အင်အားပြယုဂ်ကို အောက် တိုဘာလ ၁၃ ရက်နေ့က ကျင်းပ သည့် မြန်မာ့ရုပ်ရှင်နေ့နှင့် ရုပ်ရှင် သက်ကြီးပူဇော်ပွဲ အခမ်းအနား မြင် ကွင်းမှ ဖော်ကျူး ပြသလိုက်ခြင်းပင် ဖြစ်သည်။
ထိုစုစည်းညီညွတ်မှု၏အင်အား  များကြောင့် ဟောလိဝုဒ် ရုပ်ရှင် လောက၊ ဘောလိဝုဒ် ရုပ်ရှင် လောက၊ တရုတ်-ဂျပန်- ကိုရီးယား ရုပ်ရှင်လောကတို့နည်းတူ ကမ္ဘာ့ အဆင့်မီ မြန်မာ့ရုပ်ရှင်ဇာတ်ကား များ အဆင့်အတန်းမီ ထိုးဖောက်ဝင်ဆန့်နိုင်ရေး၊ မြန်မာ့ရုပ်ရှင်လောက အနုပညာ အရည်အသွေး မြင့်မားပြီး အဆင့် အတန်းမြင့်မားကာ ဖွံ့ဖြိုးတိုး တက်ရေးတို့အတွက် အထောက်အကူ တစ်ခုဖြစ်မည်ဟု ယုံကြည် မျှော်လင့် ရပါသည်။ ထို့အပြင် လာမည့် နှစ် ၁ဝဝ ပြည့် မြန်မာ့ရုပ်ရှင်နေ့ကို ဝိသေသ ထူးစွာ၊ ခမ်းနားထည်ဝါစွာ ဂုဏ်ပြုကျင်းပနိုင်ရေးပါ စုစည်း ညီ ညွတ်မှု၏ ခြေလှမ်းများ အစပင် ဖြစ် သည်ဟုဆိုချင်ပါတော့သည်။
မျိုးမောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*