
အခုနှစ် ကထိန်ရာသီမှာလည်း မနောနဲ့ သွန်းတို့သီဆိုထားတဲ့ “မြို့  သားနဲ့တောသူ” သီချင်းက အလှူခံ မဏ္ဍပ်တွေမှာ နေရာယူလျှက် ရှိပါ တယ်။ ခုလို အောင်မြင်တဲ့ သီချင်း နဲ့ပတ်သက်ပြီး မနောက “ဝမ်းသာပါတယ်ဗျာ။ကိုယ့် နိုင်ငံရဲ့ အလှူမင်္ဂလာ အခမ်းအ နားတွေမှာ ကိုယ့်နိုင်ငံက ဖန်တီးတဲ့ အနုပညာတွေနဲ့ ဖျော်ဖြေကြ၊ ဖွင့် ကြတာ ဝမ်းသာပါတယ်။ ဒီသီချင်း လေးက ကြာပါပြီ။ ကျွန်တော့် တေးရေးဆရာ သဟာအောင် ရေးပေး ထားတာပါ။ အဲဒီမှာသွန်းနဲ့တွေ့ တော့ သူကသူ့အခွေမှာ တစ်ပုဒ် ဝင်ဆိုပေးဖို့ ပြောတယ်။ ကျွန်တော် ကလည်း ကျွန်တော့် အနေနဲ့  ဆိုမယ့် သီချင်းကို ကျွန်တော့် Band နဲ့ သေချာ Arrange လုပ်ခွင့်ရမယ်ဆိုရင် ဝင်ဆိုဖို့ပြောတယ်။ ဒီတိုင်းသက် သက်ကြီး ဝင်မဆိုချင်လို့ပါ။ ဖန်တီးမှု သေချာမလုပ်ဘဲ ပြီးစလွယ်ဝင်ဆိုပေး တာမျိုး မလုပ်ဘဲသေချာ ဖန်တီးချင်တာနဲ့ ကျွန်တော်တို့ စိတ်ကြိုက် ဖန်တီး တယ်။ သွန်းကလည်း သဘောတူတယ်။ ဒါနဲ့ပဲ ဒီသီချင်းလေး ဖြစ်လာတာပါ” လို့ မနောက ပြောပါတယ်။ မနောက အခုနှစ်အတွင်းမှာပဲ သူ့ရဲ့တေးရေးဆရာ တွေနဲ့ အတူ အတွဲစီးရီး တစ်ခွေ ထွက်လာမှာ ဖြစ် တယ်လို့လည်း သိရပါတယ်။ ဒီအကြောင်းကို မနောက “ကျွန်တော့်ကို ပင်တိုင်ရေးပေးတဲ့ သဟာအောင် အပါအဝင် အားလုံး တေးရေးဆရာ ၄ယောက်နဲ့ ကျွန်တော်နဲ့  ၅ယောက်တွဲ စီးရီးထွက်ဖို့ ရှိပါတယ်။ အဓိကကတော့ ကျွန်တော့်ရဲ့ ကန့်လန့်ကာ နောက် ကွယ်က သူရဲကောင်းတွေကို ရှေ့ကို ထုတ်ပြချင်တာပါ။ဒီအခွေကတော့ ဂီတ ပုံစံ ကိုသေချာဖန်တီးထားပါတယ်။ တေးရေးဆရာကလည်း လေးယောက်ဆို တော့ မတူတဲ့ ဂီတရသတွေ ခံစားရမှာပါ” လို့ မနောကပြောပြခဲ့ပါတယ်။
ရဲရဲ