Heineken Beer
Heineken Beer

ယှဉ်ပြိုင်ကြသည် ဆိုရာဝယ်

ယှဉ်ပြိုင်ကြသည် ဆိုရာဝယ်
October 16, 2017 Leanne Win

တော် သလင်းလ . . .။

နေပူချင်လျှင် အပြင်းထန်ဆုံး ပူတတ်သလို၊ မိုးရွာလေသော လရာ သီ။ လူများ၊ တိရစ္ဆာန်များ၊ မိုးမိထား သော ဂစ်တာတစ်လက်ကို အသံအ အကိုယ်စီဖြင့် မိုးထဲရေထဲ လျှောက် သွားနေကြ၏။ နေရောင်ခြည် ပြင်း ထန်စွာ ထိုးစိုက်ကျဆင်းတတ်သော နေ့များမှာတော့ နေလှန်းခံရသည့် ကျား၊ ရေများပမာ လမ်းမပေါ်တွင် ကော့လန်ကော့လန် လျှောက်လှမ်း သွားကြ၏။ ဈေးခွေးတစ်အုပ် ကြွပ်ကြွပ် အိတ်တစ်ထုပ်ကိုလုရင်း အချင်းချင်း သွားဖြဲမာန်ဖီနေကြ၏။ ကြွပ်ကြွပ် အိတ်ကား အနက်ရောင်ဖြစ်၏။ အထဲမှာ ဘာပါသလဲ ခန့်မှန်းကြည့် ရန် မလွယ်ကူ။ တစ်ခေတ် တစ်ခါ တုန်းက စတစ်ကာအနက် တပ်ထား သော ကားကြီးများကို ငေးကြည့်ရင်း အထဲမှာ ဘယ်သူပါလာသလဲ ခန့် မှန်း၍ မရသလိုမျိုးပင် ဖြစ်၏။ “စားစရာ တစ်ခုခုပါလို့ လုယက် နေကြတာ ဖြစ်မှာပဲ” ဟုသာ ယေဘု ယျ ကောက်ချက်ဆွဲနိုင်သည့် အနေ အထားဖြစ်၏။ ခွေး၏စားစရာဆို တော့ မစင်ထုပ်လည်း ဖြစ်ချင်ဖြစ်နေ နိုင်သည်ပင်။

ခွေးဆိုသော သတ္တဝါ ကား မစင်အတွက်လည်း အချင်းချင်း သွေးထွက်သံယိုဖြစ်အောင် ကိုက်ဖဲ့ တတ်သော သတ္တဝါမျိုးဖြစ်၏။  ခွေးသည်လူထက်ယုတ်နိမ့်သော သတ္တဝါဟု ဆိုသော်ငြားလည်း ခွေး ထံ၌ လူတို့အတုယူစရာ ၆မျိုး ရှိသည် ဟု စာဏကျနီတိပျို့မှာ ဆိုထား၏။

ခွေးတို့ဟူသည်

(၁) အတည်တည်လျှင်၊ အမည်မရှား၊ အစာများကို သောက်စားနိုင်လျှင်း၊

 (၂) အစာသွင်းလည်း၊ ချက်ချင်းမျှ လွယ်၊ အနည်းငယ်မျှ၊ ဝမ်းဝယ် ရောက်က၊ နေနိုင်ကြ၏။

(၃) ခဏချင်းဝယ်၊ အိမ်ပျော်လွယ်၍

(၄) တစ်သွယ်မှတ်ရန်၊ အနိုးမြန်လျက်

(၅) ထက်သန်အားသစ်၊ အရှင်ကို ချစ်၏

(၆) စင်စစ်ရဲရင့်၊ ဤခြောက်ဆင့်ကို အသင့်ယူငယ်တတ်အောင်သင်လော့။ ခွေးသည် အစားအသောက်၊ မရွေးစားတတ်၏။ ဆီဦးထောပတ်၊ အမွန်အမြတ်များရလျှင်လည်း စား တတ်၏။ ထမင်းကြမ်း၊ ဟင်းကြမ်း များရလျှင်လည်း စားနိုင်၏။ နောက် ဆုံး ဘာမှမရလျှင် လူတို့စွန့်ပစ်ထား သော မစင်ကိုစား၍ ဝမ်းစာကိစ္စ ဖြေရှင်းနိုင်၏။ ဤနည်းကို လူတို့ အတုယူသင့်သည်ဟုဆိုရာတွင် “ငါ တို့က ဘာမျှစားစရာမရှိရင် ခွေးတွေ လို မစင်စားရမှာလား” ဟူ၍ ကတ်ဖိုး ကတ်ဖဲ့စကားတော့ မဆိုသင့်။

မိမိ နှင့်သင့်လျော်သော၊ မိမိအစွမ်းအစ ဖြင့် ရလွယ်သော အစားသောက်ကို ရလျှင် တင်းတိမ်ရောင့်ရဲနိုင်သည့် အမူအကျင့် ရင့်သန်အောင် ကြိုးစား ရန်ဟု ယူသင့်၏။ လောက၌ စာတစ်ပုဒ်ကိုဖြစ် စေ၊ လူတစ်ယောက်ကိုဖြစ်စေ၊ အပြစ်ရှာရန်၊ အဆိုးမြင်ရန်သည် အင်မတန် လွယ်ကူပါလေ၏။ သူ တစ်ပါးအပြစ်ကို ရှာဖွေပြီး အဆိုး မြင်ရန် အားထုတ်ရခြင်းသည် အကု သိုလ် ချောက်ကမ်းပါးထဲ ကျရောက် နိုင်ခြေများ၏။ ရှာရင်းဖွေရင်း ဒေါသဖြစ်လာတတ်၏။ ထိုဒေါသ သည် ချမ်းသာကင်းရာသို့ ပို့ဆောင် ပေးတတ်သည်ဟု မြတ်ဗုဒ္ဓ၏ အဘိ ဓမ္မာ၌ ဟြော>ွမက်ထားပါ၏။  သူတစ်ပါး၏ တော်တည့်မှန်သ မျှ၊ သူတစ်ပါး၏ ကောင်းကွက်ကို ရှာဖွေရသော အလုပ်ကြတော့ ခက်ခဲ ၏။ သူတစ်ပါး၏ တော်တည့်မှန်ကန် မှုနှင့် ကောင်းကွက်ကလေးများကို ရှာဖွေပြီး အကောင်းမြင်ရန် အား ထုတ်ရခြင်းသည် ကုသိုလ် တောင် တန်းပေါ် မပင်မပန်း တက်ရောက်ရ သည်နှင့် ပမာတူ၏။

ကောင်းကွက်ကို ရှာဖွေရင်း မေတ္တာတရားဖြစ်ရ၏။ မေတ္တာတရားသည် ချမ်းသာပေါများ ရာဆီသို့ ပို့ဆောင်တတ်၏ဟု မြတ် ဗုဒ္ဓ၏ အဘိဓမ္မာ၌ ဟောမြွက်ထား ပါ၏။ ကောင်းကွက်ကိုရှာ မေတ္တာပါ ပေတည်း။  ကျွန်တော်တို့သည် အကောင်း ကြိုက်ကြသူများဖြစ်ကြ၏။ အကောင်း တကာ့ အကောင်းဆုံးကိုသာ လိုချင် ကြ၏။ လမ်းဘေးက ငါးရာတန် စွပ် ကျယ်အင်္ကျီလေးတစ်ထည် ဝယ်လျင် တောင်မှ အပေါက်အပြဲ မပါသည့် အထည်ကောင်းရွေး၍ ဝယ်ယူတတ် ကြ၏။ သည်တော့ သံသရာနှင့်ချီ သော စိတ်နေစိတ် ထားကိုရွေးချယ် ရာ၌ စိတ်ထားကောင်းခြင်းဖြင့် အမြင် ကောင်းကိသာ ရွေးချယ်ရန် လိုအပ် ၏။ စာတစ်ပုဒ်တည်းကဖြစ်စေ၊ လူ တစ်ယောက်တည်းကဖြစ်စေ၊ အကောင်း ကိုသာ ရွေးချယ်ရယူနိုင်ရန် ကျွန်တော် တို့ ကြိုးစားရပေလိမ့်မည်။  ခွေးသည်အစာစားပြီးသော အခါ မျှတလွယ်ကြေညက်လွယ်၏။ ဤသည်လည်း အတုယူဖွယ်ပင်ဖြစ် ၏။ မည်သို့မည်ပုံ အတုယူမည်နည်း။ ကျွန်တော်တို့ ဘိုးဘေး၊ ရှေးမြန်မာ ကြီးများပြောခဲ့သော စကားတစ်ခွန်း ရှိ၏။

“ဝမ်းတစ်လုံးကောင်းရင် ခေါင်း မခဲဘူး”ဆိုသော စကားဖြစ်၏။ ကျွန်တော်တို့တစ်တွေ အလုပ်တစ်ခုခု ကို လုပ်ဆောင်ကြသည့်အခါ ဦးခေါင်း သုံးရ၏။ ဦးခေါင်းခဲနေလျှင်သော် လည်းကောင်း၊ မကြည်မလင် ဖြစ်နေ လျှင်သော်လည်းကောင်း အလုပ်လုပ် ရတာ အဆင်မပြေချေ။ အလုပ်မ တွင် ခရီးမရောက်ဖြစ်ကာ ကောင်း ကျိုးလိုရာဆန္ဒ မပြည့်စုံဘဲ ဖြစ်နေ တတ်၏။ ထိုအရေးကို သိမြင်သော ရှေးမြန်မာကြီးများသည် ဝမ်းသန့် စင်ရေးအတွက် ဆေးဝါးများ ဖော်စပ် သုံးစွဲခဲ့ကြ၏။ အစာကြေ ဆေး၊ ဝမ်း နှုတ်ဆေး စသည်များပင် ဖြစ်၏။  ခွေးသည် အစာအနည်းငယ်မျှ စားရရုံဖြင့် နေနိုင်၏။ သူ၏ဝမ်းစာထဲ ၌ အစာအနည်းငယ်မျှ ရှိနေလျှင် ဖြစ်၏။ ရှင်သန်နိုင်၏။ ကျွန်တော်တို့ သည် ဤအချက်ကို သတိပြုဆင်ခြင် ကာ အစားအသောက်ဆိုလျှင် ဗုံး ပေါလအော စားသောက်လိုမှုကို ထိန်းချုပ်နိုင်ပါ၏။  ခွေးသည် အိပ်လိုစိတ်ရှိက ခဏချင်း အိပ်ပျော်နိုင်၏။ နိုးထ သောအခါ၌လည်း လျင်မြန်စွာ နိုးထ နိုင်၏။

ကျွန်တော်တို့သည်ကား အိပ် လိုသော စိတ်ရှိသော်ငြားလည်း အိပ် မပျော်သောအဖြစ်မျိုး ကြုံတတ်၏။ တောင်တွေး၊ မြောက်တွေး ဝိတက် တွေများကာ အိပ်မပျော်ဘဲ အိပ်ရေး ပျက်တတ်ကြ၏။ အိပ်ရေးပျက်ပြီး ပင်ပန်းစွာအိပ်ပျော်သွားသောအခါ ရုတ်တရက် နိုးထရန် မလွယ်ကူ တော့ပေ။ နိုးထသော်လည်း မလန်း ဆန်းတော့ချေ။ =ညီတော်အာနန္ဒာ၏ တစ်သက် တာ မှတ်တမ်း+ ပြုစုသူ ဆရာကြီး ဝဏ္ဏသီရိကတော့ အိပ်ချိန်တန် အိပ်ပျော်စေရန်နှင့် နိုးထသောအခါ စိတ်ကြည်လင်လန်းဆန်းမှုရှိစေရန် မေတ္တာကမ္မဋ္ဌာန်း၊ အာနာပါနဿတိ တို့ကို ပွားများနိုင်သည်ဟု ပြောဖူး ပါ၏။  ပရိတ်၊ ပဋ္ဌာန်း၊ ဂုဏ်တော်၊ ဂါ ထာတော်များ စိတ်ဆိုစိတ်မှတ်ဖြင့် ရွတ်ဆိုခြင်းသည်လည်း ချမ်းသာစွာ အိပ်စက်နိုင်ရေးအတွက် အထောက် အကူပြုကြောင်း သိရှိရ၏။  ခွေးသည်အရှင်သခင်ကို ချစ် ၏။ သစ္စာရှိ၏။ ရဲရင့်၏။ ကျွန်တော် တို့လူဘောင်သည် တစ်ဦးတည်း ရပ် တည်၍ ရကောင်းသောနေရာမ ဟုတ်ပါ။ ကျွန်တော်တို့သည် ယခု ဘဝရော၊ နောင်ဘဝများမှာ အဆင် ပြေ ချောမွေ့စေရေးအတွက် အား ထုတ်ကြရပါ၏။

ထိုအခါမျိုးတွင် ကျွန်တော်တို့ထက် ဓနအား၊ ပညာ အား၊ အာဏာအား ပိုမိုကြီးမားသူတို့ ထံ မလွဲမသွေ ချဉ်းကပ်ကြရ၏။ သူ တို့အတွက် ကျွန်တော်တို့ တတ်စွမ်း သလောက် ဝန်ဆောင်မှုပေးကာ သူ တို့ထံမှ ကျေးဇူးတုံ့ပြန်မှုကို ခံစားကြ ရ၏။ ထိုသူတို့အပေါ် ကျွန်တော်တို့ က တာဝန်ကျေရမည်။ သစ္စာစောင့် သိရမည်သာဖြစ်၏။ လူ့ဘဝသက် တမ်းသည် အလွန်တို တောင်းလှ၏။ ပြဿနာများကတော့ များပြားလှ၏။ ထိုထိုပြဿနာများကို ဖြေရှင်းရာ၌ တွန့်ဆုတ်နေ၍ မရပါ။ ရှိသမျှ ပညာ အစွမ်းဖြင့် ရဲရဲရင့်ရင့် ဖြေရှင်းရမည် သာဖြစ်၏။  စာဏကျနီတိပျို့လာ အကြောင်း အရာများ တွေးနေခိုက် ခွေးချင်း ကိုက်သံများ ဆူညံစွာ ကြားလိုက် ရသဖြင့် အတွေးစပြတ်သွား၏။ လမ်းမပေါ် လှမ်းကြည့်လိုက်သော အခါ ခွေးအကောင် ၂ဝ ခန့် လုံး ထွေးနေကြသည်ကို တွေ့လိုက်ရ၏။ စောစောက မည်မျှပင် ပျော်ရွှင် ပေါင်းသင်းနေစေကာမူ အစားအ သောက်နှင့်ပတ်သက်သောအခါ ရန်သူတွေ ဖြစ်သွားကြ၏။

ဤအမူ အကျင့်ကတော့ မကောင်းပါ။  ကျွန်တောို့ လူ့သဘာဝ၌လည်း ထိုသဘောသဘာဝရှိ၏။ စောစော ပိုင်းတော့ မိမိတို့အချင်းချင်း သင့် တင့်နေကြ၏။ ပျော်ရွှင်ခင်မင်နေကြ ၏။ မိမိကသော်လည်းကောင်း၊ မိမိ မိတ်ဆွေသော်လည်းကောင်း ဘဝ တစ်ဆင့် မြင့်သွားသောအခါ မသင့် မတင့်ချင်တော့။ ပျော်ရွှင်မှုခင်မင်မှု တွေ ပျက်ပြယ်လာတတ်၏။ လူသား ချင်း တန်ဖိုးထားတတ်မှုများ လျော့ နည်းသွားတတ်၏။ ထိုအခါ ချမ်းသာ မှုပျောက်ဆုံးသွားတတ်၏။ လူသား ချင်း အတူတူဟုဆိုသော်ငြား သူ့ ကုသိုလ်ပါရမီ၊ သူ့ကြိုးစားအားထုတ် မှုနှင့် ကိုယ့်ကုသိုလ်ပါရမီ၊ ကိုယ့် ကြိုးစားအားထုတ်မှုတို့သည် မတူ ကြောင်း သတိမမူမိတတ်တော့ပေ။

ဤနေရာတွင် ကျွန်တော်တို့ အသင့် အတင့် နှလုံးသွင်းနိုင်ကြစေရန် ဆရာကြီး ဦးရွှေအောင်၏ စာတစ် ပိုဒ်ကို ကောက်နုတ်တင်ပြလိုက်ပါ၏။ ဓမ္မ၏အောင်ပွဲသာလျှင် ထာဝရ လူ့လောကတွင်လည်း ခန္ဓာငါး ပါး သက်ရှိလူသားချင်း တူသော် လည်း၊ သူ့ပါရမီနှင့်သူ၊ သူ့ဘုန်းကံနှင့် သူ၊ သည့်ရည်မှန်းချက် (အဓိကာရ) နှင့်သူ၊ တစ်ဦးနှင့်တစ်ဦး မတူကြ။ အချို့က ဘုရားဖြစ်၏။ အချို့သူက ပစ္စေကဗုဒ္ဓါဖြစ်၏။ အချို့သူက အဂ္ဂ သာဝကဖြစ်၏။ အချို့သူက ပကတိ သာဝကဖြစ်၏။ ဤကား လောကုတ္တ ရာဘက်မှ ဆိုခြင်းဖြစ်၏။  လောကီဘက်မှဆိုလျှင်လည်း အချို့သူက ဗြဟ္မာဖြစ်၏။ အချို့သူ က နတ်ဖြစ်၏။ အချို့သူက လူဖြစ် ၏။ လူတွင်လည်း မင်းဖြစ်သူက ဖြစ် ၏။ ကုန်သည်ဖြစ်သူက ဖြစ်၏။ ချမ်းသာသူက ချမ်းသာ၏။

ဆင်းရဲ သူက ဆင်းရဲ၏။ အနုပညာရှင်ဖြစ် သူက ဖြစ်၏။ အတတ်ပညာရှင်ဖြစ် သူက ဖြစ်၏။  ဤလောက၌ လူသားသည် မိမိ ဖြစ်ချင်သလို ဖြစ်နိုင်၏။ ဘုရားဖြစ် ချင်လျှင်လည်း ဘုရားဖြစ်အောင် ပါရမီတို့ကို ဖြည့်ရ၏။ ပါရမီမဖြည့် ဘဲ ဘုရားဖြစ်အောင် လုပ်၍မရ။ အကယ်၍အဓမ္မနည်းဖြင့် ဘုရားဖြစ် အောင် လုပ်လျှင်လည်း ယာယီဘု ရားသာဖြစ်ပေလိမ့်မည်။  သို့ရာတွင် ဓမ္မက လက်မခံ။ ဓမ္မဟူသည် ဤလောက၌ ဖြစ်စဉ် များ ကမောက်ကမ ဖြစ်ရလေအောင် ထိန်းချုပ်ထားသည့် နိယာမသ ဘောတည်း။ ထို့ကြောင့် ဓမ္မမထိန်း ချုပ်နိုင်မီ ကာလတိုင်အောင် အဓမ္မ က လွှမ်းမိုးချိန်အတွင်း၌မူ လောက ဖြစ်စဉ်တို့သည် အကြောင်းအကျိုး မဆီလျော်ဘဲ ဖြစ်ချင်သလို ဖြစ်နိုင် ပါ၏။ အဘယ်ကြောင့်ဆိုသော် အဓမ္မသည်လည်း ဓမ္မက သမုစ္ဆေ ဒပဟာန်ဖြင့် အမြစ်ပြတ် သတ်ဖြတ် နှိမ်နင်းခြင်း မခံရမီကာလအထိ စွမ်း အင်ထက်သော အင်အားတစ်မျိုး ဖြစ်သောကြောင့်ပင်ဖြစ်၏။

ဒေဝဒတ် လို အဓမ္မနည်းဖြင့် ဘုရားတောင် ဖြစ်အောင် လုပ်နိုင်သေးလျှင် ဤ လောက၌ အဓမ္မနည်းဖြင့် လုပ်နိုင် သောအရာ များစွာရှိ၏။  သို့ရာတွင် အဓမ္မနည်းဖြင့် ဖြစ် ပေါ်လာသော လောကဖြစ်စဉ် ဟူ သမျှသည် တစ်နေ့တွင် ဓမ္မထိန်း ချုပ်မှုအောက်၌ ဖရိုဖရဲပြိုကွဲ ပျက်စီး ရမည်သာဖြစ်၏။ အဓမ္မ၏ အောင်ပွဲ သည်ကား ယာယီ။ ဓမ္မ၏ အောင်ပွဲ သည်ကား ထာဝရ။

ဦးရွှေအောင် (မဟာဝိဇ္ဇာသက္ကတ)

ချမ်းသာကို ရှာဖွေခြင်းမှ ကျွန်တော်ကတော့ လူသားအ ချင်းချင်း ကိုယ့်ထက်တစ်ဆင့်မြင့် သွားသည်ကို မနာလိုစိတ်ဖြင့် လိုက် ၍မပြိုင်လိုပါ။ သူ့ပါရမီအလျောက် မြင့်မားသွားသည်ဟုသာ နှလုံးသွင်း လိုက်၏။ သူ၏အပြစ်တွေ လျှောက် ပြောခြင်းဖြင့်လည်း စိတ်ဆင်းရဲမှုကို မဝယ်ယူလိုပေ။ လူကြီးလူကောင်း ဆိုသည်မှာ ကိုယ့်အတွက်အသုံး လည်း မတည့်၊ တန်ဖိုးလည်း မရှိသူ အပေါ်၌ပင်လည်း လေးစားမှုထား တတ်သူမျိုးဖြစ်သည်ဟု ကျွန်တော်က ခံယူ၏။  အကယ်၍ ထိုထိုသော လူတစ် ဦးဦးနှင့် မဖြစ်မနေ ယှဉ်ပြိုင်ရတော့ မည်ဆိုလျှင်တောင် ဓမ္မနှင့်အညီ အဆင့်မြင့်မြင့် ယှဉ်ပြိုင်ပြီး ဓမ္မ၏ အောင်ပွဲမျိုးကိုသာ ရရှိလိုပါ၏။ သူတစ်ပါးအား အပုပ်ချမှရသော အဓမ္မ၏ အောင်ပွဲမျိုးကိုမူ ဘယ် သောအခါမျှ မရယူလို၊ မမက်မော လို၊ မပိုင်ဆိုင်လို။  ဤသို့လျှင် တော်သလင်း နေပူပူအခါတွင် ခွေးတစီစီ ရပ်ကွက်ကလေးထဲဝယ် ကျွန်တော်တွေးတောခဲ့မိပါသတည်း။

 အောင်မှူးဝေ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*