
ချစ်သူ သူရိယက စိတ်သဘောထား အလွန်ကောင်း တဲ့ သူဖြစ်သလို သူမအပေါ်ကိုလည်း တအားချစ်ကြောင်း ကို သရုပ်ဆောင်ဆုအိမ့်စံက “သူက စိတ်ထားလည်း ကောင်း တယ်။ ဆုဆု အပေါ်ကိုလည်း တအားဂရုစိုက်တယ်။ ဆုဆု ကိုလည်း တအားချစ်တယ်။ ဆုဆုလည်း သူ့ကိုချစ်တယ်။ အဓိကကတော့ ဆုဆုတို့က အနုပညာရှင်တွေ ဆို တော့လည်း တစ်ယောက်နဲ့တစ်ယောက် နား လည်ကြပါတယ်။ ဆုဆုကို သူနားလည်မှုတွေ ပေးသလို ဆုဆုလည်း သူ့ကို နားလည်မှုတွေ အများကြီးပေးထားပါတယ်။ အခုချိန်မှာတော့ ဆုဆုတို့ အနုပညာအလုပ် ကိစ္စတွေကို အဓိက အရင်လုပ်ပြီး သေချာပြီးဆို တော့မှ နှစ်ယောက် အနာဂတ် ခရီးကို ချပြသွားမှာပါ။ နှစ် ယောက်လုံးလည်းအကောင်း ဆုံး ကြိုးစားသွားမှာပါ”လို့ ပြောပါတယ်။
သူတို့ ချစ်သူနှစ်ဦး ချစ်သူ မဖြစ် ခင်က အတူရိုက်ကူးထားတဲ့ ဇာတ် ကားများ ထွက်လာဖို့ ရှိသလို နောက် ထပ်လည်းချစ်သူနှစ်ဦး ဇာတ်ကားများ အတူတူ ရိုက်ကူးသွားဖို့ရှိကြောင်းလည်း သိရပါတယ်။ ဇင်မာနွယ် ၊ ဓာတ်ပုံ-မင်းမင်းထွန်း