R ဇာနည်နဲ့သူ့ပရိသတ်တို့၏အလှူ

R ဇာနည်နဲ့သူ့ပရိသတ်တို့၏အလှူ
October 9, 2017 Leanne Win
R ဇာနည်နဲ့သူ့ပရိသတ်တို့၏အလှူ

 

အဆိုတော် R ဇာနည်နဲ့ သူ့ ပရိသတ်တွေ ဖြစ်ကြတဲ့We Love  Rဇာနည် အဖွဲ့ သားများက အောက် တိုဘာလ ၁ ရက်နေ့က ဟယ်ပင် ကလေးဆေးရုံမှာ နေ့လယ်စာထမင်း ဟင်းနဲ့ အလှူငွေများ လှူဒါန်းခဲ့ပါ တယ်။ဒီအလှူကတော့ We Love  Rဇာနည် Group ရဲ့ ပထမဆုံးအ ကြိမ်အလှူဖြစ်ပြီး နောက်ပိုင်းမှာ လည်း လစဉ် အဖွဲ့ အနေနဲ့ အလှူငွေ ကောက်ခံကာ လိုအပ်တဲ့နေရာတွေ မှာ လှူဒါန်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

“ကျွန်တော့်ကို အမြဲအားပေး လာခဲ့ကြတဲ့ ညီလေးတွေ၊ ညီမလေး တွေက သူတို့အနေနဲ့ အမြဲအား ပေးလာခဲ့သလို အမှတ်တရလေး လည်း ဖြစ်ချင်တာကြောင့် သူတို့တစ်လကို ၅ဝဝဝကျပ်စုပြီး ကောက်တယ်။ကျွန်တော် လည်း ထည့်ပါတယ်။အဲဒါ စုကြ တာ၅လ မြောက် မှာဒီအလှူ လေးလုပ် ဖြစ်တာ ပါ” လို့ Rဇာနည် က ပြောပါတယ်။

ဆက်လက်ပြီး R ဇာနည် အနေနဲ့ သူ့ကိုခုလို အားပေးချစ်ခင် ကြတဲ့ ပရိသတ်တွေရှိတဲ့အတွက် အတိုင်းမသိ ဝမ်းသာမိပြီး နောက် များမှာလည်း ပရိသတ်တွေနဲ့ အတူ အလှူတွေပြုလုပ်သွားချင်တယ် လို့ဆိုပါတယ်။ “ကိုယ့်ကိုချစ်ခင်ပြီး အတူတူ အလှူဒါနတွေ လုပ်ခွင့်ရ တဲ့အတွက် အတိုင်းမသိ ဝမ်းသာ ပါတယ်။ ဒီ ညီတွေ၊ ညီမတွေကလည်း ကျွန်တော်စပေါ်ကတည်းက အား ပေးလာကြသူ တွေပါပဲ။ သူတို့ကို ကျေးဇူးလည်း တင်ပါတယ်။ နောက် ပိုင်းတွေမှာ လည်း ဒီလိုအမှတ်တရ အလှူလေးတွေကပဲ ပါသွားမှာဆို တော့မကြာခဏ ကိုယ့်ပရိသတ်တွေနဲ့ အတူဆုံတွေ့ပြီး အလှူတွေလည်း လုပ်ဖြစ်မှာပါ”လို့ Rဇာနည်က ပြောပြပါတယ်။

ရဲရဲ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*