ကျောင်းပျော်ကြီး ကျွန်တော် (၄)

ကျောင်းပျော်ကြီး ကျွန်တော် (၄)
October 3, 2017 Leanne Win
ကျောင်းပျော်ကြီး ကျွန်တော် (၄)

ကန်တော်ကြီး မြူနီစီပယ်ကျောင်း 

ကန်တော်ကြီး မြူနီစီပယ်ကျောင်း  ၁၉၅၃ -၁၄ ပညာသင်နှစ်မှာ ကျွန်တော့်ပညာရေးခရီး ဆက်ရ သည်။ ကန်တော်ကြီးရပ်ကွက်တွင် ဖွင့်ထားသော မြူနီစီပယ်ကျောင်းမှာ  စတုတ္ထတန်းကျောင်းသားအဖြစ် ပညာဆက်သင်ရသည်။

ကန်တော်ကြီးရပ်ကွက်ဆိုသည် မှာ ယခုကန်တော်ကြီးမြေပဒေသာ နေရာတွင်ရှိသော ရပ်ကွက်ဖြစ်သည်။ သည်ဘက်မြေပဒေသာထိပ်မှ ဟိုဘက်တိရစ္ဆာန်ရုံဘက် ချိုးသည့် နေရာထိ ရပ်ကွက်ကြီးတစ်ခုအဖြစ် အိမ်ကလေးများ ပြည့်ကျပ်လျက်ရှိ သည်။ တိုင်းပြည်အခြေအနေကြောင့် ရန်ကုန်သို့ လာရောက်ခိုလှုံသူအများ စု နေထိုင်ရာ ဆင်းရဲသားရပ်ကွက် တစ်ခုဖြစ်သည်။ ကျွန်တော်တို့ ကျောင်းမှာ ဗဟန်း ၃လမ်းထိပ်နှင့် မျက်စောင်းထိုးလောက်၊ ဗဟန်းလမ်း မကြီး (ကမ္ဘာအေးဘုရားလမ်း)ပေါ် မှာရှိသည်။ ကျောင်းထိပ်မှာ ကျောင်း နာမည်ဆိုင်းဘုတ်ရှိသည်။

ဇွန်လကျောင်းစဖွင့်သည့်နေ့မှာ သူငယ်ချင်းမောင်စိန်ညွန့်နှင့်အတူ ‘အမ’ (ကျွန်တော့်မိခင်)နှင့် ကျွန်တော် တို့သားအမိ ကျောင်းကို လိုက်ခဲ့သည်။ ကျွန်တော့်ကို ကျောင်းအပ်ဖို့ဖြစ် သည်။ ကျောင်းအုပ်ဆရာကြီး၏ နာမည်မှာ ဦးဘသိန်းဟု သိရသည်။ ဆရာကြီး၏ စားပွဲရှေ့သို့ ရောက် သောအခါ အမက ကျောင်းအမည် ကြောင်း ဆရာကြီးကို ပြောပြသည်။ ဆရာကြီးက ‘ကျောင်းသားကြီးက အသက်ကြီးလှပါပြီကော၊ ဘယ်နှ တန်း နေမှာလဲ’ ဟုမေးတော့ ‘စတုတ္ထ တန်းတက်ချင်ပါတယ်’ဟု အမက ပြန် ဖြေရင်း အကျိုးအကြောင်း ရှင်းပြ သည်။ ဆရာကြီးက ‘ကျောင်းပြောင်း လက်မှတ်မပါဘူးဆိုတော့ ယာယီ လက်ခံထားမယ်လေ’ ဟု ပြောပြီး ကျွန်တော့်ကို စတုတ္ထတန်းမှာ သွား ထိုင်ဖို့ပြောသဖြင့် မောင်စိန်ညွန့်နှင့် အတူဝမ်းသာအားရလိုက်သွားပါသည်။

ကျောင်းကမြေစိုက် အဆောက် အအုံကလေးဖြစ်သည်။ ကျုံတန်းရွာ က မူလတန်းကျောင်းကဲ့သို့ပင် ကျောင်း သားများအတွက် စားပွဲကုလားထိုင် မရှိပါ။ ထိုင်စရာဖျာများ ခင်းထား သည်။ စတုတ္ထ တန်းက တစ်ဖက်စွန် မှာရှိသည်။ အတန်းရှေ့မှာ ဆရာ့ အတွက် စားပွဲကုလားထိုင်ရှိသည်။ အတန်းပိုင်ဆရာကြီးမှာ အသက် တော်တော်ကြီးနေပါပြီ။ ဆရာကြီး ဦးတင်ဟု သိရသည်။ ကျောင်းအုပ် ဆရာကြီး ရေးပေးလိုက်သော ‘ယာယီ လက်ခံထားပါ’ ဆိုသည့် စာတိုကလေး ကို ကြည့်ပြီး ဆရာကြီး ဦးတင်က ကျွန်တော့်ကို နေရာချပေးသည်။ မောင်စိန်နှင့်အတူတူ ထိုင်ရသည်။

ကျောင်းမတက်မီ အားလုံး ကျောင်းအုပ်ဆရာကြီးရုံးခန်းဘက်ရှိ ဘုရားစင်ကို အာရုံပြုပြီး ဘုရားရှိခိုး ရသည်။ ငါးပါးသီလယူ၊ မေတ္တာပို့၊ အမျှဝေရသည်။ ပြီးတော့ကိုယ့် အတန်း ကိုယ်ပြန်ထိုင်ရသည်။ ဆရာကြီး ဦး တင်က ဘာသာစုံသင်သည်။ မြန်မာ၊ သင်္ချာ၊ ရာဇဝင်၊ ပြည်သူ့နီတိ၊ ကျန်း မာခြင်း၊ ပထဝီဝင်၊ ဘာသာရပ်မျိုးစုံ သင်ကြားပေးသည်။ အတန်းအသီး သီးမှာ အတန်းပိုင် ဆရာ၊ ဆရာမ တစ်ယောက်စီက ဘာသာရပ်အားလုံး သင်ကြားပေးပါသည်။

ကျွန်တော့်ကို ယာယီလက်ခံ ထားခြင်းဖြစ်သည့်အတွက် ကျောင်း စာရင်းထဲမှာ နာမည်မပါသေးပါ။ အတန်းမစမီ နာမည်ခေါ်လျှင် အား လုံး မတ်တပ်ရပ်နေရသည်။ နာမည် အခေါ်ခံရသူက ‘ရှိပါတယ်ခင်ဗျား’၊ ‘ရှိပါတယ်ရှင့်’ဟု ထူးပြီးမှ ထိုင်ရသည်။ ကျွန်တော့်မှာ နာမည်မပါသည့် အတွက် နောက်ဆုံးတစ်ယောက် တည်း မတ်တပ်ရပ်နေရသည်ကို ၃ ရက်အကြာမှာ ဆရာကြီး သတိပြု မိသည့်အတွက် ကျောင်းအုပ် ဆရာ ကြီးဆီ လွှတ်ပြန်သည်။ ကျောင်းအုပ် ဆရာကြီးက ‘စတုတ္ထတန်းတွင် လက်ခံ ရန် သင့်၊ မသင့် စစ်ဆေးပါ’ ဟု စာတို ကလေး ရေးပေးလိုက်သည်။ ဆရာ ကြီးဦးတင်က ကျွန်တော့်ကို အနား ခေါ်ပြီး မြန်မာဖတ်စာစာအုပ်မှ သင် ခန်းစာတစ်ခုကို ဖတ်ခိုင်းသည်။ ၃ ကြောင်းလောက် ဖတ်ပြီးသောအခါ ‘တော်ပြီ’ဟု ပြော ပြီး ‘ဂဏန်းသင်္ချာ၊ အပေါင်းအနုတ် အမြှောက်အစား၊ တွက်တတ်သလား’ ဟုပြောသည်။ ‘တွက်တတ်ပါတယ် ဆရာကြီး’ ဟု ပြောသောအခါ စာရွက်တစ်ရွက်မှာ ‘သင့်လျော်ပါ သည်’ ဟုရေးပြီးဆရာ ကြီးဆီ လွှတ်ပြန်သည်။ ထိုအခါကျမှ ဆရာကြီးက ‘ကျောင်းဝင်နံပတ်တစ်ခု ရေးပေးပြီး စာရင်းသွင်းရန် စာတို ကလေးရေး ပေးလိုက်သည်။ ထိုအခါ ကျမှ ကျွန်တော့်မှာ တရားဝင် ကျောင်း သားဖြစ်ရပါတော့သည်။ ကျမှ ကျွန်တော့်မှာ တရားဝင် ကျောင်း သားဖြစ်ရပါတော့သည်။  ဆရာကြီးဦးတင်မှာ ထိုအချိန် က အသက် ၅ဝ ကျော်နေပါပြီ။ ယောဂီရောင်ပုဆိုးကို အမြဲလိုလို ဝတ်လေ့ရှိသည်။ စာအသင်အပြ အလွန်ကောင်းသည်။ မြန်မာဖတ်စာ သင်ခန်းစာများကို မှတ်မိလွယ်အောင် သင်သည်။ ရာဇဝင်ကို ပုံပြောသလို ပြောပြီးသင်သည်။ ပထဝီဝင် သင် လျှင် ရောင်စုံမြေပုံများဖြင့် မြန်မာ ပြည်မြေပုံ၊ ကမ္ဘာ့မြေပုံများ သင်ပုန်း ပေါ်မှာ ရေးဆွဲပြီး ရှင်းပြသည်။ သင်္ချာသင်ရာတွင် အလွန် ရှင်းလင်း သဖြင့် အလွယ်တကူ နားလည်သွားပါ သည်။ ဆရာကြီးက ဘာသာရပ် အသီးသီးသင်ပြီးတိုင်း လေ့ကျင့်ခန်း မေးခွန်းများပေး၍ ဖြေခိုင်းပါသည်။ စာစီစာကုံးများ လည်း ရေးရပါသည်။

ဆရာကြီးသည် ပုံမှန်သင်ရ သောကျောင်းသင်ခန်းစာများအပြင် ဗုဒ္ဓစာပေများကိုလည်း သင်ကြား ပေးပါသည်။ နေ့လယ်ကျောင်းအား လပ်ချိန်တွင် ဆရာကြီးနှင့် သက်တူ ရွယ်တူဦးကြီးများ ကျောင်းသို့လာ၍ ဆရာကြီးနှင့် တရားစကားဆွေးနွေး လေ့ရှိကြပါသည်။ ဆရာကြီးသည် ထို အချိန်ကပင် တရားဘက်သို့ များစွာ အာရုံတိမ်းညွတ်နေပါပြီ။ ကျွန်တော် တို့ကို အခြေခံဗုဒ္ဓဘာသာဆိုင်ရာ သိ ကောင်းစရာများကို အချိန်ယူ၍ သင် ကြားပေးသည်။ ဘုရား၊ တရား၊ သံဃာ၊ ရတနာသုံးပါး၏ ဂုဏ်တော် များ၊ ငါးပါး၊ ရှစ်ပါး၊ ကိုးပါးသီလ များ၊ မဂ်ဖိုလ်နိဗ္ဗာန်အကြောင်း စသည်တို့ကို သရုပ်နှင့်တကွ နား လည်အောင်သင်ကြားပေးသည်။ ဝိုင် အမ်ဘီအေအသင်းက နှစ်စဉ် ကျင်းပ သော မင်္ဂလာစာမေးပွဲကို ဝင်ဖြေ ခိုင်းသည်။ ပရိယတ္တိစာမေးပွဲလည်း ဝင်ဖြေရသည်။ ဆရာကြီးသင်ကြား ပေးသည့် ကျေးဇူးကြောင့် ထိုစာမေး ပွဲများကို ကောင်းစွာဖြေဆိုနိုင်ပြီး အောင်လက်မှတ်များ ရခဲ့ပါသည်။

မသင်မီ ဆရာကြီး နိဒါန်းပျိုး ပုံမှာလည်း စိတ်ဝင်စားစရာ ကောင်း သည်။ ‘ညကငါ အိပ်မက်မက်တယ်။ အိပ်မက်ထဲမှာ ပုဂ္ဂိုလ်တစ်ယောက် ရောက်လာပြီး ကလေးတွေကို ဘုရား ဂုဏ်တော်၉ပါး၊ နင်သင်ပေးပြီးပြီ။ တရားဂုဏ်တော် ၆ ပါး ဆက်မသင် သေးဘူးလားလို့ ပြောသွားတယ်။ ကဲ အခုတရားဂုဏ်တော်တွေ သင်ပေး မယ်’ဟု နိဒါန်းပျိုးပြီး ဆက်သင်သည်။ တပည့်များကို လိမ္မာစေလိုသော စေတနာဖြင့် ကြိုးကြီးစားစား သင် ပေးသော ဆရာကြီးဦးတင်၏ ပြောပုံ ဆိုပုံကို ယခုတိုင်မြင်အောင် ကြား ယောင်နေပါသည်။

ဆရာကြီးသင်ပေးသည့် ဂဏန်း သင်္ချာ၊ အခြေခံနှင့်ပတ်သက်၍ အမှတ် တရဖြစ်ရပ်ကလေးတစ်ခု ရှိပါသည်။ တစ်နေ့တွင် ဆရာကြီးဦးတင်က ကျွန်တော့်ကို မေးခွန်းလွှာတစ်ခု ပေး ပြီး ‘နင် ဒီပုစ္ဆာတွေ ရသလောက် တွက် ကြည့်စမ်း’ ဟု ခိုင်းသည်။ ကျွန်တော် က တွက်ကြည့်ရာ ရှေ့ဆုံးက ပုစ္ဆာ၂ ပုဒ်ကို တွက်တတ်သည်။ နောက်ပုစ္ဆာ တွေတော့ မတွက်တတ်ပါ။ ဆရာကြီး ကို သွားပြတော့ ဆရာကြီးက စစ် ကြည့်ပြီး အမှတ် ၄ဝ ရတယ်ကွ။ ‘နင် အောင်တယ်’ ဟု ပြောသည်။ ပြီးတော့ မှ ထိုမေးခွန်းလွှာမှာ ထိုနေ့က စစ် မေးသော တက္ကသိုလ်ဝင်တန်း သင်္ချာ ၁၊ မေးခွန်းလွှာဖြစ်ကြောင်း သိရပါ သည်။ တတိယတန်း အတန်းပိုင် ဆရာ၊ ဆရာကလေး ဦးထူးတင်သည် ထိုနေ့က ဆယ်တန်းစာမေးပွဲဖြေပြီး ပြန်လာရာ ဆရာကြီးက ထိုမေးခွန်း လွှာကိုယူပြီး ကျွန်တော့်ကိုတွက်ခိုင်း ခြင်းဖြစ်သည်။ မေးခွန်းနံပါတ် ၁နှင့် ၂မှာ စာသား မပါဘဲ သင်္ချာဂဏန်း တွေ ချည်းပါသော ပုစ္ဆာဖြစ်ရာ ထို ပုစ္ဆာ ၂ပုဒ်ကို မှန်အာင် ကျွန်တော် တွက်နိုင်ခြင်း ဖြစ်သည်။ ဆရာကြီးက ကျွန်တော့် သင်္ချာကိုယ်ခံကို စမ်းသပ် ကြည့်ခြင်း ဖြစ်ပါလိမ့်မည်။ စတုတ္ထ တန်းကျောင်းသားတစ်ယောက်အနေ နှင့် ဆယ်တန်းသင်္ချာမေးခွန်းကို အောင်မှတ်ရအောင် တွက်နိုင်သည်။ သင်္ချာ အခြေခံပညာကို သင်ပေးသော ဆရာကြီး၏ အဆင့်အတန်းကို သိ နိုင်လောက်ပါသည်။

နေ့လယ်ကျောင်းလွှတ်ချိန်တွင် ကျောင်းသားကျောင်းသူတွေ ပျော် ပျော်ရွှင်ရွှင် ကစားသည်ကို ဆရာကြီး က အားပေးသည်။ အတန်းများမှာ ယောက်ျားကလေးများနှင့် မိန်း ကလေးများ ရောထားသည့်အတွက် အချင်းချင်း ခင်မင်ကြပါသည်။ ကျောင်း မှာ ဆွမ်းတော်ကြီး ကပ်လှူပွဲလုပ်ရာ ရပ်ကွက်ထဲက အလှူရှင်များ စည် စည်ကားကား လာရောက်ကြသည်။ ကျွန်တော်တို့ ကျောင်းသားတစ်စုက ကျောင်းမှာညအိပ်ပြီး ကူညီဆောင် ရွက်ကြသည်။ မနက်မိုးလင်းချင်း ဆရာကြီးဦးတင် ရောက်လာပြီး မုန့် များ၊ သစ်သီးများကို ညအိပ်သည့် ကျောင်းသားများအားလုံးကို ဝေငှ ပေးသည်။ ကျွန်တော်တို့မှာ မုန့်တွေ၊ သစ်သီးတွေပွေ့ပိုက်ပြီးအိမ်ကိုတပျော် တပါးပြန်ကြသည်ကိုမှတ်မိနေပါသည်။

ဆရာကြီးသည် စာသင်ရင်း မှတ်သားစရာ ဗဟုသုတများကို ပြော ပြသည်။ သူငယ်စဉ်က ယိုးဒယား ‘ထိုင်း’ နိုင်ငံသို့ ရောက်ခဲ့ပုံ၊ ယိုးဒယား အမျိုးသမီးများ၊ လုံချည်ခါးတောင်း ကျိုက်ထားကြသည်ကို တွေ့ခဲ့ပုံ စ သည့်အကြောင်းအရာများ ဖြစ်သည်။ ဆရာကြီးသည် စာသင်ရင်း မှတ်သားစရာ ဗဟုသုတများကို ပြော ပြသည်။ သူငယ်စဉ်က ယိုးဒယား ‘ထိုင်း’နိုင်ငံသို့ ရောက်ခဲ့ပုံ၊ ယိုးဒယား အမျိုးသမီးများ၊ လုံချည်ခါးတောင်း ကျိုက်ထားကြသည်ကို တွေ့ခဲ့ပုံ စ သည့်အကြောင်းအရာများ ဖြစ်သည်။  ထိုအချိန်က ဆဋ္ဌသင်္ဂါယနာ တင်ရန် မဟာပါသဏ လိုဏ်ဂူတော် ကြီး တည်ဆောက်နေရာ အဖွဲ့ အစည်းများ၊ ကျောင်းသားများက အုတ်သယ်၊ ကျောက်သယ် လုပ်အား ကူကြသည်။ ကျွန်တော်တို့ကျောင်းက လည်း ကားတစ်စီးဖြင့် လုပ်အားပေး သွားဖို့ စီစဉ်ရာ မောင်စိန်ညွန့်နှင့် ကျွန်တော်တို့ တိုင်ပင်၍ သံချပ်ရေး ပီး သံချပ်တိုင်သည့်အဖွဲ့ဖြင့် သွားကြ သည်။ ‘ဆဋ္ဌသင်္ဂါယနာတင်ပွဲမှာ ကန်တော့ဖော်တွေ ထွက်ခဲ့ပါဟေ့၊ ကန်တော်ကြီးကျောင်းက မေတ္တာဝေ၊ ပေါင်းသဟာဆွေ မာကြပါစေသား’ စသည့်သံချပ်များဖြစ်သည်။

ကျောင်း အုပ်ဆရာကြီး ဦးဘသိန်းက ‘ကောင်း တယ်ဟေ့’ ဟု ချီးကျူးသည်။ ဆရာ ကြီး ဦးတင်ကလည်း ပြုံးနေပါသည်။ ကျွန်တော်တို့ ကျောက်ခဲသယ်ပြီး တပျော်တပါးလုပ်အားကူခဲ့ကြပါသည်။ ပီး သံချပ်တိုင်သည့်အဖွဲ့ဖြင့် သွားကြ သည်။ ‘ဆဋ္ဌသင်္ဂါယနာတင်ပွဲမှာ ကန်တော့ဖော်တွေ ထွက်ခဲ့ပါဟေ့၊ ကန်တော်ကြီးကျောင်းက မေတ္တာဝေ၊ ပေါင်းသဟာဆွေ မာကြပါစေသား’ စသည့်သံချပ်များဖြစ်သည်။ ကျောင်း အုပ်ဆရာကြီး ဦးဘသိန်းက ‘ကောင်း တယ်ဟေ့’ ဟု ချီးကျူးသည်။ ဆရာ ကြီး ဦးတင်ကလည်း ပြုံးနေပါသည်။ ကျွန်တော်တို့ ကျောက်ခဲသယ်ပြီး တပျော်တပါးလုပ်အားကူခဲ့ကြပါသည်။  ဆရာကြီးဦးတင်က ကျွန်တော် တို့ကို ‘နင်တို့ငါးတန်းရောက်ရင် အင်္ဂလိပ်စာသင်ရမှာ။ အခုစပြီး သင် ထား’ဟုပြောပြီး ကျွန်တော့်တို့ သူငယ်ချင်းတစ်စုကို အိမ်မှာခေါ်၍ အင်္ဂလိပ်စာသင်ပေးသည်။ ခြောက် ထပ်ကြီးဘုရားအနီး ရွှေဂုံတိုင်လမ်း မှာရှိသော ဆရာကြီးအိမ်သို့သွား ပြီး အင်္ဂလိပ်စာ သင်ရသည်။ ပိုက်ဆံ တစ်ပြားမှမပေးရသည့်အပြင် ဆရာ ကြီးက မုန့်များ၊ ငှက်ပျောသီးများပင် ကျွေးပါသေးသည်။ မုန့်ကျွေးပြီး စာ သင်ပေးသော ဆရာ့စေတနာ၊ ပြကွက် တစ်ခုဖြစ်ပါသည်။ ဆရာကြီး ဦးဘ သိန်း နေထိုင်သော လမ်း၅ဝ သို့ လည်း ကျွန်တော်တို့သွား ကန်တော့ ပါသည်။ ဆရာကြီးလည်း အလွန် သဘောကောင်းပါသည်။

စတုတ္ထတန်းကို ‘ရန်ကုန်မြူနီစီ ပယ်ပညာရေးအဖွဲ့’ က စစ်မေးသည်။ ရန်ကုန်ရှိကျောင်းအားလုံးကို တစ်ပြိုင် တည်း စစ်သော အစိုးရစစ် စာမေးပွဲ ဟု ခေါ်နိုင်ပါသည်။ ဖြေတော့ အခြား ကျောင်းမှာ သွားဖြေရသည်။ ထိုနှစ် က ကျွန်တော် တို့ကျောင်းက စတုတ္ထ တန်းအောင်သူ အားလုံး သင်္ချာဂုဏ် ထူးရကြသည်။ ကျွန်တော်က သင်္ချာ နှင့် ပထဝီဝင် ၂ ဘာသာဂုဏ်ထူးရပြီး ပထမအဆင့်ဖြင့် မြို့တော်ခန်းမမှာ ကျင်းပသော ဆုပေးပွဲကို တက်ပြီးဆု ယူရပါသေးသည်။ စတုတ္ထတန်းကို ‘ရန်ကုန်မြူနီစီ ပယ်ပညာရေးအဖွဲ့’က စစ်မေးသည်။ ရန်ကုန်ရှိကျောင်းအားလုံးကို တစ်ပြိုင် တည်း စစ်သော အစိုးရစစ် စာမေးပွဲ ဟု ခေါ်နိုင်ပါသည်။ ဖြေတော့ အခြား ကျောင်းမှာ သွားဖြေရသည်။ ထိုနှစ် က ကျွန်တော် တို့ကျောင်းက စတုတ္ထ တန်းအောင်သူ အားလုံး သင်္ချာဂုဏ် ထူးရကြသည်။

ကျွန်တော်က သင်္ချာ နှင့် ပထဝီဝင် ၂ ဘာသာဂုဏ်ထူးရပြီး ပထမအဆင့်ဖြင့် မြို့တော်ခန်းမမှာ ကျင်းပသော ဆုပေးပွဲကို တက်ပြီးဆု ယူရပါသေးသည်။  ကန်တော်ကြီး မြူနီစီပယ်ကျောင်း မှာ ကျွန်တော်တစ်နှစ်သာ တက်ခဲ့ရ သော်လည်း ကျွန်တော့်အတွက် အမှတ်တရ ဖြစ်စရာများစွာ ရှိပါ သည်။ ဆရာကြီးဦးတင် သင်ကြား ပေးသော ဘာသာရပ် အခြေခံများ ခိုင်မာလှသည့်အတွက် နောက်အတန်း များမှာ ချောချောမွေ့မွေ့ဆက်ပြီး ပညာသင်နိုင်ခဲ့ပါသည်။  မှတ်မှတ်ရရဆိုရလျှင် ထိုစဉ်က ကျွန်တော်နှင့်အတူတူ ကျောင်းတက် ခဲ့သော ‘ဒေါ်တင်လှ’ နှင့် ‘ဒေါ်မြကြင်’ဆိုသည့် သူငယ်ချင်း ၂ ယောက်မှာ အသက် ၇ဝကျော်အရွယ် ‘အဘွား’များ အဖြစ် ယခုတိုင် ကျွန်တော်နှင့် အဆက် အသွယ် ရှိပါသေးသည်။ ကျွန်တော် လည်း အသက် ၇ဝပဲ တော်တော်စွန်း နေပါပြီ။

မောင်ခင်မင်(ဓနုဖြူ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*