ဝေဖန်ကြတဲ့သူတွေကို ဘာမှမတုံ့ပြန်ချင်ပါဘူး ညီမရဲ့စိတ်ကိုပဲ အဖြူစင်ဆုံး ထားပါတယ်…. Miss Grand Myanmar 2017 အလှမယ်အေးချမ်းမိုး

ဝေဖန်ကြတဲ့သူတွေကို ဘာမှမတုံ့ပြန်ချင်ပါဘူး ညီမရဲ့စိတ်ကိုပဲ အဖြူစင်ဆုံး ထားပါတယ်…. Miss Grand Myanmar 2017 အလှမယ်အေးချမ်းမိုး
October 2, 2017 Leanne Win
ဝေဖန်ကြတဲ့သူတွေကို ဘာမှမတုံ့ပြန်ချင်ပါဘူး ညီမရဲ့စိတ်ကိုပဲ အဖြူစင်ဆုံး ထားပါတယ်…. Miss Grand Myanmar 2017 အလှမယ်အေးချမ်းမိုး

6th Miss Universe Myanmar Congratulations Party မှာ National Director ဖြစ်သူ ဒေါ်စိုးယုဝေက Miss Grand Myanmar အဖြစ် ရွေးချယ်လိုက်ကြောင်း ကြေညာခဲ့တဲ့အတွက် အံ့အားသင့်​ခဲ့ရကြောင်း အလှမယ်အေးချမ်းမိုးက ပြောပါတယ်။


”ညီမအခုအချိန်ထိတောင် ရင်တုန်နေတုန်းပါပဲ။ ကိုယ့် ကိုယ်ကိုယ်လည်း မမျှော်လင့်ထားပါဘူး။ ဒီနေ့မှာ surprise လုပ်လိုက်တဲ့အတွက် စိတ်ထဲမှာ ရှော့ခ် ဖြစ် သွားတယ်။ ၀မ်းနည်း ၀မ်းသာပေါ့။” လို့ပြောပါတယ်။ 

Organizationဘက် ကသူ့ကို ယုံကြည်ပြီး စေလွှတ်တဲ့အတွက် အချိန်အရှိတဲ့ကြားကပဲ ယုံကြည်မှုရှိရှိနဲ့ အကောင်းဆုံး ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း ပြောပါတယ်။
Miss Grand Myanmar 2017 သရဖူရုပ်သိမ်းခံရတဲ့အလှမယ် ရွှေအိမ်စည် အပေါ်ကိုရော ဘာများပြောချင်ပါသလဲလို့ မေးတော့…

”ညီမအနေနဲ့ ဘာမှပြောစရာစကားမရှိပါဘူး။ ညီမလည်း ဒီကိစ္စ တွေကို သေချာလည်း မသိဘူး။ အခုမှ ဒီနေ့ပွဲမှာ organization က မစိုးယုဝေက ကြေညာလိုက်တဲ့အတွက် ညီမကို လွှဲပြောင်းပေးလိုက်တယ်။ Organization ကတာဝန်ပေးတဲ့အတွက် တာဝန်ကျေကျေနဲ့သွားချင်ပါတယ်။”လို့ပြောပါတယ်။

မြန်​မာနိုင်​ငံအတွက်မျက်နှာမငယ်အောင် ကြိုးစားခဲ့ပါမယ်ဆိုတဲ့ အလှမယ်အေးချမ်းမိုးက.. ..”အခက်​အခဲ ကြားက သွားရောက်ယှဉ်ပြိုင် တာဖြစ်တဲ့အတွက် ညီမဆီမှာ အခက်အခဲတွေအများကြီး ရှိပါတယ်​။ အခက်အခဲတွေကြားက ညီမကို အားပေးတဲ့ပရိသတ်တွေလည်း ဆက်ပြီး အားပေးပေးပါ။ ကိုယ့်နိုင်ငံကို မျက်နှာ မငယ်ရအောင် ညီမတတ်စွမ်းသလောက် အစွမ်းကုန် ကြိုးစားပါ့မယ်။ နိုင်​ငံတကာစင်မြင့်ကတော့ ညီမတို့ မြန်မာနိုင်ငံကစင်မြင့်နဲ့ ပုံစံမတူဘူးပေါ့။ အလှမယ်တွေအများကြီး ရှိတဲ့အတွက် အလှမယ်တွေနဲ့တန်းတူ အကောင်းဆုံး ကြိုးစားမယ်ဆိုတာကိုတော့ ကတိပေးချင်ပါတယ်။ ” လို့ပြောပါတယ်။

ဝေဖန်နေကြတဲ့ သူတွေကို အပြစ်မပြောချင်ဘဲ အဖြူစင်ဆုံးစိတ်ပဲထားသွားမယ်ဆိုတဲ့ အလှမယ် အေးချမ်းမိုးက.. .

‘ညီမတို့ အနုပညာရှင်တွေကတော့ ကောင်းတာပြောခံရတာရှိသလို ဝေဖန်တိုက်ခိုက်ခံရတာတွေလည်း ရှိမှာပါပဲ။ ပြိုင်ပွဲတွေမှ မဟုတ်ပါဘူး။ အပြင်လောကမှာ ကျင်လည်နေကြတဲ့ အနုပညာအသိုင်းအ၀ိုင်းက အနုပညာရှင် တွေလည်း ကြုံတွေ့နေရတဲ့ အရာတစ်ခုပါ။ သူတို့ကို ဘာမှမတုံ့ပြန်ချင်ပါဘူး။ ကိုယ့်ရဲ့ စိတ်ရင်းကပဲ ဖြူဖြူစင်စင်လေးထားချင်ပါတယ်။ အပြစ်ပြောတဲ့သူတွေကိုလည်း ဘာမှ အပြစ်မပြောချင်ပါဘူး။ ညီမအားလုံးကို အဖြူစင်ဆုံးစိတ်ထားတယ်။ အားလုံးကလည်း ညီမကို အပြစ်မမြင်ပဲနဲ့ အကောင်းဆုံး ပံ့ပိုးပေးနိုင်မယ်လို့ ယုံကြည်ပါတယ်” လို့ပြောပါတယ်။

Photo – Studio De Invictus

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*