အိမ်ထောင်ပြုဖို့ စဉ်းစားတော့မှာလား ၀တ်မှုန်ရွှေရည်

အိမ်ထောင်ပြုဖို့ စဉ်းစားတော့မှာလား ၀တ်မှုန်ရွှေရည်
October 2, 2017 Leanne Win

ဝတ်မှုံရွှေရည်က ဒီနှစ်ထဲမှာ အသက် ၂၉နှစ်ပြည့် သွားပြီလည်းဖြစ်ပါတယ်။ဒါ့ကြောင့် အိမ်ထောင် ပြုဖို့ မစဉ်းစား သေးဘူးလားလို့ မေးကြည့်တော့ ………………

“အိမ်ထောင်ပြုဖို့က ကစ်ကို ခဏခဏ စကြတယ်။ အချိန်တန်ရင် ပြုမှာပေါ့။ အဲဒီလိုကြီးတော့ မစဉ်းစားသေးဘူး။ အလုပ်ပဲ လုပ်ချင်သေးတယ်။ ပရိသတ်တွေကလည်း မယူစေချင်သေးဘူး ထင်တယ်။ တစ်ချိန်လုံး ယူမှာကြောက်နေကြတယ်။ ဘယ် တော့လောက်မှ ယူမယ်ဆိုတာမျိုး Plan ချထားတာမရှိပါဘူး။ အချိန် တန်ရင်တော့ ဖြစ်လာမှာပေါ့။ ချစ်သူဆိုတာကလည်းပြောဖို့က စောပါသေးတယ်။ ပြောလိုက်လို့ရှိရင်လည်း ဘယ်အရာမှ မမြဲဘူးလေ။ Public မှာ ကိုယ်က ပြောလိုက်ပြီးတော့ အဆင်မပြေလို့ တစ်ခုခုဖြစ်သွားမယ် ဆိုတာလည်း ရှိတယ်လေ။ ပြောဖို့က စောသေးတယ်ပြောရမှာပေါ့ လေ”လို့ သူကဖြေသွားခဲ့ပါတယ်။

 ငယ်ငယ်လေးကတည်းက ပျားတုတ်မခံရခဲ့ဖူးတဲ့  ဝတ်မှုံရွှေရည်က ဂျပန်နိုင်ငံမှာ ‘ဇာတိမြေ’ ရုပ်ရှင်ဇာတ်ကား သွားရောက်ရိုက်ကူးတုန်းက ပျားတုတ်ခံခဲ့ရတာကတော့ သူ့အတွက် အမှတ်တရတစ်ခုပါပဲလို့ ပြောပါတယ်။ တွဲဖက်သရုပ်ဆောင်တဲ့ မိုရီဆာကီ ဝင်း နဲ့ပတ်သက် ပြီးလည်း  “သူက အလုပ်လုပ်လို့ ကောင်းတယ်။ သဘောကောင်းတယ်။  သရုပ် ဆောင် တာလည်း မကြောင်ဘူး။ ဇာတ်ကားတွေလည်း အများကြီးရိုက်ကူးခဲ့ဖူးတာ မဟုတ်ဘူးလေ။ သူသရုပ်ဆောင်တာ သဘာဝကျပါတယ်” လို့ သူကပြောပါတယ်။

ဝတ်မှုံရွှေရည်က လတ်တလောမှာHearty Heart ကြော်ငြာကို ရိုက်ကူးနေပြီး ဒီကြော်ငြာမှာ သူ့ရဲ့ ညီမဖြစ်သူ နဒီရွှေရည် လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဂျပန်နိုင်ငံမှာ သွားရောက် ပြီးတော့ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးတဲ့အခါ ဂျပန်လူမျိုးတွေနဲ့ အတူတွဲ အလုပ်လုပ်ရာမှ အတုယူစရာများ ရရှိခဲ့ပုံအကြောင်း ဝတ်မှုံရွှေရည်က  “ဂျပန်လူမျိုးတွေက တအား အလုပ်လုပ်တာ။ အလုပ်မှအလုပ်ပဲ။ ရှုတင်မှာသူတို့ရယ်တာ တစ်ခါမှမ တွေ့ရဘူး။ သူတို့က တော်တော်တော့တိကျ တယ်။ သူတို့ဆီက ကောင်းတာတွေ ရတယ်။အတု ယူစရာရှိတာတွေ လည်း ယူဖြစ်တာပေါ့။ ကစ် အတွက် ဂျပန်စကားက ခက်တယ်လို့ ခံစားရ ပါတယ်” လို့ ပြောပါတယ်။

  ခိုင်ဝေလွင်

ဓာတ်ပုံ- မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*