မိုးရွာသော နေ့တစ်နေ့

မိုးရွာသော နေ့တစ်နေ့
October 2, 2017 Leanne Win

 

မိုး တဖွဲဖွဲရွာသွန်းနေသည်ကို ကျွန်တော်အခန်း ကလေး ထဲမှ မြင်နေရသည်။ သေ သေချာချာကြည့်လျှင် မိုးစက်မိုး ပေါက် မှုန်မှုန်ကလေးများ အဆက် မပြတ် ကျဆင်းနေသည်ကို အဖြူ ရောင်မျဉ်းကြောင်းကလေးများ သဖွယ် မြင်တွေ့နိုင်သည်။ မိုးက တစိမ့်စိမ့်ရွာသွန်းနေလျက်ပင်။ မနေ့ ညက ကျွန်တော်အိပ်ရာဝင်တော့ မိုး ပေါက်တစ်ပေါက်နှစ်ပေါက် ကျဆင်း နေသံကို ကြားရသည်။ မိုးအေးအေး ညထဲမှာ ကျွန်တော်အိပ်ပျော်သွား သည်။ ယနေ့နံနက်မိုးလင်းတော့ မိုး စက်မိုးမှုန်ကလေးများ ကျဆင်း ကာ တစိမ့်စိမ့်ရွာသွန်းနေသည်ကို တွေ့ရ သည်။ ကျွန်တော်သည် အခန်းက လေးထဲမှ အပြင်ကိုလှမ်းကြည့်မိ သည်။

ဟိုးဘက်အိမ်ဝင်းအတွင်းမှ ပိတောက်ပင်ကြီး မိုးရေထဲမှာ စိမ်း စိုလန်းဆန်းနေသည်ကို မြင်ရ သည်။ ပိတောက်ရွက် စိမ်းစိမ်းများ ထဲတွင် ပိတောက်သီးဝါဝါကလေး များကို တွေ့ရသည်။ ဝါဆိုလထဲသို့ ရောက်ခဲ့ပြီဖြစ်ရာ တန်ခူးလက ပွင့် ခဲ့သော  ပိတောက်ပန်းများနေရာတွင် ပိ တောက်တို့ သီးချေပြီ။ မိုးကတစိမ့် စိမ့် ရွာသွန်းနေလျက်ပင်။ ကျွန်တော် ထိုင်နေသော အခန်းကလေးထဲမှာ လှမ်း၍ကြည့်လိုက်လျှင် ဝင်းထရံ စည်းရိုး၌ လှန်းထားသော အဝတ် များကိုတွေ့ရသည်။ အဝတ်များသည် မိုးရေထဲ၌ စိုစွတ်နေကြသည်။ ကျွန်တော့်အခန်းကလေးမှ ရှေ့ဘက် သို့ ထွက်ရာလမ်းကြားကလေးကို အုတ်နီခဲအကျိုးအပဲ့များနှင့် ထိုးထိုး ထောင်ထောင် တွေ့ရသည်။ ထိုလမ်း ကြားကလေးမှာလည်း မိုးရေတို့ စိုစွတ်နေသည်။ စိုစွတ်နေသော ထို လမ်းကြားကလေးကိုဖြတ်ကာ ခွေး တစ်ကောင်သည် ကျွန်တော်နေထိုင် ရာ အခန်းတံခါးပေါက်သို့ လာရပ် သည်။ ကျွန်တော်နေထိုင်သည့် အခန်းကလေးသို့ သူသည်ဦးခေါင်း ကို မော့ကာ ကြည့်လေသည်။ သူ သည် ခဏမျှမော့ကြည်ပြီး မိုးရေထဲ သို့ ဆက်လက်ထွက်ခွာသွားလေ သည်။ စိမ့် ရွာသွန်းနေလျက်ပင်။ ကျွန်တော် ထိုင်နေသော အခန်းကလေးထဲမှာ လှမ်း၍ကြည့်လိုက်လျှင် ဝင်းထရံ စည်းရိုး၌ လှန်းထားသော အဝတ် များကိုတွေ့ရသည်။ အဝတ်များသည် မိုးရေထဲ၌ စိုစွတ်နေကြသည်။

ကျွန်တော့်အခန်းကလေးမှ ရှေ့ဘက် သို့ ထွက်ရာလမ်းကြားကလေးကို အုတ်နီခဲအကျိုးအပဲ့များနှင့် ထိုးထိုး ထောင်ထောင် တွေ့ရသည်။ ထိုလမ်း ကြားကလေးမှာလည်း မိုးရေတို့ စိုစွတ်နေသည်။ စိုစွတ်နေသော ထို လမ်းကြားကလေးကိုဖြတ်ကာ ခွေး တစ်ကောင်သည် ကျွန်တော်နေထိုင် ရာ အခန်းတံခါးပေါက်သို့ လာရပ် သည်။ ကျွန်တော်နေထိုင်သည့် အခန်းကလေးသို့ သူသည်ဦးခေါင်း ကို မော့ကာ ကြည့်လေသည်။ သူ သည် ခဏမျှမော့ကြည်ပြီး မိုးရေထဲ သို့ ဆက်လက်ထွက်ခွာသွားလေ သည်။

ကျွန်တော်သည် ခဏမျှငြိမ် သက်ကာ အခန်းကလေးထဲသို့ ဝေ့ ကာ ကြည့်မိပါတော့သည်။ အခန်းတံ ခါးဝတွင် ထောင်ထားသော ထီးတစ် လက်။ အသုံးမပြုသည်မှာ ကြာပြီဖြစ် သော မီးသွေးတစ်ထုပ်၊ အမှိုက်သိမ်း ဂေါ်၊ ကန့်လန့်ဖြတ်လဲကျနေသော သံထည်တစ်ခု။ အခြားစိတ်ဝင်စား စရာဘာမျှ သိပ်မရှိချေ။ စိုစွတ်နေ သော လမ်းကြားက လေကိုဖြတ်ကာ ကျွန်တော့်အခန်းပြတင်းပေါက် ရောက်လာပြီး ခေါင်းမော့ကြည့်ခဲ့ သော ခွေးတစ်ကောင်ကို ကျွန်တော် ပြန်လည်သတိရလာသည်။

သူသည် ခဏမျှသော အချိန်ပိုင်းကလေး၌ အခန်းတံခါးဝသို့ရောက်လာကာ ဦး ခေါင်းကိုမော့၍ ကြည့်သွားခဲ့သည်။ အခန်းဝတွင် ထောင်ထားသော ထီး တစ်လက်၊ အသုံးမပြုသည်မှာ ကြာ မြင့်ပြီဖြစ်သော မီးသွေးတစ်ထုပ်၊ အမှိုက်သိမ်းဂေါ်၊ ကန့်လန့်ဖြတ် လဲ ကျနေသော သံထည်တစ်ခု။ သူစိတ် ဝင်စားစရာမရှိပေ။ တစိမ့်စိမ့် ရွာ နေသော မိုးကိုကြည့်ရင်း အခန်းထဲ မှာ ကျွန်တော်ငြိမ်သက်နေသည်။ ကျွန်တော်ဖတ်လက်စ စာအုပ် တစ်အုပ်မှာ တံခါးပေါက်အနီးတွင် ဖရိုဖရဲကျရောက်နေသည်။ စိုစွတ် သော လမ်းကလေးသည် ငြိမ်သက် တိတ် ဆိတ်နေသည်။ ကျွန်တော်သည် ရေနွေးမတ်ခွက်ကို တစ်ကျိုက် သောက်လိုက်သည်။ ကိုယ်ခန္ဓာထဲ မှာနွေး၍ သွားသည်။ စောစောက ခွေးတစ်ကောင်သည် တစိမ့်စိမ့် မိုးထဲမှာ လျှောက်သွားကောင်း သွား နေလိမ့်မည်။ သို့မဟုတ် မိုးလွတ်ရာ တစ်နေရာရာကို ဝင်တိုး ရင်းငြိမ် သက်ကောင်း ငြိမ်သက်နေပေလိမ့် မည်။

နေမျိုး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*