လမင်းကဗျာ စီစဉ်နေတဲ့ တေးစီးရီးအကြောင်း

လမင်းကဗျာ စီစဉ်နေတဲ့ တေးစီးရီးအကြောင်း
September 29, 2017 Leanne Win
လမင်းကဗျာ စီစဉ်နေတဲ့ တေးစီးရီးအကြောင်း

သရုပ်ဆောင် လမင်းကဗျာက စက်တင်ဘာလ ၂ဝ ရက်နေ့မှာကျ ရောက်တဲ့ သူမရဲ့ ၂၇ နှစ်ပြည့် မွေးနေ့ကို အလှူအတန်းတွေပြုလုပ်ခဲ့ပါတယ်။ လမင်းကဗျာက ၂၇ နှစ် ပြည့်သွားပြီဖြစ်တဲ့အတွက် သူမရဲ့ ခံစားချက်ကိုလည်း အခုလို…

” မွေးနေ့က ၂၇ နှစ်ပြည့် မွေးနေ့ပါ။ မနက်ပိုင်းမှာ မျက်မမြင်ကျောင်းမှာ မနက်စာကျွေးမွေးတယ်။ ဘုရားမှာ ဆရာတော်ဘုရား နှင့် သက်ကြီးရွယ်အို တွေကို ကြက်ဆီထမင်းလှူတယ်။ ညဘက်မှ Birthday Party လုပ်ခဲ့တယ်။ အသက်အရွယ်က တစ်နှစ်ထက်တစ်နှစ်ကြီးလာတော့စိတ်တည်ငြိမ်လာတယ်။ ကိုယ့်ကိုယ်ကိုယ်တော့သိလာတယ်။ ငယ်ငယ်တုန်းကနဲ့တော့ စိတ်က တစ်ခြား စီဖြစ်လာတယ်။ အသက်ကြီးလာပြီဆိုတော့ အိမ်ထောင် ပြုဖို့လည်း သိပ် မလိုတော့ပါဘူး။ အနည်းဆုံးတစ်နှစ်ပေါ့” လို့ပြောပါ တယ်။

လတ်တလောအနုပညာ လော ကမှာ သရုပ်ဆောင်တွေက သရုပ် ဆောင် အလုပ် အပြင်သီချင်း ဖန်တီး မှုတွေ ပြုလုပ် လာတာကို လည်း တွေ့ရပါတယ်။ သီချင်း ဖန်တီး သူများထဲမှာ သရုပ်ဆောင် လမင်းကဗျာ လည်းပါဝင် နေပြီးသူမအနေနဲ့ သီချင်းဖန် တီးဖြစ်ရတဲ့အကြောင်းကတော့  “လမင်း ခရီးထွက်ဖို့ပြင်ဆင်နေပါ တယ်။ ၁၂ လပိုင်းကုန်လောက်ထွက် အခွေ ထွက်မှာပါ။ သီချင်းက ၁၁ပုဒ် လောက် ဖြစ် မယ်ထင်တယ်။ Title ကိုတော့မပေးရ သေး ဘူး။ တစ်ကိုယ်တော် အခွေဆိုတော့ ကိုယ် တစ်ယောက်ပဲလုပ်နေတယ်။ သီချင်း ခွေ ထုတ်ဖြစ်တာကနေနယ်ဘက်တွေက လမင်း သီချင်းဆိုဖို့ကမ်းလှမ်းကြတယ်။ အခု ဆိုလည်း နယ်ရှိုးပွဲတွေမှာ သီဆိုနေပါတယ်။ လမင်း ကကိုယ် ပိုင်သီချင်းလေးတွေကို ကိုယ့် ဘာသာ ကိုယ် ဖန်တီးနေတာပါ။ အခုက အခွေမထွက်တဲ့ အတွက်သူများသီချင်းလေးတွေ သီဆိုဖြစ် ပါတယ်။ သီချင်းအေးအေးလေးတွေပါပဲ။ Pop ချိုချို လေးတွေပဲ။ ပရိတ်သတ်ကြိုက်မယ့် အရာလေး တွေ လုပ်ထားပြီး Audio/ CD အနေနဲ့ အရင်ထွက်ရှိမှာ ပါ” လို့ဆိုပါတယ်။ သရုပ်ဆောင်လမင်းကဗျာက ပြေတီဦး၊ အိ ချောပိုတို့နဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူး ထားပြီး နယ်ရှိုးတွေလည်း သီဆိုဖို့ ရှိကြောင်းသိရ ပါတယ်။

ချယ်ရီ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*