Heineken Beer
Heineken Beer

ခင်ပွန်းဖြစ်သူ နေထက်လင်းနဲ့အတူ ဇာတ်လမ်းတွဲ တစ်ခုမှာ သရုပ်ဆောင်မယ့် စုဒါလီ

ခင်ပွန်းဖြစ်သူ နေထက်လင်းနဲ့အတူ ဇာတ်လမ်းတွဲ တစ်ခုမှာ သရုပ်ဆောင်မယ့် စုဒါလီ
September 29, 2017 Leanne Win

သရုပ်ဆောင် စုဒါလီကတော့ အနုပညာအလုပ်နဲ့ နှစ်ပေါင်း၂ဝခန့်လောက် ဝေးကွာနေပြီး အခုတစ်ဖန် အနုပညာ အလုပ်တွေ ကို ပြန်လည်လုပ်ကိုင် တော့ မှာဖြစ်ကြောင်း သိရပါတယ်။ မကြာခင်ရိုက်ကူးတော့ မယ့် ‘ကျွန်မချစ်တဲ့သူတွေ (သို့) မုန် တိုင်းကို ရင်ဆိုင်ခဲ့သူတွေ’ ရုပ်သံဇာတ်လမ်းတွဲမှာ သူ့ရဲ့ခင်ပွန်းအမျိုး သားဖြစ်တဲ့ သရုပ်ဆောင် နေထက် လင်းနဲ့ အတူ ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။  ဒီဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်မှာနဲ့ပတ်သက်ပြီး …

“အစ်မ ပထမဆုံး ပြန်လည်ရိုက်ကူးမယ့် ဒီဇာတ်လမ်းတွဲက ဖြစ်ရပ်မှန် ဇာတ်လမ်းလည်း ဖြစ်တယ်။ နောက် ပြီး နိုင်ငံရေးလည်း ပါတယ်ဆိုတော့ အစ်မအနေနဲ့ စာအုပ်တွေလည်း ဖတ်ရတယ်။ ကာရိုက်တာပိုင်းကို လည်း အများကြီး ပြင်ဆင်ထားပါတယ်။ပြောရမယ်ဆိုရင် နိုင်ငံရေး ဖြစ်ရပ်မှန် ဇာတ်ကားဖြစ်တဲ့အတွက် တာဝန်လည်း ကြီးပါတယ်။ အစ်မ ပထမဆုံး သရုပ်ဆောင်ခဲ့တာလည်း နိင်ငံရေး ဇာတ်ကားပါ။ နိုင်ငံရေး ဇာတ်ကား ရိုက် ကူးပြီးမင်းသမီးဖြစ်လာတာပေါ့။ အခုအနု ပညာလောက ပြန်လည်ဝင်ရောက်တော့မယ် ဆို တဲ့အချိန်မှာလည်း နိုင်ငံရေးဇာတ်ကားကို ပြန်လည်ရိုက်ကူးရတဲ့ အတွက် အစ်မအတွက်ကတော့ နိမိတ်ကောင်းပါတယ်” လို့ပြောခဲ့ပါတယ်။

  ဒီဇာတ်လမ်းတွဲ ရိုက်ကူးပြီး သွားရင် သရုပ်ဆောင်ဖို့ လာကမ်းလှမ်းလာခဲ့ရင် ကိုယ်နဲ့လိုက်ဖက်မယ့် ကာရိုက်တာတွေကို ရွေးချယ်ရိုက်ကူး သွားမှာလို့လည်း သူကပြောခဲ့ပါ တယ်။ သူမရဲ့ ခင်ပွန်းအမျိုးသား က လည်း အနုပညာ သမားတစ်ယောက် ဖြစ်တဲ့အတွက် တစ်ယောက်နဲ့တစ် ယောက် အနုပညာနဲ့ပတ်သက် ပြီးပံ့ ပိုးကူညီကြတာတွေ ရှိလားလိုမေးမြန်းခဲ့ရာ …

“အစ်မယောင်္ကျားကို အစ်မက ကာရိုက်တာပိုင်းအတွက် အဝတ် အစားတွေ အကုန်လိုက်လုပ်ပေးရ တာ ရှိသလို သူကိုယ်တိုင် စီစဉ်တာ လည်းရှိပါတယ်။ အစ်မအခုရိုက်ကူးမယ့် ဇာတ်လမ်းတွဲကိုလည်း သူကအရမ်း ရိုက်ကူးစေချင်တယ်။သူတိုက်တွန်း လို့လည်း ဒီဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ဖြစ်တာပါ။ တစ် ယောက်နဲ့ တစ်ယောက် အဲဒီလိုလေးတွေ ပံ့ပိုးကြတာတွေတော့ရှိပါတယ်” လို့ ပြောခဲ့ပါတယ်။

ဇော်ဝင်းအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*